Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -

ဟေ​ရှာ​ယ 20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​


အီသီယိုးပီးယားပြည်၊ အီဂျစ်ပြည်တို့ထံမှအကူအညီမရ

1 အဆီးရီးယား​ဘုရင်​သာဂုန်​မင်းကြီး​စေလွှတ်​သော တာတန်​သည် အာဇုတ်​မြို့​သို့​လာ​ပြီး အာဇုတ်​မြို့​ကို​တိုက်ခိုက်​သိမ်းပိုက်​သော ထို​နှစ်​၊

2 ထို​အချိန်​တွင် ထာဝရဘုရား​သည် အာမုတ်​၏​သား ဟေရှာယ​အား “​သင့်​ခါး​မှ​လျှော်တေအဝတ်​နှင့် သင့်​ခြေ​မှ​ဖိနပ်​ကို သွား​၍​ချွတ်ပစ်​လော့​”​ဟု မိန့်​တော်မူ​ရာ သူ​သည် ထိုအတိုင်း​ပြု​၍ အဝတ်မပါ​၊ ဖိနပ်မပါ​ဘဲ သွားလာ​လေ​၏​။

3 တစ်ဖန် ထာဝရဘုရား​က “​ငါ​၏​အစေအပါး ဟေရှာယ​သည် အီဂျစ်​ပြည်​၊ အီသီယိုးပီးယား​ပြည်​တို့​နှင့်ဆိုင်သော နိမိတ်လက္ခဏာ​၊ အံ့ဖွယ်​ရာ​အဖြစ် အဝတ်မပါ​၊ ဖိနပ်မပါ​ဘဲ သုံး​နှစ်​ပတ်လုံး​သွားလာ​သကဲ့သို့

4 အဆီးရီးယား​ဘုရင်​သည် အီဂျစ်​ပြည်​သုံ့ပန်း​များ​နှင့် အီသီယိုးပီးယား​ပြည်​မှ​ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​သူ လူကြီး​လူငယ်​တို့​ကို အဝတ်မပါ​၊ ဖိနပ်မပါ​၊ တင်ပါး​ကို​လည်း​မဖုံး​စေ​ဘဲ ခေါ်ဆောင်​သွား​လိမ့်မည်​။ အီဂျစ်​ပြည်​၏​အရှက်ရစရာ​ဖြစ်​၏​။

5 သူ​တို့​အားထား​သော အီသီယိုးပီးယား​ပြည်​ကြောင့်​၊ သူ​တို့​ဂုဏ်ယူ​သော အီဂျစ်​ပြည်​ကြောင့် ကြောက်လန့်​အရှက်ကွဲ​ကြ​ရ​လိမ့်မည်​။

6 ထို​နေ့ရက်​၌ ဤ​ကမ်းရိုးတန်း​တွင် နေထိုင်​သော​သူ​တို့​က ‘​ကြည့်​ပါ​လော့​။ ငါ​တို့​အားထားရာ​ပြည်​၊ ငါ​တို့​ကို အဆီးရီးယား​ဘုရင်​လက်​မှ​ကယ်နုတ်​ရန် ငါ​တို့​ပြေး​၍​အကူအညီ​တောင်း​ခဲ့​သော​ပြည်​သည် ဤသို့​ဖြစ်​ပါ​သည်​တကား​။ ငါ​တို့​မည်သို့​လွတ်မြောက်​နိုင်​ကြ​ပါ​မည်နည်း​’​ဟူ၍ ဆို​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

Global Bible Initiative
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