Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မြည်​တမ်း​စ​ကား 1:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 သူ​သည် တစ်ညလုံး ခါးသီး​စွာ​ငိုကြွေး​နေ​ရ​ပြီ​။ သူ့​ပါးပြင်​ပေါ်တွင် မျက်ရည်​များ စိုရွှဲ​နေ​ပြီ​။ သူ့​ချစ်သူ​တို့​လည်း သူ့​ကို မ​နှစ်သိမ့်​ကြ​။ သူ့​မိတ်ဆွေ​အပေါင်း​တို့​က​လည်း သူ့​ကို​သစ္စာဖောက်​ပြီး ရန်သူ​ဖြစ်သွား​ကြ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 သူ​သည်​တစ်​ညဥ့်​လုံး​ငို​ကြွေး​လျက်​နေ​၏။ မျက်​ရည်​များ​သည်​သူ​၏​ပါး​ပြင်​ပေါ်​သို့ စီး​ဆင်း​လာ​၏။ သူ​၏​ယ​ခင်​က​မိတ်​ဆွေ​အ​ပေါင်း​တို့​တွင်​သူ့​အား နှစ်​သိမ့်​မှု​ပေး​မည့်​သူ​တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​တော့​ပေ။ သူ​၏​မ​ဟာ​မိတ်​တို့​သည်​သူ့​အား​သစ္စာ​ဖောက် ကြ​လေ​ပြီ။ ယ​ခု​အ​ခါ​သူ​တို့​က​ပင်​သူ့​ကို​ရန်​ဘက်​ပြု​၍ နေ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 ထို မြို့ တော် သည်၊ ညဉ့် အ ခါ ငို ကြွေး လျက်၊ ပါး ပြင် သို့ မျက် ရည် ကျ လေ စွ။ မ ဟာ မိတ် တို့ အ နက်၊ နှစ် သိမ့် စေ သူ မ ရှိ။ အ ပေါင်း အ ဖော် ဟူ သ မျှ တို့ သည်၊ သ စ္စာ ပျက်၍ ရန် မူ ကြ သည် တ ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 ည​အ​ခါ ပြင်း​စွာ​ငို​ကြွေး၍၊ သူ၏​ပါး​သည် မျက်​ရည်​နှင့် စို​စွတ်​လေ၏။ ရည်း​စား​အ​ပေါင်း​တို့​တွင် နှစ်​သိမ့်​စေ​သော​သူ တစ်​ယောက်​မျှ မ​ရှိ။ အ​ဆွေ​ခင်​ပွန်း​အ​ပေါင်း​တို့​သည် သ​စ္စာ​ပျက်၍ ရန်​သူ​ဖြစ်​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




မြည်​တမ်း​စ​ကား 1:2
30 ပူးပေါင်းရင်းမြစ်များ  

ငါ့​ညီအစ်ကို​တို့​သည် ချောင်းရေ​ကဲ့သို့​လည်းကောင်း​၊ ဖြတ်သန်းစီးဆင်း​သွား​သော​တောင်ကျချောင်းရေ​ကဲ့သို့​လည်းကောင်း သစ္စာမဲ့​ကြ​၏​။


ထိုနည်းတူ ငါ​သည်​လည်း အဓိပ္ပာယ်မဲ့​သော​လ​များ​ကို​သာ ဖြတ်သန်း​ရ​ပြီ​။ ငါ့​အတွက် ဒုက္ခည​များ​ကို​လည်း သတ်မှတ်​ထား​ပြီ​။


မျက်ရည်​ဖြင့် မျိုးစေ့ကြဲ​သော​သူ​တို့​သည် ရွှင်လန်း​စွာ​ကြွေးကြော်​ခြင်း​ဖြင့် ရိတ်သိမ်း​ရ​ကြ​လိမ့်မည်​။


