Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 4:2 - Common Language Bible

2 အ​ချင်း​လူ​တို့၊သင်​တို့​သည်​အ​ဘယ်​ကာ​လ​တိုင် အောင် ငါ့​အား​စော်​ကား​ကြ​မည်​နည်း။ အ​ဘယ်​ကာ​လ​တိုင်​အောင်​သင်​တို့​သည် အ​ကျိုး​မ​ရှိ​သည့်​အ​ရာ​ကို​နှစ်​သက်​၍ အ​မှား​နောက်​သို့​လိုက်​ကြ​မည်​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 အ ချင်း လူ သား တို့၊ ငါ့ ဘုန်း အ သ ရေ ကို မည် မျှ ကြာ အောင် ရှုတ် ချ ကြ မည် နည်း။ မည် မျှ ကြာ အောင် အ န တ္တ ကို နှစ် သက်၍ မု သာ ကို လိုက် စား ကြ မည် နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 အ​ချင်း​လူ​သား​တို့၊ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ငါ၏​ဘုန်း​ကို ရှုတ်​ချ​ကြ​မည်​နည်း။ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး အ​န​တ္တ​ကို နှစ်​သက်၍ မု​သား​ကို လိုက်​ရှာ​ကြ​မည်​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 အချင်း​လူသား​တို့​၊ ငါ​၏​ဘုန်းအသရေ​ကို​မည်မျှ​ကြာ​အောင် ရှုတ်ချ​ကြ​မည်နည်း​။ မည်သည့်​အချိန်​အထိ အချည်းနှီး​သော​အရာ​ကို​နှစ်သက်​၍ လိမ်လည်​ခြင်း​ကို​လိုက်ရှာ​ကြ​မည်နည်း​။(​စေလာ)

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 4:2
29 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ တော်​ကို မြက်​စား​တိ​ရစ္ဆာန်​ရုပ်​နှင့်​အ​စား​ထိုး​ကြ​ကုန်​၏။


သူ​ယုတ်​မာ​တို့​သည်​နှိမ့်​ချ​သူ​၏​အ​ကြံ အ​စည်​ကို ပျက်​စေ​တတ်​ကြ​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​သည်​သူ​၏​အ​ကွယ်​အ​ကာ ဖြစ်​တော်​မူ​၏။


တိုင်း​နိုင်​ငံ​တို့​သည်​အ​ဘယ်​ကြောင့်​ဆူ​ပူ​ပုန်​ကန်​ရန် ကြံ​စည်​ကြ​သ​နည်း။ လူ​တို့​သည်​အ​ဘယ်​ကြောင့်​အ​ချည်း​နှီး လျှို့​ဝှက်​ကြံ​စည်​ကြ​သ​နည်း။


သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ဒိုင်း​လွှား​သ​ဖွယ်​ကျွန်​တော်​မျိုး အား ဘေး​ရန်​များ​မှ​အ​စဉ်​ကွယ်​ကာ​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား​အောင်​ပွဲ​ကို ပေး​တော်​မူ​လျက်​ရဲ​စွမ်း​သတ္တိ​နှင့်​ပြန်​လည် ပြည့်​ဝ​စေ​တော်​မူ​ပါ​၏။


ကိုယ်​တော်​ရှင်​သည်​မိစ္ဆာ​ဘု​ရား​များ​ကို​ကိုး​ကွယ် ဆည်း​ကပ်​သူ​တို့​ကို​မုန်း​တော်​မူ​ပါ​၏။ သို့​ရာ​တွင်​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ကိုး​စား​ပါ​၏။


ကိုယ်​တော်​သည်​လိမ်​လည်​သူ​အ​ပေါင်း​တို့​ကို ဖျက်​ဆီး​တော်​မူ​၍​အ​ကြမ်း​ဖက်​သူ၊ ကောက်​ကျစ်​သူ​တို့​ကို​စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​၏။


ဒုက္ခ​ရောက်​ချိန်​၌​ငါ့​အား​ပတ္ထ​နာ​ပြု​ကြ​လော့။ ငါ​သည်​သင်​တို့​အား​ကယ်​မည်။ သင်​တို့​သည်​လည်း​ငါ့​အား​ထော​မ​နာ ပြု​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။


ရန်​သူ​များ​သည်​လူ​သား​ကို​စား​သည့်​ခြင်္သေ့​များ သ​ဖွယ် ငါ့​ကို​ဝိုင်း​ရံ​ထား​၏။ သူ​တို့​၏​သွား​များ​သည်​လှံ​များ၊မြား​များ နှင့်​တူ​၏။ သူ​တို့​၏​လျှာ​များ​သည်​သန်​လျက်​ကဲ့​သို့ ထက်​၏။


အ​ချင်း​အာ​ဏာ​ပိုင်​တို့၊သင်​တို့​သည်​တ​ရား သ​ဖြင့် ဆုံး​ဖြတ်​မှု​ကို​ပြု​ကြ​သ​လော။ လူ​အ​ပေါင်း​တို့​အား​တ​ရား​မျှ​တ​စွာ စီ​ရင်​ကြ​သ​လော။


