Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 30:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 အို ထာဝရဘုရား​၊ နားညောင်း​တော်မူ​ပါ​။ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​ကို​ကူညီမစ​သော​အရှင်​ဖြစ်​တော်မူ​ပါ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ခေါ်​သံ​ကို​နား​ထောင်​တော်​မူ​၍ ကျွန်​တော်​မျိုး​အား​သ​နား​ကြင်​နာ​တော်​မူ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​ကို​ကူ​မ​တော်​မူ​ပါ'' ဟူ​၍ တောင်း​လျှောက်​ခဲ့​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 အို ထာ ဝ ရ ဘု ရား၊ နား ညောင်း ၍၊ က ရု ဏာ သက် တော် မူ ပါ။ အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် ကို မ စ သော အ ရှင့် အ ဖြစ် တည် တော် မူ ပါ ဟု ထာ ဝ ရ ဘု ရား အား အ သ နား တော် ခံ ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 မြေ​မှုန့်​သည် ကိုယ်​တော်​ကို​ချီး​မွမ်း​ပါ​မည်​လော။ သ​စ္စာ​တော်​ကို​ဖော်​ပြ​ပါ​မည်​လော။ အို​ထာ​ဝ​ရ​ဘု​ရား၊ နား​ထောင်၍ ကယ်​မ​သ​နား​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို​စောင့်​မ​တော်​မူ​ပါ​ဟု ကိုယ်​တော်​ကို အ​ကျွန်ုပ်​အော်​ဟစ်၍၊ ထာ​ဝ​ရ​ဘု​ရား​ကို တောင်း​လျှောက်​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 30:10
7 ပူးပေါင်းရင်းမြစ်များ  

အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​ဆုတောင်းချက်​ကို​နားညောင်း​၍ အကျွန်ုပ်​၏​အသနားခံ​ခြင်း​ကို စူးစိုက်​နားထောင်​တော်မူ​ပါ​။ ကိုယ်တော်​၏​သစ္စာ​တော်​အားဖြင့်​လည်းကောင်း​၊ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​အားဖြင့်​လည်းကောင်း အကျွန်ုပ်​ကို​ထူး​တော်မူ​ပါ​။


အို ထာဝရဘုရား​၊ အကျွန်ုပ်​ခေါ်​သော​အသံ​ကို နားညောင်း​တော်မူ​ပါ​။ အကျွန်ုပ်​ကို သနား​၍​ထူး​တော်မူ​ပါ​။


ထာဝရဘုရား​သည် ငါ​၏​အစွမ်းသတ္တိ​၊ ငါ​၏​ဒိုင်းလွှား​ဖြစ်​တော်မူ​၏​။ ငါ​၏​စိတ်နှလုံး​သည် ကိုယ်တော်​ကို ယုံကြည်ကိုးစား​သဖြင့် ငါ​သည် ကူညီမစ​တော်မူ​ခြင်း​ကို​ခံရ​၏​။ ထို့ကြောင့် ငါ​၏​စိတ်နှလုံး​သည် ရွှင်မြူး​၏​။ ငါ​သည် ငါ့​သီချင်း​ဖြင့် ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​မည်​။


ကြည့်ရှု​လော့​။ ဘုရားသခင်​သည် ငါ့​ကို​ကူညီမစ​သော​အရှင်​ဖြစ်​တော်မူ​၏​။ ဘုရားရှင်​သည် ငါ့​အသက်​ကို ထောက်မ​သော​သူ​တို့​နှင့်အတူ ရှိ​တော်မူ​၏​။


အကျွန်ုပ်​သည် ညည်းတွား​ရ​သဖြင့်​ပင်ပန်း​လှ​ပါ​၏​။ ညစဉ်ညတိုင်း အကျွန်ုပ်​၏​မျက်ရည်​များ​ဖြင့် အကျွန်ုပ်​၏​ညောင်စောင်း​သည် အိုင်ထွန်း​၍ အကျွန်ုပ်​၏​ခုတင်​သည် စိုရွှဲ​လျက်​ရှိ​ပါ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