ဆာလံ 35:26 - မြန်မာ့စံမီသမ္မာကျမ်း26 အကျွန်ုပ်ဒုက္ခရောက်သည်ကို ဝမ်းမြောက်သောသူတို့သည် အတူတကွအရှက်ကွဲ၍ မျက်နှာပျက်ကြရပါစေသော။ အကျွန်ုပ်နှင့်ယှဉ်၍ မိမိကိုယ်ကိုချီးမြှောက်သောသူတို့သည် အရှက်ကွဲခြင်းနှင့် အသရေပျက်ခြင်းကို ဝတ်ဆင်ကြရပါစေသော။ အခန်းကိုကြည့်ပါ။Common Language Bible26 ကျွန်တော်မျိုး၏ဒုက္ခကိုအကြောင်းပြုကာ နှစ်ထောင်းအားရသူတို့သည် မရှုမလှအရေးနိမ့်၍ကစဥ့်ကရဲ ဖြစ်ကြရပါစေသော။ မိမိတို့ကိုယ်ကိုကျွန်တော်မျိုးထက်သာ သည်ဟု ပြောဆိုသူတို့သည်အရှက်ကွဲ၍ မျက်နှာပျက်ကြရပါစေသော။ အခန်းကိုကြည့်ပါ။Garrad Bible26 အ ကျွန်ုပ် ဒု က္ခ ကြောင့် အား ရ သော သူ တို့ သည်၊ တစ် လုံး တည်း ကျိုး ယုတ် အ ရှက် ရ လျက်၊ အ ကျွန်ုပ် တစ် ဘက် ၌ ထောင် လွှား သူ တို့ သည်၊ အ ရှက် ကွဲ ခြင်း၊ အ သ ရေ ပျက် ခြင်း နှင့် လွှမ်း ခြုံ ရ ကြ ပါ စေ သော၊ အခန်းကိုကြည့်ပါ။Judson Bible26 အကျွန်ုပ်၌ ဘေးရောက်သည်အကြောင်းကို ဝမ်းမြောက်သောသူအပေါင်းတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြပါစေသော။ အကျွန်ုပ်တစ်ဖက်၌ ကိုယ်ကို ချီးမြှောက်တတ်သော သူတို့အပေါ်မှာ အသရေပျက်ခြင်းနှင့် ရှက်ကြောက်ခြင်း သက်ရောက်ပါစေသော။ အခန်းကိုကြည့်ပါ။ |
ထိုဘုရင်သည် မိမိအလိုအတိုင်း ပြုမူလိမ့်မည်။ ဘုရားတကာတို့ထက် ကိုယ့်ကိုယ်ကိုယ် ချီးမြှင့်မြှောက်စားလိမ့်မည်။ ဘုရားတကာတို့၏ဘုရားကို ရင့်သီးကြမ်းကြုတ်သောစကားတို့ဖြင့် ဆန့်ကျင်ပြောဆိုလိမ့်မည်။ အမျက်တော်ကာလ ပြီးဆုံးသည်အထိ သူသည် အောင်မြင်မှုရလိမ့်မည်။ စီရင်ထားသောအရာသည် ဧကန်ဖြစ်လာလိမ့်မည်။