ကိုယ်တော်သည် အကျွန်ုပ်၏စိတ်နှလုံးကိုစစ်ဆေးတော်မူ၏။ ညအချိန်၌ အကျွန်ုပ်ကို စစ်ကြောတော်မူ၏။ အကျွန်ုပ်ကိုစစ်ကြောလျှင်လည်း အကျွန်ုပ်၌မည်သည့်အရာမျှတွေ့ရမည်မဟုတ်ပါ။ အကျွန်ုပ်၏နှုတ်သည် အပြစ်မကျူးလွန်မိစေရန် အကျွန်ုပ်စိတ်ပိုင်းဖြတ်ထားပါ၏။
ကိုယ်တော်သည်ကျွန်တော်မျိုး၏စိတ်နှလုံးကို သိတော်မူပါ၏။ ညဥ့်အခါ၌ကျွန်တော်မျိုးထံသို့ကြွလာ၍ ကျွန်တော်မျိုး၏စိတ်နှလုံးကိုသေချာစွာ စစ်ဆေးကြည့်တော်မူသောအခါ ဆိုးယုတ်သောအကြံအစည်ကိုတွေ့ရှိတော် မမူပါ။ ကျွန်တော်မျိုးသည်အခြားသူတို့ကဲ့သို့ ညစ်ညမ်းသည့် စကားကိုမပြောမဆိုပါ။ ကိုယ်တော်၏ပညတ်တော်ကိုလိုက်လျှောက်ပါ၏။ အဋ္ဌမ္မလမ်းစဉ်ကိုမလိုက်မလျှောက်ခဲ့ပါ။
ကိုယ် တော် သည်၊ အ ကျွန်ုပ် စိတ် နှ လုံး ကို စံ ချ လျက်၊ ညဉ့် အ ခါ၌ ရှု ကြည့် လျက်၊ ချော် မ တွေ့ ဘဲ ချွတ် တော် မူ ပါ ပြီ။ နှုတ် ဖြင့် မ ကျူး မ လွန် ရ ဟူ၍၊ အ ကျွန်ုပ် ပြ ဋ္ဌာန်း ပါ၏။
အကျွန်ုပ်နှလုံးကိုစစ်ဆေးတော်မူပါ။ ညအခါ အကျွန်ုပ်ကို အကြည့်အရှုကြွလာတော်မူပါ။ အကျွန်ုပ်ကို စစ်ကြောသောအခါ အဘယ်အပြစ်ကိုမျှ တွေ့တော်မမူရာ။ အကျွန်ုပ်အကြံအစည်သည် အကျွန်ုပ်စကားနှင့် မခြားမနားပါ။
ငါ့သားရှောလမုန်၊ သင့်ခမည်းတော်ကိုးကွယ်သောဘုရားသခင်နှင့် သိကျွမ်းအောင်ပြုလော့။ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဆန္ဒရှိသမျှနှင့် အစေခံလော့။ ထာဝရဘုရားသည် စိတ်နှလုံးရှိသမျှကို စစ်ဆေး၍ တွေးတောကြံစည်သမျှတို့ကို သိနားလည်တော်မူ၏။ သင်သည် ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပယ်လျှင်မူကား သင်လည်း ထာဝစဉ်အစွန့်ပယ်ခံရမည်။
အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်သည် စိတ်နှလုံးကိုစစ်ကြော၍ သမာသမတ်ရှိသူကို နှစ်သက်တော်မူကြောင်း အကျွန်ုပ်သိပါ၏။ ယခု ဤအရာအားလုံးကို ဖြူစင်သောစိတ်ဖြင့် အကျွန်ုပ်လှူဒါန်းပါ၏။ အကျွန်ုပ်၌ရှိသောဤသူတို့သည်လည်း ကိုယ်တော့်ထံ စေတနာစိတ်ဖြင့် ပေးလှူကြသည်ကို မြင်တွေ့ရသဖြင့် ဝမ်းမြောက်ပါ၏။
