ငါအသက်ရှင်ရသည်ကို ရွံမုန်းလှပြီ။ ငါ၏စိတ်ဒုက္ခကို ဖွင့်ချတော့မည်။ ငါ့စိတ်ထဲမှခါးသီးမှုကို ရင်ဖွင့်တော့မည်။
ဆာလံ 6:6 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်သည် ညည်းတွားရသဖြင့်ပင်ပန်းလှပါ၏။ ညစဉ်ညတိုင်း အကျွန်ုပ်၏မျက်ရည်များဖြင့် အကျွန်ုပ်၏ညောင်စောင်းသည် အိုင်ထွန်း၍ အကျွန်ုပ်၏ခုတင်သည် စိုရွှဲလျက်ရှိပါ၏။ Common Language Bible ကျွန်တော်မျိုးသည်ဝမ်းနည်းကြေကွဲမှုဖြင့် မောပန်းနွမ်းနယ်လျက်ရှိပါ၏။ ညတိုင်းပင်လျှင်ငိုယိုရသဖြင့်အိပ်ရာသည် စိုစွတ်လျက်ရှိပါ၏။ ကျွန်တော်မျိုး၏ခေါင်းအုံးသည်မျက်ရည် စိုရွှဲလျက်ရှိပါ၏။ Garrad Bible ငါ သည် ညည်း တွား ရ၍ မော ပန်း လျက် ရှိ၏။ ခု တင် ကို မျက် ရည် နှင့် ဖျန်း ၍ ညဉ့် တိုင်း အိပ် ရာ ကို ရွှဲ စေ ၏။ Judson Bible အကျွန်ုပ်သည် ညည်းတွား၍ ပင်ပန်းလှပါ၏။ အကျွန်ုပ်ခုတင်ကို ကိုယ်မျက်ရည်၌ တစ်ညလုံးမျှော၍၊ အိပ်ရာကိုလည်း မွန်းစေပါ၏။ |
ငါအသက်ရှင်ရသည်ကို ရွံမုန်းလှပြီ။ ငါ၏စိတ်ဒုက္ခကို ဖွင့်ချတော့မည်။ ငါ့စိတ်ထဲမှခါးသီးမှုကို ရင်ဖွင့်တော့မည်။
ငါ့မိတ်ဆွေတို့သည် ငါ့ကို ပြက်ရယ်ပြုကြ၏။ ငါသည် ဘုရားသခင်ရှေ့တော်တွင် မျက်ရည်ကျရပါ၏။
“ယနေ့တွင် ဝေဒနာကို ခါးသီးစွာခံစားနေရပါ၏။ ညည်းတွားရလွန်း၍ ငါလက်ပန်းကျကုန်ပြီ။
ထိုနည်းတူ ငါသည်လည်း အဓိပ္ပာယ်မဲ့သောလများကိုသာ ဖြတ်သန်းရပြီ။ ငါ့အတွက် ဒုက္ခညများကိုလည်း သတ်မှတ်ထားပြီ။
သေလွန်သောသူ၊ ဆိတ်ငြိမ်ရာအရပ်ထဲသို့ ဆင်းသွားသောသူတစ်စုံတစ်ဦးမျှ ထာဝရဘုရားကို မချီးမွမ်းကြပေ။
အို ထာဝရဘုရား၊ နားညောင်းတော်မူပါ။ အကျွန်ုပ်ကိုသနားတော်မူပါ။ အို ထာဝရဘုရား၊ အကျွန်ုပ်ကိုကူညီမစသောအရှင်ဖြစ်တော်မူပါ။
အို ဘုရားရှင်၊ အကျွန်ုပ်၏အလိုဆန္ဒရှိသမျှသည် ကိုယ်တော်၏ရှေ့၌ ထင်ရှားပါ၏။ အကျွန်ုပ်၏ညည်းတွားခြင်းသည်လည်း ကိုယ်တော့်ထံမှ ကွယ်ဝှက်၍မနေပါ။
အို ထာဝရဘုရား၊ အကျွန်ုပ်၏ဆုတောင်းချက်ကို နားညောင်းတော်မူပါ။ အကျွန်ုပ်၏အော်ဟစ်သံကို စူးစိုက်နားထောင်တော်မူပါ။ အကျွန်ုပ်၏မျက်ရည်ကိုကြည့်၍ တိတ်ဆိတ်စွာနေတော်မမူပါနှင့်။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော့်ထံ၌ရှိသော တိုင်းတစ်ပါးသားဖြစ်၍ အကျွန်ုပ်၏ဘိုးဘေးအပေါင်းတို့နည်းတူ ဧည့်သည်မျှသာဖြစ်ပါ၏။
