ဆာလံ 58:1 - မြန်မာ့စံမီသမ္မာကျမ်း1 အို အားကြီးသောသူတို့၊ အကယ်စင်စစ် သင်တို့သည် ဖြောင့်မတ်စွာပြောဆိုကြသလော။ လူသားတို့ကို သမာသမတ်ရှိစွာ တရားစီရင်ကြသလော။ အခန်းကိုကြည့်ပါ။Common Language Bible1 အချင်းအာဏာပိုင်တို့၊သင်တို့သည်တရား သဖြင့် ဆုံးဖြတ်မှုကိုပြုကြသလော။ လူအပေါင်းတို့အားတရားမျှတစွာ စီရင်ကြသလော။ အခန်းကိုကြည့်ပါ။Garrad Bible1 အ ချင်း မှူး မတ် တို့၊ သင် တို့ သည် လူ သား တို့၌ ဖြောင့် မတ် စွာ ဆုံး ဖြတ် ခြင်း၊ မျှ တ စွာ စီ ရင် ခြင်း ကို၊ စင် စစ် ပြု တတ် ကြ သ လော။ အခန်းကိုကြည့်ပါ။Judson Bible1 အိုလူသားတို့၊ အကယ်စင်စစ် သင်တို့သည် စကားဖြောင့်ကြသလော။ အခန်းကိုကြည့်ပါ။ |
ထိုအခါ ထာဝရဘုရားက မောရှေအား “လူတို့ထဲမှ သက်ကြီးဝါကြီးဖြစ်၍ လူတို့ကို ကြီးကြပ်အုပ်ချုပ်နိုင်သူလည်းဖြစ်သည်ဟု သင်သိထားသော အစ္စရေးသက်ကြီးဝါကြီးအယောက်ခုနစ်ဆယ်ကို ငါ့ထံ စုဝေးစေလော့။ သင်သည် ထိုသူတို့ကို တွေ့ဆုံစည်းဝေးရာတဲတော်သို့ ခေါ်ဆောင်လာ၍ သင်နှင့်အတူ ထိုနေရာ၌ရပ်နေစေလော့။
တမန်တော်တို့သည်လည်းကြားလျှင် အရုဏ်တက်ချိန်၌ ဗိမာန်တော်ထဲသို့ဝင်၍ သွန်သင်ကြ၏။ ယဇ်ပုရောဟိတ်မင်းနှင့် သူ၏အပေါင်းအဖော်တို့သည် ရောက်လာကြသောအခါ တရားလွှတ်တော်နှင့် အစ္စရေးအမျိုးသားတို့၏လူကြီးအဖွဲ့အားလုံးတို့ကို စုရုံးစေပြီးလျှင် တမန်တော်တို့ကိုခေါ်လာရန် အစောင့်တပ်သားတို့ကို ထောင်ခန်းသို့စေလွှတ်လိုက်ကြ၏။