သို့သော် ကိုယ်တော်သည် ငါသွားရာလမ်းကို သိတော်မူ၏။ ကိုယ်တော်သည် ငါ့ကို စစ်ဆေးတော်မူပြီးမှ ငါသည် ရွှေကဲ့သို့ ပေါ်လာလိမ့်မည်။
လူသတ်သမားသည် အရုဏ်တက်ချိန်တွင် ထ၍ ဆင်းရဲသောသူ၊ နွမ်းပါးသောသူတို့ကို သတ်တတ်၏။ ညဘက်တွင်မူကား သူသည် သူခိုးကဲ့သို့ဖြစ်၏။
ထာဝရဘုရားသည် ဖြောင့်မတ်သောသူကို စစ်ဆေးတော်မူ၏။ သို့သော် ကိုယ်တော်၏စိတ်ဝိညာဉ်သည် ဆိုးယုတ်သောသူနှင့် ရက်စက်ကြမ်းကြုတ်မှုကိုနှစ်သက်သောသူအား မုန်းတော်မူ၏။
ကိုယ်တော်၏ဖြောင့်မတ်သောစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ထိန်းပါမည်ဟု အကျွန်ုပ်ကျိန်ဆို၍ အတည်ပြုပါ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို စစ်ကြော၍ သိတော်မူ၏။
အို ဘုရားသခင်၊ အကျွန်ုပ်ကိုစစ်ကြော၍ အကျွန်ုပ်၏စိတ်နှလုံးကို သိမြင်တော်မူပါ။ အကျွန်ုပ်ကိုစစ်ဆေး၍ အကျွန်ုပ်၏စိုးရိမ်ပူပန်မှုတို့ကို သိမြင်တော်မူပါ။
ငါ့ကိုအကြံပေးတော်မူသောထာဝရဘုရားကို ငါကောင်းချီးထောမနာပြုမည်။ ညအချိန်၌လည်း ငါ၏အတွင်းသဘောသည် ငါ့ကိုပဲ့ပြင်တတ်၏။
အို ထာဝရဘုရား၊ အကျွန်ုပ်ကိုစစ်ဆေး၍ အကျွန်ုပ်ကိုစမ်းသပ်တော်မူပါ။ အကျွန်ုပ်၏စိတ်နှလုံးအတွင်းသဘောကို စစ်ကြောတော်မူပါ။
“ငါသည် နှုတ်ဖြင့်မပြစ်မှားမိစေရန် ငါ၏အပြုအမူအကျင့်အကြံတို့ကိုစောင့်ထိန်းမည်။ ငါ၏ရှေ့၌ဆိုးယုတ်သောသူတို့ရှိနေစဉ် နှုတ်စွပ်တပ်၍ ငါ့နှုတ်ကိုစောင့်ထိန်းမည်”ဟု ငါဆိုခဲ့၏။
အကြောင်းမူကား အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို စစ်ဆေးတော်မူပြီ။ ငွေကိုသန့်စင်စေသကဲ့သို့ အကျွန်ုပ်တို့ကိုသန့်စင်စေတော်မူပြီ။
အကျွန်ုပ်နှင့်သင့်မြတ်သောသူအပေါ် မကောင်းမှုပြုခဲ့၍ အကျွန်ုပ်ရန်သူ၏ဥစ္စာကို အကြောင်းမဲ့လုယူခဲ့သည်ဆိုလျှင်
မိမိနှုတ်ကိုစောင့်စည်းသောသူသည် မိမိအသက်ကိုစောင့်ရှောက်၏။ နှုတ်ဖွာသောသူသည် ပျက်စီးခြင်းသို့ရောက်ရလိမ့်မည်။
အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို သိမြင်တော်မူပါ၏။ အကျွန်ုပ်စိတ်နှလုံးထဲ၌ ကိုယ်တော်ရှိသည်၊ မရှိသည်ကို စစ်ဆေးတော်မူပါ၏။ သူတို့ကိုမူကား အသတ်ခံရမည့်သိုးကဲ့သို့ ဆွဲထုတ်တော်မူပါ။ သတ်ရာနေ့အဖို့ သီးခြားထားတော်မူပါ။
