တစ်စုံတစ်ယောက်က ဒါဝိဒ်မင်းကြီးအား “အဗရှလုံနှင့်အတူ ပူးပေါင်းကြံစည်သူတို့ထဲတွင် အဟိသောဖေလလည်း ပါသည်”ဟု ကြားပြော၏။ ထိုအခါ ဒါဝိဒ်မင်းကြီးက “အို ထာဝရဘုရား၊ အဟိသောဖေလ၏အကြံကို မိုက်မဲသောအကြံဖြစ်စေတော်မူပါ”ဟု ဆုတောင်းလေ၏။
ဆာလံ 5:10 - မြန်မာ့စံမီသမ္မာကျမ်း အို ဘုရားသခင်၊ သူတို့အပေါ် အပြစ်သင့်ရောက်စေတော်မူပါ။ သူတို့သည် မိမိတို့၏အကျင့်အကြံများဖြင့် လဲကျကြပါစေသော။ သူတို့သည် ကိုယ်တော်ကိုပုန်ကန်ကြသည်ဖြစ်၍ သူတို့ကျူးလွန်သည့်များစွာသောအပြစ်အတွက် သူတို့ကိုနှင်ထုတ်တော်မူပါ။ Common Language Bible အို ဘုရားသခင်၊ သူတို့အားရှုတ်ချလျက်အပြစ်ဒဏ်ပေးတော်မူပါ။ သူတို့၏ဆိုးညစ်သောအကြံအစည်များက သူတို့ကိုပင်အကျိုးနည်းစေတော်မူပါ။ သူတို့၏များမြောင်သော အပြစ်များကြောင့်လည်းကောင်း၊ကိုယ်တော်ကို ပုန်ကန်ကြသည့်အတွက်ကြောင့်လည်းကောင်း သူတို့အားရှေ့တော်မှောက်မှနှင်ထုတ်တော်မူပါ။ Garrad Bible အို ဘု ရား သ ခင်၊ ထို သူ တို့ ကို အ ပြစ် စီ ရင် တော် မူ၍၊ ကိုယ့် အ ကြံ အ စည် ဖြင့် ပြို လဲ ကြ ပါ စေ၊ ကိုယ် တော် ကို ပုန် ကန်၍ ကျူး လွန် မှု မြောက် မြား သည့် အ လျောက်၊ နှင် ထုတ် တော် မူ ပါ။ Judson Bible အိုဘုရားသခင်၊ သူတို့အပေါ်မှာ အပြစ်ရောက်စေတော်မူပါ။ မိမိတို့အကြံအစည်အားဖြင့် လဲကြပါစေသော။ ကိုယ်တော်ကို ပုန်ကန်သောသူဖြစ်၍၊ ပြစ်မှားသော အပြစ်များသောကြောင့်၊ သူတို့ကို နှင်ထုတ်တော်မူပါ။ |
တစ်စုံတစ်ယောက်က ဒါဝိဒ်မင်းကြီးအား “အဗရှလုံနှင့်အတူ ပူးပေါင်းကြံစည်သူတို့ထဲတွင် အဟိသောဖေလလည်း ပါသည်”ဟု ကြားပြော၏။ ထိုအခါ ဒါဝိဒ်မင်းကြီးက “အို ထာဝရဘုရား၊ အဟိသောဖေလ၏အကြံကို မိုက်မဲသောအကြံဖြစ်စေတော်မူပါ”ဟု ဆုတောင်းလေ၏။
ထိုအခါ အဗရှလုံနှင့် အစ္စရေးအမျိုးသားအပေါင်းတို့က “အာခိလူမျိုး ဟုရှဲပေးသောအကြံသည် အဟိသောဖေလပေးသောအကြံထက် ကောင်းသည်”ဟု ထောက်ခံကြ၏။ အကြောင်းမှာ အဗရှလုံကို ဘေးတွေ့စေမည့်အကြောင်း အဟိသောဖေလပေးသောအကြံပျက်ပြားရန် ထာဝရဘုရား စီစဉ်တော်မူပြီ။
အဟိသောဖေလသည် မိမိပေးသောအကြံအတိုင်း မလုပ်သည်ကို သိမြင်လျှင် မြည်းကို ကုန်းနှီးတင်ပြီး နေရင်းမြို့ရှိ မိမိအိမ်သို့ ပြန်ကာ အိမ်သားတို့အား မှာစရာရှိသည်ကို မှာကြားပြီး မိမိကိုယ်ကို ကြိုးဆွဲချသေလေ၏။ သူ့ကို ဘိုးဘေးတို့၏သင်္ချိုင်းတွင် သင်္ဂြိုဟ်ကြ၏။
