ထို့ကြောင့် သူသည် ဆိတ်သငယ်တို့ကို သွားယူ၍ မိခင်ထံသို့ ယူလာ၏။ မိခင်သည်လည်း ဖခင်ကြိုက်နှစ်သက်သည့် အရသာကောင်းသောဟင်းလျာကိုချက်လေ၏။
ဆာလံ 141:4 - မြန်မာ့စံမီသမ္မာကျမ်း အပြစ်ဒုစရိုက်ပြုသောသူတို့နှင့်အတူ ဆိုးယုတ်သောအမှုတို့ကိုပြုစေရန် အကျွန်ုပ်၏စိတ်နှလုံးကို မကောင်းမှုဘက်သို့တိမ်းညွတ်စေတော်မမူပါနှင့်။ ထိုသူတို့၏စားကောင်းသောက်ဖွယ်များကိုလည်း အကျွန်ုပ်မစားရပါစေနှင့်။ Common Language Bible မကောင်းမှုကိုသော်လည်းကောင်း၊ ဆိုးညစ်သူတို့နှင့်အတူ ယုတ်မာမှုများကိုသော်လည်းကောင်း ပြုကျင့်လိုသောစိတ်ဆန္ဒနှင့်ကျွန်တော်မျိုးအား ကင်းဝေးစေတော်မူပါ။ ကျွန်တော်မျိုးသည်ထိုသူတို့၏စားသောက်ပွဲ များကို အစဉ်အမြဲရှောင်ရှားနိုင်ပါစေသော။ Garrad Bible ဒု စ ရိုက် ကို ပြု သူ တို့ နှင့် အ တူ၊ ဆိုး သွမ်း မှု အ မျိုး မျိုး ၌ ကျင် လည် စေ ခြင်း ငှာ၊ မ ကောင်း သော အ ခြင်း အ ရာ သို့ စိတ် ငဲ့ ခြင်း၊ ထို သူ တို့ မြိန် ရှက် ရာ ကို သုံး ဆောင် ခွင့် ပေး တော် မ မူ ပါ နှင့်။ Judson Bible ဒုစရိုက်ကို ပြုသောသူတို့နှင့်အတူ အကျွန်ုပ်ပါ၍၊ မတရားသောအမှု၊ ဒုစရိုက်အမျိုးမျိုး၌ ကျင်လည်စေခြင်းငှာ၊ အကျွန်ုပ်၏စိတ်နှလုံးကို မကောင်းသောအမှုအရာသို့ သွေးဆောင်တော်မမူပါနှင့်။ ထိုသူတို့၏ခဲဖွယ်စားဖွယ်တို့ကို အကျွန်ုပ်မစားပါစေနှင့်။ |
ထို့ကြောင့် သူသည် ဆိတ်သငယ်တို့ကို သွားယူ၍ မိခင်ထံသို့ ယူလာ၏။ မိခင်သည်လည်း ဖခင်ကြိုက်နှစ်သက်သည့် အရသာကောင်းသောဟင်းလျာကိုချက်လေ၏။
သို့သော် ဘုရားသခင်၏လူက ရှင်ဘုရင်အား “အကျွန်ုပ်အား နန်းတော်တစ်ဝက်ပေးလျှင်ပင် အကျွန်ုပ်မလိုက်နိုင်ပါ။ ဤအရပ်၌ အစာကိုလည်း မစား၊ ရေကိုလည်း မသောက်ပါ။
ထိုဝိညာဉ်ကလည်း ‘အကျွန်ုပ်သွား၍ ပရောဖက်အပေါင်းတို့၏နှုတ်၌ မုသားမြွက်ဆိုသောဝိညာဉ်ဖြစ်မည်’ဟု လျှောက်တင်၏။ ထာဝရဘုရားကလည်း ‘သင်ဖြားယောင်းနိုင်လိမ့်မည်။ အောင်လည်းအောင်မြင်လိမ့်မည်။ သွား၍ ထိုသို့ပြုလော့’ဟု မိန့်တော်မူ၏။
ဘိုးဘေးတို့အား မိန့်မှာထားခဲ့သည့် ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို လိုက်နာစောင့်ထိန်း၍ ကိုယ်တော်၏လမ်းရှိသမျှအတိုင်း လိုက်လျှောက်နိုင်မည့်အကြောင်း အကျွန်ုပ်တို့၏စိတ်နှလုံးကို ကိုယ်တော့်ထံသို့ တိမ်းညွတ်စေတော်မူပါ။
အကျွန်ုပ်၏စိတ်နှလုံးကို မတရားသောအကျိုးစီးပွားဘက်သို့မဟုတ်ဘဲ ကိုယ်တော်၏သက်သေခံချက်များဘက်သို့ တိမ်းညွတ်စေတော်မူပါ။