ထာဝရဘုရားက “ထိုနေ့ရက်၊ ထိုအချိန်၌ အသက်ရှင်ကျန်ရစ်သောသူတို့ကို ငါခွင့်လွှတ်မည်ဖြစ်၍ အစ္စရေးလူမျိုး၏ဒုစရိုက်ကို ရှာသော်လည်း တွေ့မည်မဟုတ်။ ယုဒလူမျိုး၏အပြစ်ကိုရှာသော်လည်း တွေ့မည်မဟုတ်”ဟု မိန့်တော်မူ၏။
မုန့်ဖုတ်သောသူသည် တစ်ညလုံးအိပ်သော်လည်း နံနက်အချိန်၌ မီးဖိုသည်မီးတောက်လောင်ဆဲရှိသကဲ့သို့ မကောင်းမှုပြုရန် လျှို့ဝှက်ကြံစည်နေသောသူတို့၏စိတ်နှလုံးသည် ထိုမီးဖိုကဲ့သို့ တောက်လောင်နေ၏။
အိပ်ရာထက်တွင် ဒုစရိုက်ပြုဖို့ကြံစည်နေသူ၊ မကောင်းမှုပြုဖို့တွေးနေသူတို့သည် အမင်္ဂလာရှိ၏။ ထိုသူတို့သည် လုပ်နိုင်စွမ်းရှိသည့်အတိုင်း မိုးလင်းသောအခါ ထိုအကြံအတိုင်း လုပ်တတ်ကြ၏။
ငါသည် ထိုသုံးပုံတစ်ပုံကို မီးထဲသို့ထည့်၍ ငွေကိုသန့်စင်သကဲ့သို့ သန့်စင်မည်။ ရွှေကိုစစ်သကဲ့သို့ စစ်မည်။ သူတို့သည် ငါ့နာမကိုခေါ်သောအခါ ငါထူးမည်။ ‘သူတို့သည် ငါ့လူမျိုးတော်ဖြစ်ကြ၏’ဟု ငါဆိုမည်။ သူတို့ကလည်း ‘ထာဝရဘုရားသည် အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူ၏’ဟူ၍ လျှောက်ဆိုကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ကိုယ်တော် ကြွလာမည့်နေ့တွင် မည်သူသည် ခံရပ်နိုင်မည်နည်း။ ကိုယ်တော်ပေါ်ထွန်းတော်မူသောအခါ မည်သူသည် ရပ်တည်နိုင်မည်နည်း။ ကိုယ်တော်သည် ငွေကိုချွတ်သောမီး၊ အဝတ်ဖွတ်သောဆပ်ပြာ နှင့်တူ၏။
ဗာနဗသည် ရောက်လာ၍ ဘုရားသခင်၏ကျေးဇူးတော်ကိုမြင်သောအခါ ဝမ်းမြောက်လျက် ထိုသူအပေါင်းတို့အား စိတ်နှလုံးခိုင်မြဲစွာဖြင့် သခင်ဘုရား၌ ဆက်လက်တည်နေကြရန် တိုက်တွန်းနှိုးဆော်လေ၏။
ညအခါ ပေါလုသည် ရူပါရုံတစ်ခုကို မြင်ရ၏။ ထိုရူပါရုံ၌ မာကေဒေါနိပြည်သားတစ်ဦးသည် ရပ်လျက် “မာကေဒေါနိပြည်သို့ ကူးလာ၍ အကျွန်ုပ်တို့ကို ကူညီပေးပါ”ဟု သူ့အား တောင်းပန်ပြောဆို၏။
အကြောင်းမူကား ငါသည် ကိုယ့်ကိုယ်ကိုယ်စိတ်လုံ၏။ သို့သော် ထိုသို့ဖြစ်သည့်အတွက် ငါသည် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရသည်မဟုတ်။ ငါ့ကိုစစ်ဆေးစီရင်တော်မူသောအရှင်ကား သခင်ဘုရားပေတည်း။