ထိုသို့ ပရောဖက်ပြောဆိုနေသည်ကို အာမဇိမင်းကြီးက “သင့်ကို ရှင်ဘုရင်၏အတိုင်ပင်ခံအဖြစ် ခန့်ထားသလော။ တိတ်တိတ်နေလော့။ အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် အသတ်ခံရအောင်လုပ်သနည်း”ဟု ပြန်ပြောရာ ပရောဖက်က “ငါပေးသောအကြံကို သင်နားမထောင်၊ ဤအမှုကို သင်ပြုသောကြောင့် ဘုရားသခင်သည် သင့်ကိုဖျက်ဆီးပစ်ရန် ကြံရွယ်ထားသည်ကို ငါသိ၏”ဟု ဆိုလေ၏။
ထို့ကြောင့် မော်ဒကဲအတွက် စိုက်ထူထားသောသစ်တိုင်ပေါ်တွင် ဟာမန်ကို ချိတ်ဆွဲကြ၏။ ရှင်ဘုရင်သည်လည်း အမျက်ပြေလေ၏။
ဆိုးယုတ်သောသူနှင့် မကောင်းမှုပြုသောသူတို့၏လက်ရုံးကို ချိုးတော်မူပါ။ သူတို့၏ဆိုးယုတ်မှုကို တစ်ခုမကျန်တွေ့ရှိအောင်စစ်ဆေးတော်မူပါ။
အကြောင်းမူကား သူတို့သည် ဘုရားသခင်၏စကားတော်တို့ကို ဖီဆန်၍ အမြင့်ဆုံးသောအရှင်၏အကြံဉာဏ်ကို မထီလေးစားပြုကြ၏။
အို ထာဝရဘုရား၊ ထတော်မူပါ။ သူ့ကိုထိပ်တိုက်ရင်ဆိုင်၍ ညွတ်တွားစေတော်မူပါ။ ကိုယ်တော်၏ဓားဖြင့် ဆိုးယုတ်သောသူ၏လက်မှ အကျွန်ုပ်၏အသက်ကို ကယ်တင်တော်မူပါ။
ဖြောင့်မတ်သောသူတစ်ဖက်၌ မာန်မာနဖြင့်လည်းကောင်း၊ မထီမဲ့မြင်ပြုခြင်းဖြင့်လည်းကောင်း မောက်မာစွာပြောဆိုတတ်သည့် မုသားနှုတ်ခမ်းသည် တိတ်ဆိတ်စွာနေရပါစေသော။
အကျွန်ုပ်ဒုက္ခရောက်သည်ကို ဝမ်းမြောက်သောသူတို့သည် အတူတကွအရှက်ကွဲ၍ မျက်နှာပျက်ကြရပါစေသော။ အကျွန်ုပ်နှင့်ယှဉ်၍ မိမိကိုယ်ကိုချီးမြှောက်သောသူတို့သည် အရှက်ကွဲခြင်းနှင့် အသရေပျက်ခြင်းကို ဝတ်ဆင်ကြရပါစေသော။
သေခြင်းသည် သူတို့ကို ရုတ်တရက်ဖမ်းပါစေ။ သူတို့သည် မရဏာနိုင်ငံသို့ အရှင်လတ်လတ်ဆင်းသွားကြရပါစေ။ အကြောင်းမူကား မကောင်းမှုတို့သည် သူတို့တည်းခိုနေထိုင်ရာနေရာ သူတို့အလယ်၌ရှိကြ၏။
ကိုယ်တော်သည် မိမိ၏အစွမ်းတန်ခိုးတော်ဖြင့် အစဉ်အမြဲအုပ်စိုးတော်မူ၏။ ကိုယ်တော်၏မျက်စိတော်သည် လူမျိုးတကာတို့ကို သေချာစွာကြည့်ရှုတော်မူ၏။ ငြင်းဆန်သောသူတို့သည် သူတို့ကိုယ်သူတို့ မချီးမြှောက်ကြပါစေနှင့်။(စေလာ)
အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုပြစ်တင်စွပ်စွဲသောသူတို့သည် အရှက်ကွဲ၍ ပျက်စီးကြရပါစေသော။ အကျွန်ုပ်ဒုက္ခရောက်ရန် ရှာကြံသောသူတို့သည် ကဲ့ရဲ့ပြစ်တင်ခြင်းနှင့်အသရေပျက်ခြင်း၌ နစ်မွန်းကြရပါစေသော။
အို ဘုရားရှင်၊ အကျွန်ုပ်တို့၏အိမ်နီးချင်းတို့သည် ကိုယ်တော်ကိုကဲ့ရဲ့ပြစ်တင်ကြသည်ဖြစ်၍ သူတို့၏ကဲ့ရဲ့ပြစ်တင်ခြင်းကို သူတို့ရင်ခွင်ထဲသို့ ခုနစ်ဆပြန်ပေးတော်မူပါ။
အို ကောင်းကင်၊ နားထောင်လော့။ အို မြေကြီး၊ စူးစိုက်နားထောင်လော့။ ထာဝရဘုရားက “ငါသည် သားသမီးတို့ကို ကျွေးမွေးပြုစုခဲ့သော်လည်း သူတို့သည် ငါ့ကိုဆန့်ကျင်ပုန်ကန်ကြပြီ။