လူတို့က “သင်၏ဘုရားသခင်သည် အဘယ်မှာရှိသနည်း”ဟု ငါ့ကို တစ်နေ့လုံးပြောဆိုကြသောအခါ ငါ၏မျက်ရည်သည် နေ့ညမပြတ် ငါ့အတွက်စားစရာဖြစ်ရ၏။
အကျွန်ုပ်သည် ဟစ်ခေါ်ရ၍ ပင်ပန်းပါပြီ။ အကျွန်ုပ်၏အာခေါင်သည် ခြောက်ပါပြီ။ အကျွန်ုပ်၏မျက်စိသည် အကျွန်ုပ်၏ဘုရားသခင်ကိုမျှော်ကြည့်ရ၍ အားအင်ကုန်ခန်းပါပြီ။
ကိုယ်တော်၏မေတ္တာကရုဏာတော်ကို သင်္ချိုင်းတွင်း၌လည်းကောင်း၊ ကိုယ်တော်၏သစ္စာတော်ကို ပျက်စီးခြင်းနိုင်ငံ၌လည်းကောင်း ပြောကြားကြပါသလော။
ဖိစီးနှိပ်စက်မှုကြောင့် အကျွန်ုပ်၏မျက်စိသည် မှုန်ဝါးနေပါ၏။ အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို နေ့စဉ်နေ့တိုင်းခေါ်လျက် ကိုယ်တော့်ထံ အကျွန်ုပ်၏လက်ကို ဆန့်တန်းနေပါ၏။
မရဏာနိုင်ငံသည် ကိုယ်တော်၏ကျေးဇူးတော်ကို မချီးမွမ်းနိုင်ပါ။ သေခြင်းသည် ကိုယ်တော်၏ဂုဏ်တော်ကို မချီးမွမ်းနိုင်ပါ။ တွင်းထဲသို့ဆင်းသွားသောသူတို့သည် ကိုယ်တော်၏သစ္စာတော်ကို မမျှော်လင့်နိုင်ကြပါ။
ထို့ကြောင့် သင်သည် သူတို့အား ‘ငါ့လူမျိုးသမီးပျိုသည် ကျိုးပဲ့ကြေမွသောဒဏ်ရာရ၍ ပြင်းထန်စွာဝေဒနာခံစားရသောကြောင့် ငါသည် အငိုမရပ်၊ နေ့နေ့ညညငိုမည်။
ထို့ကြောင့် ငါငိုကြွေးနေရပြီ။ ငါ့မျက်စိမှ မျက်ရည်များစီးကျရလေပြီ။ နှစ်သိမ့်ပေးမည့်သူ၊ ငါ့စိတ်ဝိညာဉ်ကို ပြန်လည်အားဖြည့်ပေးမည့်သူသည် ငါနှင့်အလှမ်းဝေးလေပြီ။ ရန်သူက အနိုင်ရသောကြောင့် ငါ့သားသမီးတို့ ညှိုးငယ်ရလေပြီ။
သူသည် တစ်ညလုံး ခါးသီးစွာငိုကြွေးနေရပြီ။ သူ့ပါးပြင်ပေါ်တွင် မျက်ရည်များ စိုရွှဲနေပြီ။ သူ့ချစ်သူတို့လည်း သူ့ကို မနှစ်သိမ့်ကြ။ သူ့မိတ်ဆွေအပေါင်းတို့ကလည်း သူ့ကိုသစ္စာဖောက်ပြီး ရန်သူဖြစ်သွားကြပြီ။
ငါ့လူမျိုးသမီးပျိုတို့ ပျက်စီးသောကြောင့်၊ နို့စို့နို့ညှာကလေးငယ်တို့ မြို့လမ်းမများပေါ်၌ လဲကျသောကြောင့် ငိုရလွန်း၍ မျက်စိမှုန်ဝေကုန်ပြီ။ ငါ့အထဲ၌ ပွက်ပွက်ဆူနေပြီ။ ငါ့အသည်းနှလုံးလည်း မြေပေါ်ကြွေကျလေပြီ။
ကိုယ်တော်၏နောက်တွင် ခြေတော်ရင်း၌ရပ်လျက် ငိုကြွေးရင်း မိမိ၏မျက်ရည်ဖြင့် ခြေတော်ကိုစိုစေကာ မိမိဦးခေါင်းမှဆံပင်ဖြင့် သုတ်လေ၏။ ထို့နောက် ကိုယ်တော်၏ခြေတို့ကိုနမ်း၍ ဆီမွှေးဖြင့်လိမ်းလေ၏။