ထိုသို့ဖြင့် မိမိတို့၏ဘုန်းအသရေကို မြက်စားသောနွား၏ရုပ်တုနှင့် လဲလှယ်ကြ၏။
ဆာလံ 4:2 - မြန်မာ့စံမီသမ္မာကျမ်း အချင်းလူသားတို့၊ ငါ၏ဘုန်းအသရေကိုမည်မျှကြာအောင် ရှုတ်ချကြမည်နည်း။ မည်သည့်အချိန်အထိ အချည်းနှီးသောအရာကိုနှစ်သက်၍ လိမ်လည်ခြင်းကိုလိုက်ရှာကြမည်နည်း။(စေလာ) Common Language Bible အချင်းလူတို့၊သင်တို့သည်အဘယ်ကာလတိုင် အောင် ငါ့အားစော်ကားကြမည်နည်း။ အဘယ်ကာလတိုင်အောင်သင်တို့သည် အကျိုးမရှိသည့်အရာကိုနှစ်သက်၍ အမှားနောက်သို့လိုက်ကြမည်နည်း။ Garrad Bible အ ချင်း လူ သား တို့၊ ငါ့ ဘုန်း အ သ ရေ ကို မည် မျှ ကြာ အောင် ရှုတ် ချ ကြ မည် နည်း။ မည် မျှ ကြာ အောင် အ န တ္တ ကို နှစ် သက်၍ မု သာ ကို လိုက် စား ကြ မည် နည်း။ Judson Bible အချင်းလူသားတို့၊ အဘယ်မျှကာလပတ်လုံး ငါ၏ဘုန်းကို ရှုတ်ချကြမည်နည်း။ အဘယ်မျှကာလပတ်လုံး အနတ္တကို နှစ်သက်၍ မုသားကို လိုက်ရှာကြမည်နည်း။ |
ထိုသို့ဖြင့် မိမိတို့၏ဘုန်းအသရေကို မြက်စားသောနွား၏ရုပ်တုနှင့် လဲလှယ်ကြ၏။
သင်တို့သည် အဖိနှိပ်ခံရသောသူ၏အကြံဉာဏ်ကို အရှက်ကွဲစေတတ်သော်လည်း ထာဝရဘုရားသည် သူ၏ခိုလှုံရာဖြစ်တော်မူ၏။
တိုင်းနိုင်ငံတို့သည် အဘယ်ကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ကြသနည်း။ လူတို့သည်လည်း အဘယ်ကြောင့် အချည်းနှီးသောအရာကို ကြံစည်ကြသနည်း။
သို့သော် အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကိုဝန်းရံထားသောဒိုင်းလွှား၊ အကျွန်ုပ်၏ဘုန်းအသရေနှင့် အကျွန်ုပ်၏ဦးခေါင်းကို ချီးမြှောက်သောအရှင်ဖြစ်တော်မူ၏။
အချည်းနှီးသောရုပ်တုများကို ဆည်းကပ်သောသူတို့ကို အကျွန်ုပ်မုန်းပါ၏။ ထာဝရဘုရားကို အကျွန်ုပ်ယုံကြည်ကိုးစားပါ၏။
လိမ်လည်ပြောဆိုသောသူတို့ကိုဖျက်ဆီးတော်မူ၏။ ထာဝရဘုရားသည် လူအသက်ကိုသတ်သောသူနှင့် လိမ်လည်လှည့်ဖြားသောသူတို့ကို စက်ဆုပ်ရွံရှာတော်မူ၏။
ဆင်းရဲဒုက္ခရောက်သောကာလ၌ ငါ့ကိုခေါ်လော့။ ငါသည် သင့်ကိုကယ်မမည်။ သင်သည်လည်း ငါ့ကိုဂုဏ်ပြုချီးမွမ်းလိမ့်မည်။”
