အကယ်စင်စစ် အနန္တတန်ခိုးရှင်ထံမှ မြားတို့သည် ငါ့ကိုယ်၌စိုက်ဝင်လျက်ရှိ၏။ ငါ့စိတ်ဝိညာဉ်သည် ထိုမြားတို့၏အဆိပ်ရည်ကို သောက်သုံးနေရ၏။ ဘုရားသခင်ထံမှ ကြောက်မက်ဖွယ်ရာတို့သည် ငါ့ရှေ့၌ တန်းစီလျက်ရှိ၏။
ဆာလံ 7:13 - မြန်မာ့စံမီသမ္မာကျမ်း သေစေတတ်သောလက်နက်တို့ကိုလည်း ထိုသူအတွက်ပြင်ဆင်၍ မီးမြားတို့ကို ပြင်ဆင်ထားတော်မူမည်။ Common Language Bible သေစေတတ်သောလက်နက်များကိုကိုင်ဆောင်တော်မူ၍ မီးလျှံထသည့်မြားတော်ကိုချိန်ရွယ်တော်မူ၏။ Garrad Bible ထို သူ့ အား၊ မီး မြှား တော် များ ကို ပြင် ဆင် လျက်၊ သေ ဘေး လက် နက် များ ကို ရွယ် တော် မူ ၏။ Judson Bible သေစေသော လက်နက်ကိုလည်း သူ့အဖို့ပြင်ဆင်၍ မြားတော်တို့ကို လောင်စေတော်မူ၏။ |
အကယ်စင်စစ် အနန္တတန်ခိုးရှင်ထံမှ မြားတို့သည် ငါ့ကိုယ်၌စိုက်ဝင်လျက်ရှိ၏။ ငါ့စိတ်ဝိညာဉ်သည် ထိုမြားတို့၏အဆိပ်ရည်ကို သောက်သုံးနေရ၏။ ဘုရားသခင်ထံမှ ကြောက်မက်ဖွယ်ရာတို့သည် ငါ့ရှေ့၌ တန်းစီလျက်ရှိ၏။
ကြည့်ရှုလော့။ ဆိုးယုတ်သောသူတို့သည် စိတ်နှလုံးဖြောင့်မှန်သောသူတို့ကို မှောင်ကြီးမည်းကြီးထဲမှပစ်ခတ်ရန် လေးကြိုးပေါ်တွင် မြားကိုတင်၍ ချိန်ရွယ်ထားကြပြီ။
လျှပ်စီးကိုလက်စေလျက် ရန်သူတို့ကို ကွဲလွင့်စေတော်မူပါ။ ကိုယ်တော်၏မြားတို့ကိုပစ်လွှတ်၍ သူတို့ကိုအရေးနိမ့်စေတော်မူပါ။
မြားတို့ကို ပစ်လွှတ်၍ ရန်သူတို့ကို ကွဲလွင့်စေတော်မူ၏။ လျှပ်စီးလက်စေ၍ သူတို့ကို ကစဥ့်ကလျားဖြစ်စေတော်မူ၏။
ကိုယ်တော်၏မြားတို့သည် ချွန်ထက်၍ ရှင်ဘုရင်၏ရန်သူတို့နှလုံးသားထဲသို့စူးဝင်ကြ၏။ လူမျိုးတကာတို့သည် ခြေတော်အောက်၌လဲကြပါ၏။
သူတို့သည် မိမိတို့လျှာကို ဓားကဲ့သို့ထက်စေပြီး မိမိတို့၏ခါးသီးသောစကားများကို မြားကဲ့သို့ချိန်ရွယ်လျက်
သို့သော် ဘုရားသခင်သည် သူတို့ကိုမြားနှင့်ပစ်တော်မူ၍ သူတို့သည် ရုတ်တရက် ဒဏ်ရာရကြလိမ့်မည်။