မိမိတို့၏အိမ်နီးချင်းများအား ငြိမ်းချမ်းစွာပြောဆိုတတ်သော်လည်း မိမိတို့စိတ်နှလုံး၌ မကောင်းမှုများရှိကြသည့် ဆိုးယုတ်သောသူများ၊ အပြစ်ဒုစရိုက်ပြုသောသူများနှင့်အတူ အကျွန်ုပ်ကိုဆွဲခေါ်သွားတော်မမူပါနှင့်။
အို ထာဝရဘုရား၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကို အဘယ်ကြောင့် လမ်းတော်မှလမ်းလွဲစေသနည်း။ ကိုယ်တော်ကို မကြောက်ရွံ့စေရန် ကျွန်ုပ်တို့၏စိတ်ကို အဘယ်ကြောင့် ခိုင်မာစေသနည်း။ ကိုယ်တော်၏အစေအပါး၊ ကိုယ်တော်၏အမွေတော်လူမျိုးစုအတွက် ပြန်လာတော်မူပါ။
ထိုအမျိုးသမီးတို့သည် မိမိတို့ဘုရားများ၏ယဇ်ပူဇော်ပွဲများသို့ အစ္စရေးအမျိုးသားတို့ကို ခေါ်သွား၏။ သူတို့သည် စားသောက်ကြ၍ ထိုအမျိုးသမီးတို့၏ဘုရားများကိုလည်း ရှိခိုးကိုးကွယ်ကြ၏။
ဖြားယောင်းသွေးဆောင်ရာသို့ မလိုက်မပါစေဘဲ မကောင်းသောအမှုအရာမှ အကျွန်ုပ်တို့ကို ကယ်နုတ်တော်မူပါ။ [အကြောင်းမူကား နိုင်ငံတော်၊ တန်ခိုးတော်နှင့် ဘုန်းအသရေတော်သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌ရှိပါ၏။ အာမင်။]
ထို့ကြောင့် သင်တို့သည် စားသည်ဖြစ်စေ၊ သောက်သည်ဖြစ်စေ၊ မည်သည့်အမှုကိုပြုသည်ဖြစ်စေ ခပ်သိမ်းသောအမှုတို့ကို ဘုရားသခင်၏ဘုန်းတော်အတွက် ပြုကြလော့။
အယူမလွဲကြနှင့်။ မကောင်းသောအပေါင်းအဖော်တို့သည် ကောင်းသောအကျင့်စာရိတ္တကို ပျက်စီးစေကြ၏။
“ထို့ကြောင့် ထိုသူတို့အထဲမှ ထွက်၍ သီးခြားနေကြလော့”ဟု ထာဝရဘုရားမိန့်တော်မူ၏။ “ညစ်ညူးသောအရာကို မတို့မထိနှင့်။ ထိုသို့ပြုလျှင် ငါသည် သင်တို့ကိုလက်ခံ၍
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီး၏စိတ်ကို မာကျောစေတော်မူသောကြောင့် ငါတို့ကို သူ့ပြည်ထဲမှ ဖြတ်သွားခွင့်မပြု။ ထိုသို့ သူ၏စိတ်နှလုံးကို မာကျောစေခြင်းသည် ယနေ့မြင်ရသည့်အတိုင်း သူ့ကို သင်တို့၏လက်သို့အပ်တော်မူရန်အတွက်ဖြစ်၏။
သို့သော် ယနေ့ထိတိုင် ထာဝရဘုရားသည် သင်တို့အား နားလည်နိုင်သောစိတ်၊ မြင်နိုင်သောမျက်စိ၊ ကြားနိုင်သောနားတို့ကို ပေးတော်မမူ။
ဖြားယောင်းသွေးဆောင်ခြင်းကိုခံရသည့်အခါ “ဘုရားသခင်သည် ငါ့ကိုဖြားယောင်းသွေးဆောင်သည်”ဟု မည်သူမျှ မပြောနှင့်။ အကြောင်းမူကား မကောင်းမှုသည် ဘုရားသခင်ကို မသွေးဆောင်နိုင်ရာ။ ကိုယ်တော်သည်လည်း မည်သူ့ကိုမျှ ဖြားယောင်းသွေးဆောင်တော်မမူ။
ထို့နောက် ကောင်းကင်မှအခြားသောအသံက “ငါ့လူမျိုးတို့၊ သင်တို့သည် သူ၏အပြစ်များ၌ မပါဝင်စေရန်လည်းကောင်း၊ သူခံရမည့်ဘေးဒဏ်တစ်စုံတစ်ခုကိုမျှ မခံရစေရန်လည်းကောင်း သူ့ထံမှ ထွက်လာခဲ့ကြလော့။