ငါ၏စိတ်ဝိညာဉ်သည် ခြင်္သေ့တို့အလယ်၌ရှိ၏။ အငမ်းမရဝါးမျိုတတ်သည့် လူသားတို့အလယ်၌ ငါလဲလျောင်းနေ၏။ သူတို့၏သွားသည် လှံနှင့်မြားကဲ့သို့ဖြစ်၏။ သူတို့၏လျှာသည်လည်း ထက်သောဓားကဲ့သို့ဖြစ်၏။
အို အားကြီးသောသူတို့၊ အကယ်စင်စစ် သင်တို့သည် ဖြောင့်မတ်စွာပြောဆိုကြသလော။ လူသားတို့ကို သမာသမတ်ရှိစွာ တရားစီရင်ကြသလော။
ဆိုးယုတ်သောသူတို့သည် အမိဝမ်းထဲကပင် ဖောက်ပြန်သောသဘောရှိကြ၏။ သူတို့သည် မွေးစကပင် လမ်းလွဲ၍ လိမ်လည်ပြောဆိုတတ်ကြ၏။
သို့သော် ရှင်ဘုရင်သည် ဘုရားသခင်၌ဝမ်းမြောက်လိမ့်မည်။ ကိုယ်တော်ကို တိုင်တည်၍ ကျိန်ဆိုသောသူအပေါင်းတို့သည် ချီးမွမ်းကြလိမ့်မည်။ မုသားပြောဆိုသောသူတို့၏နှုတ်မူကား အပိတ်ခံရလိမ့်မည်။
ထိုမင်းသည် ကိုယ်တော်၏လူမျိုးတော်ကို ဖြောင့်မတ်ခြင်းဖြင့်လည်းကောင်း၊ အဖိနှိပ်ခံရသော ကိုယ်တော်၏လူတို့ကို တရားမျှတခြင်းဖြင့်လည်းကောင်း စစ်ကြောစီရင်ပါစေသော။
မောရှေနှင့်အာရုန်တို့သည်လည်း ဖာရောမင်းကြီးထံသို့ဝင်၍ “ဟေဗြဲလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားက ‘သင်သည် ငါ့ရှေ့၌ ကိုယ့်ကိုယ်ကိုယ် မနှိမ့်ချဘဲ မည်မျှကြာအောင်တင်းခံနေမည်နည်း။ ငါ၏လူမျိုးတော်သည် ငါ့ကိုဝတ်ပြုရန် သူတို့ကိုလွှတ်လော့။
“အသိဉာဏ်နည်းပါးသောသူတို့သည် အသိဉာဏ်နည်းပါးခြင်းကိုနှစ်သက်လျက်၊ ပြက်ရယ်ပြုတတ်သောသူတို့သည် မိမိတို့၏ပြက်ရယ်ပြုခြင်း၌မွေ့လျော်လျက်၊ မိုက်မဲသောသူတို့သည် အသိပညာကိုမုန်းတီးလျက် မည်မျှကြာအောင်နေကြဦးမည်နည်း။
မကောင်းသောအမှုအတွက် စီရင်ချက်အလျင်အမြန်မချမှတ်သောကြောင့် လူသားတို့၏စိတ်နှလုံးသည် မကောင်းမှုပြုလိုသောသဘောနှင့် ပြည့်ဝလျက်ရှိ၏။
အားလုံးသည် တစ်ခုတည်းသောအဖြစ်နှင့်ကြုံတွေ့ရသည်ဟူသောဤအချက်သည် နေအောက်တွင်ပြုသမျှသောအမှုထဲမှ မကောင်းသောအမှုဖြစ်၏။ လူသားတို့၏စိတ်နှလုံးသည်လည်း မကောင်းမှုနှင့်ပြည့်နှက်လျက်ရှိ၍ သူတို့အသက်ရှင်စဉ် သူတို့၏စိတ်နှလုံးထဲ၌ ရူးသွပ်ခြင်းရှိ၏။ ထို့နောက်တွင် သူတို့သည် သေဆုံးကြရ၏။
သူတို့အားထားသော အီသီယိုးပီးယားပြည်ကြောင့်၊ သူတို့ဂုဏ်ယူသော အီဂျစ်ပြည်ကြောင့် ကြောက်လန့်အရှက်ကွဲကြရလိမ့်မည်။