အကျွန်ုပ်​ကို​ရန်ဖက်ပြု​သော​သူ​အပေါင်း​တို့​ကြောင့် အကျွန်ုပ်​သည် အထူးသဖြင့် အကျွန်ုပ်​၏​အိမ်နီးချင်း​များ​အတွက် ကဲ့ရဲ့ပြစ်တင်စရာ​ဖြစ်​၍ အကျွန်ုပ်​၏​အသိ​မိတ်ဆွေ​များ​အတွက်​လည်း ကြောက်ရွံ့စရာ​ဖြစ်​ပါ​ပြီ​။ လမ်း​၌ အကျွန်ုပ်​ကို တွေ့မြင်​သော​သူ​တို့​သည် အကျွန်ုပ်​ထံမှ​ထွက်ပြေး​ကြ​ပါ​၏​။


အကျွန်ုပ်​သည် ညည်းတွား​ရ​သဖြင့်​ပင်ပန်း​လှ​ပါ​၏​။ ညစဉ်ညတိုင်း အကျွန်ုပ်​၏​မျက်ရည်​များ​ဖြင့် အကျွန်ုပ်​၏​ညောင်စောင်း​သည် အိုင်ထွန်း​၍ အကျွန်ုပ်​၏​ခုတင်​သည် စိုရွှဲ​လျက်​ရှိ​ပါ​၏​။


သူ​တို့​သည် အကျွန်ုပ်​၏​အစာ​အတွက် ဆေးခါး​ကို​ကျွေး​၍ အကျွန်ုပ်​ရေငတ်​သောအခါ ဝိုင်ချဉ်​ကို တိုက်​ကြ​ပါ​၏​။


ဆင်းရဲ​သော​သူ​ကို သူ​၏​ညီအစ်ကို​အားလုံး​ကပင် မုန်း​တတ်​ကြ​၏​။ သူ​၏​မိတ်ဆွေ​တို့​သည် သူ့​ကို​ဝေးဝေးရှောင်​ကြ​သည်​မှာ အဘယ်​ဆိုဖွယ်​ရှိ​သနည်း​။ သူ​သည် သူ​တို့​နောက်​သို့​လိုက်​၍ စကားပြော​သော်လည်း မည်သူ​မျှ သူ​နှင့်​စကား​မ​ပြော​ကြ​ပေ​။


သင်​တို့​နား​မ​ထောင်​လျှင် သင်​တို့​၏​မာန်မာန​ကြောင့် ငါ့​စိတ်ဝိညာဉ်​သည် ကွယ်​ရာ​၌ ငိုကြွေး​မည်​။ ထာဝရဘုရား​၏​သိုးစု​သည် ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​သောကြောင့် ငါ​သည် ဝမ်းနည်းပက်လက်​ငိုကြွေး​မည်​၊ မျက်ရည်​ဖြိုင်ဖြိုင်စီးကျ​မည်​။


‘​ဖိနပ်မပါ​ဘဲ​မသွား​နှင့်​၊ အာခေါင်​မ​ခြောက်​စေ​နှင့်​’​ဟု သတိပေး​သော်လည်း သင်​က ‘​မမျှော်လင့်​နှင့်​။ သူစိမ်း​ကို ငါ​တကယ်​ချစ်​မိ​ပြီ​ဖြစ်၍ သူ​တို့​နောက်သို့​လိုက်​တော့​မည်​’​ဟု ဆို​၏​။


ယောက်ျား​သည် မိမိ​မယား​ကို ကွာရှင်း​၍ ထို​မယား​သည် ယောက်ျား​ထံမှ​ထွက်သွား​ပြီး အခြား​ယောက်ျား​၏​မယား​ဖြစ်​ပြီးမှ ပထမ​ယောက်ျား​သည် ထို​မယား​နှင့်​ပြန်ပေါင်း​မည်လော​။ ထိုသို့​ပြု​လျှင် ပြည်​ကို အလွန်​ညစ်ညူး​စေ​ရာ​ရောက်​သည်​မ​ဟုတ်​လော​။ သင်​သည်​လည်း ချစ်နှစ်သက်သူ​များစွာ​နှင့် ဖောက်ပြန်မှားယွင်း​ပြီးမှ ငါ့​ထံသို့​ပြန်လာ​ပါ​သည်​တကား”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