ရန်သူကဲ့သို့ လေးကိုတင်တော်မူပြီ။ ရန်ဖက်ကဲ့သို့ လက်ယာလက်တော်ကို အသင့်ရှိစေ၍ လူတို့ တန်ဖိုးထားရသောသူအပေါင်းတို့ကို ကွပ်မျက်တော်မူပြီ။ ဇိအုန်သမီးပျို၏တဲအပေါ်၌ မီးကဲ့သို့သောအမျက်တော်ကို သွန်ချတော်မူပြီ။
မြားတော်တို့မှ လင်းလက်သောအရောင်နှင့် လှံတော်မှ ဖြာထွက်သောအလင်းရောင်ခြည်တို့ကြောင့် နေ၊ လတို့သည် ကောင်းကင်တွင် တန့်လျက်နေပါ၏။
ကိုယ်တော်၏လူမျိုးတော်ကိုကယ်တင်ရန်နှင့် ကိုယ်တော်ဘိသိက်ပေးထားသောသူကိုကယ်တင်ရန် ကြွလာတော်မူပြီ။ အိမ်ကို အုတ်မြစ်မှအမိုးတိုင်အောင်လှန်ပစ်သကဲ့သို့ ဆိုးယုတ်သောအမျိုးအနွယ်၏အကြီးအမှူးကို ချေမှုန်းတော်မူ၏။ (စေလာ)
သူတို့အပေါ် ဘေးအန္တရာယ်များကို စုပြုံကျရောက်စေမည်။ ငါ့မြားတို့ကို သူတို့ထံ အကုန်ပစ်လွှတ်မည်။
လင်းလက်သောငါ့ဓားကို ငါသွေးမည်။ ထိုဓားကိုကိုင်၍ တရားစီရင်မည်။ ငါ့ကိုရန်ပြုသောသူတို့ကိုလက်စားချေမည်။ ငါ့ကိုမုန်းတီးသောသူတို့ကို လက်တုံ့ပြန်မည်။
ငါ့မြားတို့ကို သွေးဖြင့်ယစ်မူးစေမည်။ ငါ့ဓားသည် အသားကိုစားမည်။ အသတ်ခံရသူ၊ အဖမ်းဆီးခံရသူတို့၏သွေးကိုသောက်မည်။ ရန်သူ့ခေါင်းဆောင်တို့၏ဦးခေါင်းကိုလည်း စားမည်”ဟူ၍ ငါကျိန်ဆိုသည်’ဟု မိန့်တော်မူ၏။
သခင်ယေရှုသည် မီးလျှံထဲ၌ မိမိ၏တန်ခိုးကြီးသောကောင်းကင်တမန်များနှင့်အတူ မိုးကောင်းကင်မှပေါ်ထွန်းတော်မူသောအခါ သင်တို့ကို ဆင်းရဲဒုက္ခရောက်စေသောသူတို့အား ဆင်းရဲဒုက္ခကိုလည်းကောင်း၊
အကြောင်းမူကား ထိုသူတို့သည် သန့်ရှင်းသူများနှင့် ပရောဖက်များ၏သွေးကို သွန်းခဲ့ကြသည်ဖြစ်၍ ကိုယ်တော်သည် ထိုသွေးတို့ကို သူတို့အားသောက်ရန် ပေးတော်မူပြီ။ သူတို့သည် ထိုသို့ခံရရန် ထိုက်တန်ပေ၏”ဟု ဆိုသည်ကို ငါကြားရ၏။
ထိုသူတို့က “သန့်ရှင်း၍ ဖြောင့်မှန်တော်မူသောသခင်၊ အကျွန်ုပ်တို့၏သွေးအတွက် ကမ္ဘာမြေကြီးပေါ်မှာနေထိုင်သောသူတို့ကို တရားမစီရင်၊ လက်တုံ့လည်းမပြန်ဘဲ မည်မျှကြာအောင်နေတော်မူမည်နည်း”ဟု ကျယ်လောင်သောအသံဖြင့်ကြွေးကြော်ကြ၏။