ငါတို့၏ဝါကြွားစရာအကြောင်းမှာ ဤသို့ဖြစ်၏။ ငါတို့သည် လောက၌၊ အထူးသဖြင့် သင်တို့ရှေ့မှောက်၌ လောကီဉာဏ်ပညာကိုအမှီမပြုဘဲ ဘုရားသခင်၏ကျေးဇူးတော်ကိုသာ အမှီပြုလျက် ဘုရားသခင်ထံမှလာသော ရိုးသားဖြူစင်ခြင်းတို့ဖြင့် အသက်ရှင်နေထိုင်ခဲ့ကြောင်း ငါတို့၏အသိစိတ်သည် သက်သေခံ၏။
အကြောင်းမူကား ငါတို့ရှိသမျှသည် များစွာမှားယွင်းတတ်ကြ၏။ မည်သူမဆို စကားပြောခြင်းအရာ၌ မှားယွင်းခြင်းမရှိလျှင် ထိုသူသည် မိမိကိုယ်ခန္ဓာတစ်ခုလုံးကိုလည်းချုပ်တည်းနိုင်သည့် စုံလင်သောသူဖြစ်၏။
ဤသည်ကား မီးဖြင့်စစ်ဆေးခြင်းခံရပြီဖြစ်သော်လည်း ပျက်စီးတတ်သည့်ရွှေထက် များစွာအဖိုးတန်သော သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းသည် ယေရှုခရစ်တော်ပေါ်ထွန်းတော်မူသောအချိန်၌ ချီးမွမ်းခြင်း၊ ဘုန်းအသရေနှင့် ဂုဏ်သရေအဖြစ်သို့ရောက်မည့်အကြောင်းတည်း။
ယခုပင်ကြည့်ပါလော့။ ထာဝရဘုရားသည် လိုဏ်ဂူထဲရောက်နေသောအရှင်မင်းကြီးအား အကျွန်ုပ်လက်သို့ အပ်တော်မူသည်ကို ယနေ့ အရှင်မင်းကြီးအမြင်ပင် ဖြစ်ပါ၏။ အရှင်မင်းကြီးကို ကွပ်မျက်ရန်ပြောဆိုကြသော်လည်း အရှင်မင်းကြီးကို အကျွန်ုပ်နှမြောသည်ဖြစ်၍ အကျွန်ုပ်က ‘ငါသည် ငါ့သခင်ကို ကိုယ်ထိလက်ရောက်မပြု။ အကြောင်းမှာ သူသည် ထာဝရဘုရား ဘိသိက်ပေးထားသောသူဖြစ်၏’ဟု ပြန်ပြောပါ၏။
ထာဝရဘုရားသည် အရှင်မင်းကြီးနှင့် အကျွန်ုပ်ကြားတွင် စီရင်တော်မူပါစေသော။ ထာဝရဘုရားသည် အကျွန်ုပ်အဖို့ အရှင်မင်းကြီးကို လက်တုံ့ပြန်ပေးတော်မူပါစေသော။ အကျွန်ုပ်မူကား အရှင်မင်းကြီးကို ဆန့်ကျင်တိုက်ခိုက်မည်မဟုတ်ပါ။
ထာဝရဘုရား ဘိသိက်ပေးထားသောသူကို ကိုယ်ထိလက်ရောက်ပြုမိသည့်အပြစ်မှ ထာဝရဘုရားသည် ငါနှင့်ဝေးစေပါစေသော။ ယခု သူ့ခေါင်းရင်းရှိ လှံနှင့် သူ့ရေဘူးကို ယူပြီး ငါတို့ သွားကြစို့”ဟု ဆို၏။
လူတို့ ဖြောင့်မတ်သည့်အတိုင်း၊ သစ္စာရှိသည့်အတိုင်း ထာဝရဘုရား ပြန်ပေးဆပ်တော်မူပါ၏။ ယနေ့ ထာဝရဘုရားသည် အရှင်မင်းကြီးကို အကျွန်ုပ်လက်သို့အပ်တော်မူသော်လည်း ထာဝရဘုရား ဘိသိက်ပေးခြင်းကိုခံရသောသူအား အကျွန်ုပ် ကိုယ်ထိလက်ရောက်မပြုပါ။