Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဗျာ​ဒိတ် 18:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ထို့နောက် ကောင်းကင်​မှ​အခြား​သော​အသံ​က “ငါ့​လူမျိုး​တို့၊ သင်​တို့​သည် သူ​၏​အပြစ်​များ​၌ မ​ပါဝင်​စေရန်​လည်းကောင်း၊ သူ​ခံရ​မည့်​ဘေးဒဏ်​တစ်စုံတစ်ခု​ကို​မျှ မ​ခံရ​စေရန်​လည်းကောင်း သူ့​ထံမှ ထွက်လာ​ခဲ့​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 ထို​နောက်​ကောင်း​ကင်​ဘုံ​က​အ​ခြား​သော​အ​သံ ကို​ငါ​ကြား​ရ​၏။ ထို​အ​သံ​က၊ ``ထွက်​ခဲ့​ကြ​လော့။ ငါ​၏​လူ​စု​တော်​တို့၊ သူ့​ထံ​မှ​ထွက်​ခဲ့​ကြ​လော့။ သူ​နှင့်​အ​တူ​အ​ပြစ်​မ​ကူး​ကြ​နှင့်။ သူ​နှင့်​အ​တူ​အ​ပြစ်​ဒဏ်​ကို​မ​ခံ​ကြ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 ကောင်း ကင် ဘုံ မှ အ ခြား သော ကြွေး ကြော် သံ ကို ငါ ကြား ရ သည် ကား အို လူ မျိုး တော်၊ ထို မြို့၏ ဒု စ ရိုက် များ နှင့် ဆက် ဆံ ခြင်း၊ ဆိုင် ရာ ဘေး များ ကို ခံ စား ခြင်း မ ရှိ အံ့ သော ငှါ ထွက် လာ ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 အ​ခြား​သော ကောင်း​ကင်​အ​သံ​ကား၊ ငါ၏​လူ​မျိုး​တို့၊ သူ၏ အ​ပြစ်​တို့​ကို ဆက်​ဆံ​ခြင်း​နှင့်​လည်း​ကောင်း၊ သူ၏ ဘေး​ဒဏ်​များ​ကို ခံ​ခြင်း​နှင့်​လည်း​ကောင်း၊ ကင်း​လွတ်​အံ့​သော​ငှာ၊ သူ၏​အ​ထဲ​က ထွက်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

4 ထို့နောက် ကောင်းကင်ဘုံ​မှ အခြား​အသံ​ကို ကျွန်ုပ်​ကြားရသည်​မှာ “ငါ​၏​လူမျိုးတို့… ထို​မြို့​မှ ထွက်ခဲ့ကြလော့။ ဤ​သည်​မှာ သင်တို့​သည် ထို​မြို့​၏ အပြစ်ကျူးလွန်မှု​၌ မပါဝင်မိ​စေရန်​နှင့် ထို​မြို့​၌ ကျရောက်မည့် ဘေးဒဏ်​ကို မခံရ​စေရန်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာ​ဒိတ် 18:4
16 ပူးပေါင်းရင်းမြစ်များ  

လောတ​သည်​လည်း သွား​၍ သမီး​တို့​နှင့်​စုံဖက်​မည့် မိမိ​သမက်​တို့​အား “​ထ​ကြ​၊ ဤ​အရပ်​မှ​ထွက်သွား​ကြ​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် ဤ​မြို့​ကို​ဖျက်ဆီး​တော့​မည်​”​ဟု ဆို​လေ​၏​။ သို့သော် သူ​၏​သမက်​တို့​က ရယ်စရာပြော​သည်​ဟူ၍​သာ ထင်မှတ်​ကြ​၏​။


သင်​သည် သူခိုး​နှင့်​တွေ့​သောအခါ သူ့​ကို​လက်ခံ​၏​။ အိမ်ထောင်ရေးဖောက်ပြန်​သော​သူ​တို့​နှင့်​လည်း ပေါင်းသင်း​ဆက်ဆံ​၏​။


ဘေဘီလုံ​မြို့​မှ ထွက်လာ​ကြ​လော့​။ ခါလဒဲ​လူမျိုး​တို့​ထံမှ ထွက်ပြေး​လာ​ကြ​လော့​။ “​ထာဝရဘုရား​သည် မိမိ​အစေအပါး​ယာကုပ်​အမျိုး​ကို ရွေးနုတ်​တော်မူ​ပြီ​”​ဟု ရွှင်လန်း​သော​အသံ​ဖြင့် မြေကြီး​စွန်း​ရောက်​သည်​အထိ ကြေညာ​ကြ​လော့​။ ကြားသိ​စေ​ကြ​လော့​။