အစ္စရေးလူမျိုးသည် ထာဝရဘုရားအားဖြင့် ထာဝရတည်သောကယ်တင်ခြင်းကိုရရှိမည်။ သင်တို့သည် ကာလအစဉ်အဆက် အရှက်ကွဲရမည်မဟုတ်။ အသရေပျက်ရမည်မဟုတ်။
တရားမျှတမှုကိုတောင်းလျှောက်သောသူမရှိ။ သစ္စာဖြင့် တရားစီရင်သောသူမရှိ။ အချည်းနှီးသောအရာကိုယုံကြည်ကိုးစား၍ မုသားကိုပြောဆိုကြ၏။ အခက်အခဲပြဿနာကိုကိုယ်ဝန်ဆောင်၍ အပြစ်ဒုစရိုက်ကိုမွေးဖွား၏။
လူမျိုးခြားတို့သည် ဘုရားမဟုတ်သော သူတို့၏ဘုရားများကိုပင် အလဲအလှယ်ပြုဖူးကြသလော။ ငါ့လူမျိုးတို့မူကား မိမိတို့၏ဘုန်းအသရေကို အကျိုးမပေးသောအရာနှင့် အလဲအလှယ်ပြုကြလေပြီ။
ထာဝရဘုရားက “သင်တို့၏ဘိုးဘေးတို့သည် ငါ၌မည်သည့်မတရားမှုကိုတွေ့၍ ငါနှင့်ဝေးဝေးနေကြသနည်း။ အဘယ်ကြောင့် အချည်းနှီးသောအရာနောက်သို့လိုက်၍ အသုံးမကျသောသူဖြစ်ကြသနည်း။
“သူတို့သည် မုသားလေးကို မိမိတို့လျှာပေါ် တင်ကြ၏။ တိုင်းပြည်တွင် သစ္စာတရားမလွှမ်းမိုးနိုင်။ သူတို့သည် မကောင်းမှုကိုတစ်ခုပြီးတစ်ခုပြုကြ၏။ ငါ့ကိုကား အသိအမှတ်မပြုကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သူတို့သည် လူဦးရေတိုးလာသည်နှင့်အမျှ ငါ့ကိုဆန့်ကျင်၍ အပြစ်ပြုကြလေပြီ။ ထို့ကြောင့် သူတို့၏ဂုဏ်သရေကို အရှက်ကွဲခြင်းနှင့် လဲပစ်မည်။
အချည်းနှီးသောရုပ်တုများထံ ဆည်းကပ်သောသူတို့သည် ကရုဏာတော်ကို စွန့်ပယ်သောသူများ ဖြစ်ကြပါ၏။
ထာဝရဘုရားက မောရှေအား “ဤလူမျိုးသည် ငါ့ကို မည်မျှကြာအောင် မထီလေးစားပြုကြမည်နည်း။ သူတို့တွင် ငါပြခဲ့သောနိမိတ်လက္ခဏာအလုံးစုံတို့ကို သူတို့မြင်ရသော်လည်း ငါ့ကို မည်မျှကြာအောင် မယုံကြည်ဘဲနေကြမည်နည်း။
ဂျူးလူမျိုးတို့ကလည်း ဤအကြောင်းအရာများမှန်ကန်ပါသည်ဟုဆိုလျက် ဝိုင်းဝန်းထောက်ခံကြ၏။
သို့ဖြစ်၍ ကျမ်းစာ၌ရေးထားသည်နှင့်အညီ “ဝါကြွားသောသူသည် ထာဝရဘုရား၌သာ ဝါကြွားစေ။”
ထို့ကြောင့် မုသားစကားကိုဖယ်ရှား၍ သင်တို့တစ်ဦးစီသည် မိမိဝန်းကျင်၌ရှိသောသူအား မှန်သောစကားကိုပြောကြလော့။ အကြောင်းမူကား ငါတို့သည် တစ်ဦးနှင့်တစ်ဦး ကိုယ်အင်္ဂါချင်းများဖြစ်ကြ၏။
အကျိုးမပေးသော၊ မကယ်တင်နိုင်သောအချည်းနှီးသောအရာတို့နောက်သို့လိုက်၍ လမ်းမလွဲကြနှင့်။ ထိုအရာတို့သည် အချည်းနှီးသက်သက်ဖြစ်ကြ၏။