သင့်​ကို​ချစ်ခင်​သော​သူ​အပေါင်း​တို့​သည် သင့်​ကို​မေ့လျော့​ကြ​ပြီ​။ သင့်​ကို ဂရု​မ​စိုက်​ကြ​။ အကြောင်းမူကား သင်​၏​အပြစ်​များပြား​၍ သင်​၏​ဒုစရိုက်​ကြီးမား​သောကြောင့် ရန်သူ​၏​တိုက်ခိုက်​ခြင်း​အားဖြင့်​လည်းကောင်း​၊ ကြမ်းကြုတ်​သော​သူ​၏​ဆုံးမ​ခြင်း​အားဖြင့်​လည်းကောင်း သင့်​ကို ငါ​ဒဏ်ခတ်​လေ​ပြီ​။


အို ဖျက်ဆီး​ခြင်း​ခံရ​သော​သူ​၊ သင်​မည်သို့​ပြု​မည်နည်း​။ ကတ္တီပါနီ​ကို​ဝတ်ဆင်​ခြင်း​၊ ရွှေ​တန်ဆာ​ဆင်ယင်​ခြင်း​၊ မျက်လုံး​အလှပေါ်​အောင်​အရောင်ခြယ်​ခြင်း​ဖြင့် သင့်ကိုယ်သင် အချည်းနှီး​လှပ​စေ​ပြီ​။ သင်​ချစ်​သော​သူ​တို့​သည် သင့်​ကို​စွန့်ပစ်​ပြီ​။ သင့်​အသက်​ကို​သတ်​ရန် ရှာကြံ​ကြ​ပြီ​။


မည်သူ​သည် ငါ့​ခေါင်း​ကို ရေ​တွင်း​ဖြစ်စေ​မည်နည်း​။ မည်သူ​သည် ငါ့​မျက်စိ​ကို မျက်ရည်​ထွက်​သော​စမ်း​ဖြစ်​စေ​မည်နည်း​။ သို့ဖြစ်လျှင် အသတ်ခံရ​သော​ငါ့​လူမျိုး​သမီးပျို​အတွက် ငါ​သည် နေ့​ည​မပြတ်​ငိုကြွေး​နိုင်​လိမ့်မည်​။


ငါ့​ချစ်သူ​တို့​ကို ငါ​ခေါ်​သော်လည်း သူ​တို့​သည် ငါ့​ကို​လှည့်စား​ကြ​လေ​ပြီ​။ ငါ​၏​ယဇ်ပုရောဟိတ်​များ​နှင့်​သက်ကြီးဝါကြီး​တို့​သည် ဆက်လက်​ရှင်သန်​နိုင်​ရန် အစာရေစာ​ရှာဖွေ​ရင်း မြို့​တွင်း​၌ပင် သေဆုံး​ကြ​လေ​ပြီ​။


အကျွန်ုပ်​ညည်းတွား​သံ​ကို ကြား​သော်လည်း အကျွန်ုပ်​ကို နှစ်သိမ့်ပေး​မည့်​သူ တစ်ယောက်​မျှ​မ​ရှိ​ပါ​။ အကျွန်ုပ်​ဒုက္ခ​ရောက်​ကြောင်း​ကို အကျွန်ုပ်​၏​ရန်သူ​အပေါင်း​တို့ ကြား​ကြ​ပါ​ပြီ​။ ကိုယ်တော် ဤသို့​ပြု​တော်မူ​သည်​ကို သူ​တို့ နှစ်သက်အားရ​ကြ​ပါ​၏​။ ကိုယ်တော်​မိန့်ဆို​ထား​သော​နေ့ရက် ရောက်လာ​ပါစေ​။ သူ​တို့​သည် အကျွန်ုပ်​ကဲ့သို့ ဖြစ်​ကြ​ပါစေ​။