ထွက်သွား​ကြ​။ ထွက်သွား​ကြ​။ ထို​အရပ်​မှ ထွက်ခွာ​သွား​ကြ​။ မစင်ကြယ်​သော​အရာ​ကို မ​ထိ​ကြ​နှင့်​။ ထို​အရပ်​မှ ထွက်ခွာ​သွား​ကြ​လော့​။ ထာဝရဘုရား​၏​တဲ​တော်​တန်ဆာပလာ​များ​ကို ထမ်း​သော​သူ​တို့​၊ သန့်ရှင်းစင်ကြယ်​ခြင်း​ရှိ​ကြ​လော့​။


ဘေဘီလုံ​မြို့​မှ ထွက်ပြေး​လော့​။ ခါလဒဲ​ပြည်​မှ ထွက်သွား​လော့​။ သိုးအုပ်​ရှေ့​မှ​သွား​သော​ဆိတ်ထီး​ကဲ့သို့ ပြု​လော့​။


ငါ့​လူမျိုး​တော်​တို့​၊ ဘေဘီလုံ​မြို့​ထဲမှ ထွက်​ခဲ့​ကြ​။ ထာဝရဘုရား​၏​ပြင်းထန်​သော​အမျက်​တော်​မှ အသက်ဘေး​လွတ်​အောင်​ပြေး​ကြ​။


ဓားဘေး​မှ လွတ်မြောက်​သော​သူ​တို့​၊ ထွက်သွား​ကြ​။ ရပ်​မ​နေ​ကြ​နှင့်​။ ထာဝရဘုရား​ကို အဝေး​မှ​အောက်မေ့​ကြ​။ ဂျေရုဆလင်​မြို့​ကို သတိရ​ကြ​။


ဘေဘီလုံ​မြို့​မှ ထွက်ပြေး​ကြ​။ အသက်ဘေး​လွတ်​အောင် ပြေး​ကြ​။ ထို​မြို့​၏​အပြစ်​ကြောင့် အဖျက်ဆီး​မ​ခံ​ကြ​နှင့်​။ အကြောင်းမူကား ထာဝရဘုရား​လက်တုံ့ပြန်​ရာ​အချိန်​ကျရောက်​ပြီ​။ ထို​မြို့​ခံထိုက်​သော​အပြစ်​ကို ပြန်ပေးဆပ်​စေ​တော်မူ​မည်​။


ငါ​တို့​သည် ဘေဘီလုံ​မြို့​ကို ကုသ​ပေး​သော်လည်း ကုသ​၍​မ​ရ​။ သူ့​ကို​ထားခဲ့​ပြီး ကိုယ့်​ပြည်​ကိုယ်​ပြန်​ကြ​စို့​။ အကြောင်းမူကား သူ​ခံရ​သော​စီရင်​ခြင်း​သည် မိုး​ထိတိုင် ရောက်​လေ​ပြီ​။ မိုးတိမ်​ထိတိုင် မြင့်​လေ​ပြီ​။


‘ငါ​တို့​သည် ငါ​တို့​၏​ဘိုးဘေး​များ​လက်ထက်​၌​ရှိ​ခဲ့​လျှင် ပရောဖက်​တို့​ကို သတ်ဖြတ်​သော​သူ​တို့​၏​အပေါင်းအဖော်​ဖြစ်​ကြ​မည်​မ​ဟုတ်’​ဟု ပြော​ကြ​၏။


“ထို့ကြောင့် ထို​သူ​တို့​အထဲမှ ထွက်​၍ သီးခြား​နေ​ကြ​လော့”​ဟု ထာဝရ​ဘုရား​မိန့်​တော်မူ​၏။ “ညစ်ညူး​သော​အရာ​ကို မ​တို့​မ​ထိ​နှင့်။ ထိုသို့​ပြု​လျှင် ငါ​သည် သင်​တို့​ကို​လက်ခံ​၍


မည်သူ့​အပေါ်၌​မျှ လက်တင်​ခြင်း​အမှု​ကို အလျင်စလို​မ​ပြု​နှင့်။ အခြား​သူ​တို့​၏​အပြစ်​၌​လည်း ပါဝင်​ခြင်း​မ​ရှိ​နှင့်။ သင့်ကိုယ်သင် ဖြူစင်​သန့်ရှင်း​အောင်​စောင့်ထိန်း​လော့။


အကြောင်းမူကား ထိုသို့သော​သူ​ကို​နှုတ်ခွန်းဆက်​လျှင် သူ​၏​ဆိုးညစ်​သော​အမှု​၌ ပါဝင်​ရာ​ရောက်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