၁ ရာ 12:21 - မြန်မာ့စံမီသမ္မာကျမ်း21 အကျိုးမပေးသော၊ မကယ်တင်နိုင်သောအချည်းနှီးသောအရာတို့နောက်သို့လိုက်၍ လမ်းမလွဲကြနှင့်။ ထိုအရာတို့သည် အချည်းနှီးသက်သက်ဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible21 ဘုရားအတုအယောင်တို့နောက်သို့မလိုက်ကြ နှင့်။ ထိုဘုရားများသည်ဘုရားအစစ်မဟုတ် သဖြင့်သင်တို့အားကူမရန်သော်လည်းကောင်း၊ ကယ်တင်ရန်သော်လည်းကောင်းမတတ်နိုင်ကြ။- အခန်းကိုကြည့်ပါ။Garrad Bible21 အ လ ဟဿ အ ကျိုး မဲ့ ဖြစ် လျက် မ ကယ် နိုင် သော ဘု ရား များ နောက် သို့ လမ်း လွဲ၍ မ လိုက် ကြ နှင့်။ အခန်းကိုကြည့်ပါ။Judson Bible21 ကျေးဇူးမပြု မကယ်တင်နိုင်၊ အချည်းနှီးဖြစ်သော အရာတို့နောက်သို့ လမ်းလွှဲ၍ မလိုက်ကြနှင့်။ ထိုသို့သောအရာသည် အချည်းနှီးသက်သက်ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
အို ထာဝရဘုရား ကိုယ်တော်သည် အကျွန်ုပ်၏ခွန်အား၊ အကျွန်ုပ်၏ရဲတိုက်၊ ဆင်းရဲဒုက္ခရောက်ချိန်၌ အကျွန်ုပ်၏ခိုလှုံရာဖြစ်တော်မူပါ၏။ မြေကြီးစွန်းမှ လူမျိုးခြားတို့သည် ကိုယ်တော်ထံသို့လာ၍ “အကျွန်ုပ်တို့၏ဘိုးဘေးတို့ ပိုင်ဆိုင်သောအရာသည် မုသားသာဖြစ်၏။ အချည်းနှီး၊ အကျိုးမရှိသောအရာသာဖြစ်၏”ဟု လျှောက်ကြပါလိမ့်မည်။
လူမျိုးခြားတို့၏ရုပ်တုတို့သည် မိုးကိုရွာစေနိုင်သလော။ ကောင်းကင်သည်လည်း မိုးကိုရွာစေနိုင်သလော။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သာလျှင် တတ်နိုင်တော်မူသည်မဟုတ်လော။ ကိုယ်တော်သည် အလုံးစုံကို တတ်နိုင်တော်မူသည်ဖြစ်၍ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုစောင့်မျှော်ပါ၏။
“မိတ်ဆွေတို့၊ အဘယ်ကြောင့် ဤအရာတို့ကို ပြုကြသနည်း။ ငါတို့သည်လည်း သင်တို့နည်းတူ သာမန်လူသားများဖြစ်ကြပြီး သင်တို့သည် ဤအချည်းနှီးသောအရာများကိုစွန့်ခွာ၍ ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ၎င်းတို့၌ရှိသောအရာအားလုံးတို့ကို ဖန်ဆင်းတော်မူသော အသက်ရှင်သည့်ဘုရားသခင်ထံသို့ ပြောင်းလဲကြရန် သင်တို့အား ကောင်းမြတ်သောသတင်းကိုဟောပြောနေသူများဖြစ်ကြ၏။
ပြဋ္ဌာန်းချက်များ၊ ဘိုးဘေးတို့နှင့်ဖွဲ့ခဲ့သောပဋိညာဉ်များ၊ သူတို့အား ပြတော်မူသောသက်သေခံချက်များကို စွန့်ပယ်ကြ၏။ မိမိတို့ဝန်းကျင်ရှိလူမျိုးခြားတို့နောက်သို့မလိုက်ရ၊ သူတို့ကဲ့သို့မပြုရဟု ထာဝရဘုရားမိန့်တော်မူလျက်နှင့် သူတို့သည် အချည်းနှီးသောအရာများနောက်သို့လိုက်ပြီး အချည်းနှီးသောသူများဖြစ်ကြ၏။