၃ ရာ 8:58 - မြန်မာ့စံမီသမ္မာကျမ်း58 ဘိုးဘေးတို့အား မိန့်မှာထားခဲ့သည့် ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို လိုက်နာစောင့်ထိန်း၍ ကိုယ်တော်၏လမ်းရှိသမျှအတိုင်း လိုက်လျှောက်နိုင်မည့်အကြောင်း အကျွန်ုပ်တို့၏စိတ်နှလုံးကို ကိုယ်တော့်ထံသို့ တိမ်းညွတ်စေတော်မူပါ။ အခန်းကိုကြည့်ပါ။Common Language Bible58 အကျွန်ုပ်တို့သည်ကိုယ်တော်၏အလိုတော်အတိုင်း အသက်ရှင်နိုင်ကြစေရန်လည်းကောင်း၊ ဘိုးဘေး တို့အားပေးတော်မူခဲ့သည့်ပညတ်တော်များနှင့် အမိန့်တော်တို့ကိုလိုက်နာကြစေရန်လည်းကောင်း အကျွန်ုပ်တို့အားအမိန့်တော်ကိုနာခံသူများ ဖြစ်အောင်ပြုပြင်တော်မူပါစေသော။- အခန်းကိုကြည့်ပါ။Garrad Bible58 ဘိုး ဘေး များ အား မိန့် မှာ တော် မူ ခဲ့ သော ပ ညတ် တော် နှင့် ထုံး ဖွဲ့ ဆုံး ဖြတ် တော် မူ ချက် များ ကို စောင့် ထိန်း လျက် နည်း လမ်း တော် တိုင်း ၌ လိုက် လျှောက် ကြ ရန် အ ကျွန်ုပ် တို့ စိတ် သ ဘော ကို ဘက် တော် သို့ လှည့် တော် မူ ပါ စေ သော။ အခန်းကိုကြည့်ပါ။Judson Bible58 လမ်းတော်တို့သို့ လိုက်စေခြင်းငှာလည်းကောင်း၊ ဘိုးဘေးတို့အားမှာထားတော်မူသော စီရင်ထုံးဖွဲ့ချက်ပညတ်တရားတို့ကို စောင့်ရှောက်စေခြင်းငှာလည်းကောင်း၊ ငါတို့စိတ်နှလုံးကို အထံတော်သို့သွေးဆောင်တော်မူပါစေသော၊ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက “ထိုကာလပြီးနောက် အစ္စရေးလူမျိုးတို့နှင့် ငါဖွဲ့မည့်ပဋိညာဉ်သစ်ကား ဤသို့ဖြစ်၏။ သူတို့၏စိတ်နှလုံးထဲသို့ ငါ၏ပညတ်တရားကို သွင်းပေးမည်။ သူတို့၏နှလုံးသားပေါ်တွင် ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားထံ အကျွန်ုပ်တောင်းလျှောက်သော ဤဆုတောင်းချက်များသည် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားထံ နေ့ညမပြတ်ရောက်ရှိပါစေသော။ နေ့စဉ်နှင့်အမျှ ကြုံနေရသော ကိုယ်တော့်အစေအပါး၏အမှုကိစ္စများနှင့် ကိုယ်တော့်လူမျိုးတော်အစ္စရေးတို့၏အမှုကိစ္စများကိုလည်း စီရင်ပေးသနားတော်မူပါစေသော။