သို့သော် သင်တို့ ငြင်းဆန်ပုန်ကန်ကြလျှင် ဓားဖြင့်အသတ်ခံရမည်”ဟု မိန့်တော်မူ၏။ ဤသည်ကား ထာဝရဘုရား၏နှုတ်တော်ထွက်စကားဖြစ်၏။
သို့သော် သူတို့သည်ပုန်ကန်ခြင်းဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကို ဝမ်းနည်းစေခဲ့သောကြောင့် ကိုယ်တော်သည် သူတို့၏ရန်သူဖြစ်သွား၍ သူတို့ကိုတိုက်ခိုက်တော်မူ၏။
သူ၏ရန်သူတို့သည် သူ့သခင်ဖြစ်လျက် ကောင်းစားကြလေပြီ။ သူကျူးလွန်သောအပြစ်များစွာကြောင့် ထာဝရဘုရားသည် သူ့ကို ဝမ်းနည်းကြေကွဲစေတော်မူပြီ။ သူ၏သားသမီးတို့ကို သုံ့ပန်းအဖြစ် ရန်သူတို့ခေါ်သွားလေပြီ။
အကျွန်ုပ်တို့ ပြစ်မှားမိကြပါပြီ။ ဒုစရိုက်ကို ပြုမိကြပါပြီ။ အကျွန်ုပ်တို့သည် ဆိုးယုတ်၍ ကိုယ်တော့်ကို ပုန်ကန်မိကြပါပြီ။ ကိုယ်တော်၏ပညတ်ချက်များ၊ စီရင်ထုံးဖွဲ့ချက်များမှ လမ်းလွဲမိကြပါပြီ။
အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏အရှင် ဘုရားသခင်ကိုပုန်ကန်ကြသော်လည်း ကိုယ်တော်သည် ကရုဏာတော်နှင့် ပြည့်ဝပါ၏။ အပြစ်ကို ခွင့်လွှတ်ပေးပါ၏။
စစ်ကြောရာနေ့ ရောက်လာပြီ။ ဒဏ်ပေးရာနေ့ ရောက်လာပြီ။ ဤအကြောင်းကို အစ္စရေးအား သိစေလော့။ သင်တို့သည် အပြစ်ကြီးပြီး မုန်းတီးစိတ်ပြင်းထန်လွန်းသောကြောင့် ပရောဖက်တို့လည်း ဆိုးမိုက်ရလေပြီ။ ဝိညာဉ်လူတို့လည်း ရူးသွပ်ရလေပြီ။
အကြောင်းမူကား ဤလောက၏ဉာဏ်ပညာသည် ဘုရားသခင်ရှေ့တော်၌ မိုက်မဲသောအရာဖြစ်၏။ “ဘုရားသခင်သည် ပညာရှိတို့ကို သူတို့၏ပရိယာယ်အားဖြင့် ဖမ်းဆီးတော်မူ၏”ဟု ကျမ်းစာ၌ရေးထား၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီး၏စိတ်ကို မာကျောစေတော်မူသောကြောင့် ငါတို့ကို သူ့ပြည်ထဲမှ ဖြတ်သွားခွင့်မပြု။ ထိုသို့ သူ၏စိတ်နှလုံးကို မာကျောစေခြင်းသည် ယနေ့မြင်ရသည့်အတိုင်း သူ့ကို သင်တို့၏လက်သို့အပ်တော်မူရန်အတွက်ဖြစ်၏။
တစ်စုံတစ်ယောက်သည် ထ၍ သခင့်ကိုလိုက်ပြီး သခင့်အသက်ကို ရန်ရှာမည်ဆိုလျှင် သခင်၏ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်သခင်၏အသက်ကို အသက်အိတ်ထဲ၌လုံခြုံစွာ ထုပ်ထားတော်မူပါစေသော။ သခင့်ရန်သူတို့၏အသက်ကိုကား လောက်လွှဲထဲမှလောက်စာလုံးကို လွှဲပစ်သကဲ့သို့ လွှဲပစ်တော်မူပါစေသော။
နာဗလ သေကြောင်း ဒါဝိဒ်ကြားသောအခါ “နာဗလကြောင့် ခံရသောစော်ကားခြင်းအမှုမှ ကာကွယ်ပေး၍ ကိုယ်တော်၏အစေအပါးကို အပြစ်မပြုမိစေရန် ဆီးတားပေးတော်မူသော ထာဝရဘုရားကို ချီးမွမ်းပါ၏။ ထာဝရဘုရားသည် နာဗလပြုခဲ့သောမကောင်းမှုကို သူ့ခေါင်းပေါ်သို့ ပြန်ရောက်စေပြီ”ဟု ဆို၏။ ထို့နောက် ဒါဝိဒ်သည် အဘိဂဲလကို မယားအဖြစ်ယူရန် လူလွှတ်၍ တောင်းဆိုစေ၏။