ဆာလံ 5:11 - မြန်မာ့စံမီသမ္မာကျမ်း11 သို့သော် ကိုယ်တော်ကိုခိုလှုံသောသူအပေါင်းတို့သည် ဝမ်းမြောက်ကြပါစေသော။ အစဉ်အမြဲရွှင်လန်းစွာကြွေးကြော်ကြပါစေသော။ ကိုယ်တော်သည် သူတို့ကို အုပ်မိုးကွယ်ကာတော်မူသည်ဖြစ်၍ နာမတော်ကိုမြတ်နိုးသောသူတို့သည် ကိုယ်တော်၌ ရွှင်လန်းကြပါစေသော။ အခန်းကိုကြည့်ပါ။Common Language Bible11 သို့ရာတွင်ကိုယ်တော်ရှင်ထံတော်တွင်လုံခြုံစွာ ခိုလှုံကြသောသူအပေါင်းတို့သည် ဝမ်းမြောက်ရွှင်လန်းရကြပါလိမ့်မည်။ သူတို့သည်ဝမ်းမြောက်သဖြင့်အစဉ် သီချင်းဆိုကြပါလိမ့်မည်။ ကိုယ်တော်ရှင်သည်မိမိအားချစ်သူတို့ကို ကွယ်ကာစောင့်ထိန်းတော်မူပါ၏။ ကိုယ်တော်ရှင်ကြောင့်သူတို့သည်အကယ်ပင် ဝမ်းမြောက်ရကြပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible11 သို့ မှ ကိုယ် တော်၌ ခို လှုံ သူ တို့ သည်၊ ကွယ် ကာ တော် မူ မည် ဖြစ်၍၊ ကာ လ အ စဉ် ရွှင် လန်း စွာ ကြွေး ကြော် ကြ ပါ မည်။ နာ မ တော် ကို ချစ် ခင် ကြည် ညို သူ တို့ လည်း ကိုယ် တော် ကြောင့် အား ရ ကြ ပါ မည်။ အခန်းကိုကြည့်ပါ။Judson Bible11 ကိုယ်တော်ကို ကိုးစားသောသူတို့မူကား၊ ဝမ်းမြောက်ကြပါစေသော။ စောင့်ရှောက်တော်မူခြင်းကိုခံရ၍ ဝမ်းမြောက်သည်နှင့် ကြွေးကြော်ကြပါစေသော။ နာမတော်ကိုချစ်သောသူတို့သည် ကိုယ်တော်ကြောင့် ဝမ်းသာရွှင်လန်းခြင်း ရှိကြပါစေသော။ အခန်းကိုကြည့်ပါ။ |
အို ဇိအုန်သမီးပျို၊ အားရရွှင်လန်းလော့။ အို ဂျေရုဆလင်သမီးပျို၊ ဝမ်းမြောက်စွာကြွေးကြော်လော့။ ကြည့်ရှုလော့။ သင်၏ရှင်ဘုရင်သည် သင့်ထံသို့ ကြွလာပြီ။ သူသည် ဖြောင့်မတ်သောအရှင်၊ ကယ်တင်ပိုင်သောအရှင်ဖြစ်တော်မူ၏။ နှိမ့်ချသောအရှင်လည်းဖြစ်တော်မူ၏။ မြည်းမ၏သားငယ် မြည်းကလေးကိုစီး၍ ကြွလာတော်မူ၏။