ဒု​စ​ရိုက်​သ​မား​တို့​သည်​တစ်​သက်​လုံး​အ​မှား​ကို သာ​လျှင်​ပြု​တတ်​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​မွေး​က​တည်း​က မု​သား​စ​ကား​ကို​ပြော​ဆို​တတ်​ကြ​၏။


ဘု​ရား​သ​ခင်​သည်​မင်း​ကြီး​အား​အောင်​ပွဲ ပေး​တော်​မူ​သ​ဖြင့် မင်း​ကြီး​သည်​ဝမ်း​မြောက်​ပါ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​အား​ဖြင့် သစ္စာ​က​တိ​ပြု​သူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော် အား ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​မု​သား​ကို​သုံး​သော​သူ​တို့​၏ နှုတ်​များ​မူ​ကား​ပိတ်​လျက်​နေ​ရ​လိမ့်​မည်။


မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် ဘု​ရင်​ထံ​သို့​သွား ၍ ``သင်​သည်​ငါ​၏​အ​မိန့်​ကို​မည်​မျှ​ကြာ​အောင် မ​နာ​ခံ​ဘဲ​နေ​မည်​နည်း။ ငါ​၏​လူ​မျိုး​တော် သည်​ငါ့​အား​ဝတ်​ပြု​နိုင်​ရန်​သူ​တို့​ကို​သွား ခွင့်​ပြု​လော့။-


အိုလူမိုက်တို့၊ သင်တို့သည်မိုက်သောအကျင့်ကို နှစ်သက်လျက်၊ ကဲ့ရဲ့သောသူတို့သည် ကဲ့ရဲ့ခြင်း၌ မွေ့ လျော်လျက်၊ မိုက်မဲသောသူတို့သည် ပညာအတတ်ကို မုန်းလျက်၊ အဘယ်မျှကာလပတ်လုံးနေကြလိမ့်မည်နည်း။


အဓမ္မအမှုကို အလျင်အမြန်စစ်ကြော၍၊ ဒဏ် မပေးသောကြောင့်၊ လူသားတို့သည် အဓမ္မအမှုကို ပြုခြင်း ငှါ၊ ခိုင်မာစွာ သဘောထားကြ၏။


နေအောက်မှာ ပြုသမျှသောအမှု၌ပါသော ဝမ်း နည်းစရာဟူမူကား၊ ခပ်သိမ်းသောသူတို့သည် တခုတည်း သောအမှုနှင့် တွေ့ကြုံရကြ၏။ အကယ်စင်စစ် လူသားတို့ ၏ စိတ်နှလုံးသည် ဒုစရိုက်သဘောနှင့်ပြည့်၏။ အသက် ရှင်စဉ်အခါ၊ သူတို့သည် ရူးသောစိတ်ကို စွဲလမ်း၍၊ နောက်တဖန် သေသွားတတ်ကြ၏။


ဆူ​ဒန်​ပြည်​ကို​ယုံ​ကြည်​ကိုး​စား​ကာ အီ​ဂျစ်​ပြည် အ​ကြောင်း​ကို​ဝါ​ကြွား​ပြော​ဆို​ကြ​သူ​တို့​သည် မျှော်​လင့်​ခြင်း​ပျက်​ပြား​လျက် အ​မြင်​မှန်​ရ​ရှိ လာ​ကြ​လိမ့်​မည်။-


သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မူ​ကား ထာ​ဝ​ရ​ဘု​ရား​၏​ကယ်​တင်​တော်​မူ​ခြင်း​ကို ခံ​ကြ​လျက်​သူ​တို့​၏​အောင်​ပွဲ​သည် ထာ​ဝ​စဉ်​တည်​လိမ့်​မည်။ သူ​တို့​သည်​လည်း​အ​ဘယ်​အ​ခါ​၌​မျှ အ​သ​ရေ​ပျက်​ကြ​ရ​လိမ့်​မည်​မဟုတ်။' ''


သင်​တို့​သည်​တ​ရား​ရုံး​တော်​သို့​သွား​သော် လည်း တ​ရား​မျှ​တ​မှု​မ​ရှိ၊ တ​ရား​သည့် ဘက်​၌​မ​နေ​ကြ။ မိ​မိ​တို့​အ​မှု​နိုင်​ရန် အ​တွက်​မု​သား​စ​ကား​ပြော​ဆို​လျက် အ​ကြောင်း​မဲ့​ငြင်း​ခုံ​တတ်​ကြ​၏။


မိ​မိ​တို့​၏​ဘု​ရား​များ​သည်​မ​စစ်​မ​မှန်​သော ဘု​ရား​များ​ပင်​ဖြစ်​၍​နေ​စေ​ကာ​မူ အ​ဘယ်​လူ​မျိုး​သည်​ဘု​ရား​များ​ကို​ပြောင်း​လဲ ၍ ကိုး​ကွယ်​ပါ​သ​နည်း။ သို့​ရာ​တွင်​ငါ​၏​လူ​မျိုး​တော်​မူ​ကား မိ​မိ​တို့​၏​ဂုဏ်​အ​သ​ရေ​ကို​ဆောင်​သည့် ဘု​ရား​သ​ခင်​တည်း​ဟူ​သော၊ ငါ့​အား​သူ​တို့​ကို​မ​ကူ​ညီ​နိုင်​သည့်​ဘု​ရား များ​နှင့် လဲ​လှယ်​လိုက်​ကြ​လေ​ပြီ။


ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား ``ငါ​၌​အ​ဘယ်​အ​ပြစ်​ကို​တွေ့​ရှိ​၍​သင်​တို့​၏ ဘိုး​ဘေး​တို့​သည်​ငါ့​ထံ​မှ​ထွက်​သွား​ကြ​သ​နည်း။ သူ​တို့​သည်​တန်​ဖိုး​မ​ရှိ​သော​ရုပ်​တု​များ​ကို ဝတ်​ပြု​ရှိ​ခိုး​၍ မိ​မိ​တို့​ကိုယ်​တိုင်​ပင်​တန်​ဖိုး​မဲ့​လာ​ကြ​၏။


သူ​တို့​သည်​လိမ်​လည်​ပြော​ဆို​ရန်​လေး​မှ လွှတ်​သော မြား​ကဲ့​သို့​အ​ဘယ်​အခါ​၌​မျှ​နှုတ်​မ​လေး​ကြ။ တိုင်း​ပြည်​တွင်​သစ္စာ​တ​ရား​အုပ်​စိုး​မည့်​အ​စား မု​သား​စ​ကား​အုပ်​စိုး​လျက်​နေ​၏။ ထာ​ဝ​ရ​ဘု​ရား​က၊ ``ငါ​၏​လူ​မျိုး​တော်​သည်​ဒု​စ​ရိုက်​တစ်​ခု​ပြီး တစ်​ခု ကူး​လွန်​လျက် ငါ့​ကို​သူ​တို့​၏​ဘု​ရား​အ​ဖြစ်​လက်​မ​ခံ​ကြ'' ဟု​မိန့်​တော်​မူ​၏။


အ​သင်​ယဇ်​ပု​ရော​ဟိတ်​တို့​၏​ဦး​ရေ​များ လာ​သည်​နှင့်​အ​မျှ​ငါ့​ကို​သင်​တို့​ပြစ်​မှား ကူး​လွန်​မှု​များ​လာ​၏။ ထို့​ကြောင့်​ငါ​သည် သင်​တို့​ဂုဏ်​သိက္ခာ​ကို​ရှုတ်​ချ​မည်။-


အ​ချည်း​နှီး​ဖြစ်​သော​ရုပ်​တု​များ​ကို ကိုး​ကွယ်​သူ​တို့​သည်​ကိုယ်​တော်​၏​အ​ပေါ်​တွင် သစ္စာ​မဲ့​ကြ​ပါ​၏။


ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဤ​လူ​တို့ သည်​မည်​မျှ​ကာ​လ​ပတ်​လုံး​ငါ့​ကို​ပစ်​ပယ် ကြ​မည်​နည်း။ ငါ​သည်​သူ​တို့​တွင်​အံ့​သြ​ဖွယ် အ​မှု​များ​စွာ​တို့​ကို​ပြ​ခဲ့​သော်​လည်း သူ​တို့ သည်​မည်​မျှ​ကာ​လ​ပတ်​လုံး​ငါ့​ကို​မ​ယုံ ကြည်​မ​ကိုး​စား​ဘဲ​နေ​ကြ​မည်​နည်း။-


ယု​ဒ​အ​မျိုး​သား​တို့​က​လည်း ``ဤ​စ​ကား​များ သည်​ဟုတ်​မှန်​ပါ​၏'' ဟု​ဆို​ကာ​ပေါ​လု​ကို​ဝိုင်း ၍​စွပ်​စွဲ​ပြော​ဆို​ကြ​လေ​သည်။


ထို့​ကြောင့်​ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ​မည်​သူ မ​ဆို​ဝါ​ကြွား​လို​လျှင် ဘု​ရား​ရှင်​ပြု​တော်​မူ သော​အ​မှု​တော်​အ​တွက်​သာ​လျှင်​ဝါ​ကြွား​စေ။


ထို့​ကြောင့်​မု​သား​ကို​မ​ပြော​ကြ​နှင့်။ ငါ​တို့​အ​ပေါင်း သည် ခ​ရစ်​တော်​၏​ကိုယ်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​ဖြစ် ကြ​သ​ဖြင့် ယုံ​ကြည်​သူ​အ​ချင်း​ချင်း​အား​သစ္စာ စ​ကား​ကို​ပြော​ကြ​လော့။-


ဘု​ရား​အ​တု​အ​ယောင်​တို့​နောက်​သို့​မ​လိုက်​ကြ နှင့်။ ထို​ဘု​ရား​များ​သည်​ဘု​ရား​အ​စစ်​မ​ဟုတ် သ​ဖြင့်​သင်​တို့​အား​ကူ​မ​ရန်​သော်​လည်း​ကောင်း၊ ကယ်​တင်​ရန်​သော်​လည်း​ကောင်း​မ​တတ်​နိုင်​ကြ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