သူ​၏​အညစ်အကြေး​သည် သူ့​အဝတ်​၌​စွန်း​နေ​ပြီ​။ သူ​၏​နိဂုံး​ကို သူ​မ​ဆင်ခြင်​မိ​ခဲ့​။ သူ​သည် အံ့ဩဖွယ်​ပြိုလဲ​သွား​လေ​ပြီ​။ သူ့​ကို နှစ်သိမ့်​ပေး​မည့်​သူ​လည်း​မ​ရှိ​။ အို ထာဝရဘုရား​၊ ရန်သူ​တို့​သည် အကျွန်ုပ်​ကို အောင်နိုင်​ကြ​ပြီ​။ အကျွန်ုပ်​ခံရ​သော ဆင်းရဲဒုက္ခ​ကို ကြည့်ရှု​တော်မူ​ပါ​။


ငါ့​လူမျိုး​သမီးပျို​တို့ ပျက်စီး​သောကြောင့်​၊ နို့စို့နို့ညှာ​ကလေးငယ်​တို့ မြို့​လမ်းမ​များ​ပေါ်၌ လဲကျ​သောကြောင့် ငိုရလွန်း​၍ မျက်စိမှုန်ဝေ​ကုန်​ပြီ​။ ငါ့​အထဲ​၌ ပွက်ပွက်ဆူ​နေ​ပြီ​။ ငါ့​အသည်းနှလုံး​လည်း မြေ​ပေါ်​ကြွေကျ​လေ​ပြီ​။


သင့်​ကို​သာယာမှု​ပေး​သော သင့်​ချစ်သူ​များ​မှစ၍ သင်​မုန်းတီး​သော​သူ​များ​အားလုံး​ကို အရပ်ရပ်​မှ​စုရုံး​စေ​ပြီးလျှင် သင့်​ကို​ဆန့်ကျင်​စေ​မည်​။ သူ​တို့​အား သင်​၌ အဝတ်မပါ​အချည်းစည်း​ဖြစ်​နေ​သည်​ကို ငါ​ပြ​မည်​။ သင်​၌ အဝတ်မပါ​အချည်းစည်း​ဖြစ်​ခြင်း​ကို သူ​တို့​မြင်​ရ​လိမ့်မည်​။


သူ​သည် သူ့​ချစ်သူ​တို့​နောက်​သို့​လိုက်​သော်လည်း မီ​မည်​မ​ဟုတ်​။ သူ​တို့​ကို​ရှာ​သော်လည်း တွေ့​မည်​မ​ဟုတ်​။ ထိုအခါ သူ​က ‘​ယခင်​ယောက်ျား​ထံ ပြန်သွား​မည်​၊ သူ​သည် အခြားသူ​တို့​ထက် ပိုကောင်း​၏​’​ဟု ဆို​လိမ့်မည်​။


သင့်​အိမ်နီးချင်း​ကို မ​ယုံ​နှင့်​။ သင့်​မိတ်ဆွေ​ကို​လည်း မ​ကိုးစား​နှင့်​။ သင့်​ရင်ခွင်​၌ အိပ်​နေ​သော​မိန်းမ​ရှေ့​တွင်​လည်း စကား​ကို သတိထား​ပြော​လော့​။


ထို​ဘုရင်​တို့​သည် တစ်စိတ်​တစ်သဘောတည်း​ရှိ​၍ မိမိ​တို့​၏​တန်ခိုး​နှင့်​အခွင့်​အာဏာ​တို့​ကို သားရဲ​အား​ပေးအပ်​ကြ​လိမ့်မည်။


သင်​မြင်​ရ​သော ဦးချို​ဆယ်​ချောင်း​နှင့် သားရဲ​တို့​သည် ထို​ပြည့်တန်ဆာ​ကို​မုန်း​၍ သူ့​ကို​လုံးလုံး​ပျက်စီး​စေ​ကာ အဝတ်မပါ​အချည်းစည်း​ဖြစ်​စေ​ကြ​လိမ့်မည်။ သူ​၏​အသား​ကို​လည်း​ကိုက်စား​၍ သူ့​ကို​မီး​ရှို့​ကြ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