၁ ရာချုပ် 29:17 - မြန်မာ့စံမီသမ္မာကျမ်း17 အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်သည် စိတ်နှလုံးကိုစစ်ကြော၍ သမာသမတ်ရှိသူကို နှစ်သက်တော်မူကြောင်း အကျွန်ုပ်သိပါ၏။ ယခု ဤအရာအားလုံးကို ဖြူစင်သောစိတ်ဖြင့် အကျွန်ုပ်လှူဒါန်းပါ၏။ အကျွန်ုပ်၌ရှိသောဤသူတို့သည်လည်း ကိုယ်တော့်ထံ စေတနာစိတ်ဖြင့် ပေးလှူကြသည်ကို မြင်တွေ့ရသဖြင့် ဝမ်းမြောက်ပါ၏။ အခန်းကိုကြည့်ပါ။Common Language Bible17 ကိုယ်တော်ရှင်သည်လူတိုင်း၏စိတ်နှလုံး ကိုစစ်ဆေးကြည့်ရှုတော်မူ၍ သမာဋ္ဌိ ရှိသူတို့အားနှစ်သက်တော်မူသည်ကို ကျွန်တော်မျိုးသိပါ၏။ ကျွန်တော်မျိုး သည်ရိုးဖြောင့်မှန်ကန်သောစေတနာ စိတ်ဖြင့် ဤဘဏ္ဍာကိုကိုယ်တော်ရှင်အား ဆက်သပါ၏။ ဤအရပ်တွင်စုရုံးလျက် ရှိသောကိုယ်တော်ရှင်၏လူမျိုးတော်သည် လည်း ကိုယ်တော်ရှင်အားပေးလှူပူဇော် ရသဖြင့်အဘယ်မျှဝမ်းမြောက်ကြ သည်ကိုကျွန်တော်မျိုးတွေ့ရှိရပါပြီ။- အခန်းကိုကြည့်ပါ။Garrad Bible17 အ ကျွန်ုပ်၏ ဘု ရား သ ခင်၊ ကိုယ် တော် သည် စိတ် နှ လုံး ဟူ သ မျှ ကို စီ စစ် လျက် ဖြောင့် မှန် ခြင်း ကို သာ နှစ် သက် တော် မူ ကြောင်း အ ကျွန်ုပ် သိ ပါ ၏။ အ ကျွန်ုပ် မူ ကား၊ ဖြောင့် မှန် သော စိတ် နှ လုံး နှင့် ဤ အ ရာ ခပ် သိမ်း ကို စေ တ နာ ထက် သန် စွာ လှူ ဒါန်း သည့် ပြင်၊ လူ မျိုး တော် ဖြစ် သော ဤ ပ ရိ သတ် လည်း ထက် သန် စွာ လှူ ဒါန်း ကြောင်း ဝမ်း မြောက် ဝမ်း သာ သိ မြင် ရ ပါ ၏။ အခန်းကိုကြည့်ပါ။Judson Bible17 အကျွန်ုပ်တို့၏ ဘုရားသခင်၊ ကိုယ်တော်သည် စိတ်နှလုံးကိုစစ်၍ ဖြောင့်မတ်ခြင်းသဘောကို နှစ်သက်တော်မူသည်ကို အကျွန်ုပ်သိပါ၏။ အကျွန်ုပ်မူကား ဖြောင့်မတ်ခြင်းသဘော၊ ကြည်ညိုသောစိတ်ရှိသည်နှင့် ဤဘဏ္ဍာရှိသမျှကို ပူဇော်ပါ၏။ စည်းဝေးလျက်ရှိသော ကိုယ်တော်၏လူတို့သည် ကြည်ညိုသောစိတ်နှင့် ပူဇော်ကြသည်ကိုမြင်၍ ဝမ်းမြောက်ပါ၏။ အခန်းကိုကြည့်ပါ။ |
ငါ့သားရှောလမုန်၊ သင့်ခမည်းတော်ကိုးကွယ်သောဘုရားသခင်နှင့် သိကျွမ်းအောင်ပြုလော့။ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဆန္ဒရှိသမျှနှင့် အစေခံလော့။ ထာဝရဘုရားသည် စိတ်နှလုံးရှိသမျှကို စစ်ဆေး၍ တွေးတောကြံစည်သမျှတို့ကို သိနားလည်တော်မူ၏။ သင်သည် ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပယ်လျှင်မူကား သင်လည်း ထာဝစဉ်အစွန့်ပယ်ခံရမည်။
ဘုရားသခင်၏နှုတ်ကပတ်တော်သည် အသက်ရှင်၍ ထက်မြက်ကာ အသွားနှစ်ဖက်ပါသည့် ဓားရှိသမျှတို့ထက် သာ၍ထက်သဖြင့် အသက်နှင့်ဝိညာဉ်တို့အထိလည်းကောင်း၊ အဆစ်အမြစ်နှင့်ခြင်ဆီတို့အထိလည်းကောင်း ထိုးဖောက်ပိုင်းခြားတတ်၏။ စိတ်နှလုံး၏စဉ်းစားဆင်ခြင်မှုနှင့်သဘောထားတို့ကိုလည်း ထိုးထွင်းသိမြင်နိုင်၏။