ယာကုပ်ကလည်း “အချိန်စောပါသေး၏။ တိရစ္ဆာန်တို့ကိုစုဝေးရမည့်အချိန်လည်း မဟုတ်ပါ။ သိုးတို့ကိုရေတိုက်ပြီးလျှင် သွား၍ ထိန်းကျောင်းကြဦးလော့”ဟု ဆို၏။
ဂလာတိ 6:9 - မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် ကောင်းသောအမှုကိုပြုရာ၌ စိတ်ပျက်အားလျော့ခြင်းမရှိဘဲ နေကြကုန်စို့။ အကြောင်းမူကား စိတ်မပျက်ဘဲနေလျှင် အချိန်တန်သောအခါ ရိတ်သိမ်းရကြလိမ့်မည်။ Common Language Bible သို့ဖြစ်၍ငါတို့သည်အားမလျော့စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကိုကျင့်ကြကုန်အံ့။ ယင်းသို့ အားမလျော့စိတ်မပျက်ကြပါမူ ငါတို့သည် အချိန်တန်သောအခါအသီးအနှံကိုရိတ် သိမ်းရလိမ့်မည်။- Garrad Bible ကောင်း မှု ကို လက် မ လွတ် ဘဲ ပြု ကြ ကုန် အံ့။ အား လျော့ ခြင်း ကင်း လျှင် အ ချိန် စေ့ သော် ငါ တို့ ရိတ် သိမ်း ကြ ရ လိမ့် မည်။ Judson Bible ငါတို့သည်အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည်၍ ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း စိတ်မပျက် အားမလျော့ဘဲ ကောင်းသောအမှုကို ဆက်၍ ပြုကြစို့။ စိတ်မပျက်လျှင် အချိန်တန်သောအခါ အသီးအပွင့်ကို ရိတ်သိမ်းရလိမ့်မည်။ |
ယာကုပ်ကလည်း “အချိန်စောပါသေး၏။ တိရစ္ဆာန်တို့ကိုစုဝေးရမည့်အချိန်လည်း မဟုတ်ပါ။ သိုးတို့ကိုရေတိုက်ပြီးလျှင် သွား၍ ထိန်းကျောင်းကြဦးလော့”ဟု ဆို၏။
ထိုသတ္တဝါအပေါင်းတို့သည် အချိန်တန်လျှင် သူတို့ကိုအစာကျွေးတော်မူရန် ကိုယ်တော်ကို စောင့်မျှော်နေကြပါ၏။
မျက်ရည်ဖြင့် မျိုးစေ့ကြဲသောသူတို့သည် ရွှင်လန်းစွာကြွေးကြော်ခြင်းဖြင့် ရိတ်သိမ်းရကြလိမ့်မည်။
လူအပေါင်းတို့သည် ကိုယ်တော်ကို မျှော်ကြည့်ကြပါ၏။ ကိုယ်တော်သည်လည်း အချိန်တန်လျှင် သူတို့အား အစားအစာကို ပေးတော်မူပါ၏။
ဆိုးယုတ်သောသူသည် လှည့်ဖြားသောအဖိုးအခကိုရတတ်၏။ ဖြောင့်မတ်ခြင်းမျိုးစေ့ကိုကြဲသောသူမူကား မှန်ကန်သောအကျိုးကိုရတတ်၏။
သင်၏အစာကို ရေပြင်ပေါ်သို့ ပစ်လိုက်လော့။ အကြောင်းမူကား နေ့ရက်များစွာလွန်ပြီးနောက် ၎င်းကိုသင်ပြန်တွေ့လိမ့်မည်။
‘သင်က ငါ၌ အမင်္ဂလာရှိ၏။ ထာဝရဘုရားသည် ငါ့ဒုက္ခဝေဒနာအပေါ် ဝမ်းနည်းခြင်းကို ထပ်ဆင့်တင်တော်မူသဖြင့် ငါသည် ညည်းတွားရ၍ ပင်ပန်းလှပြီ၊ သက်သာရာမရဟူ၍ ဆိုလေပြီ’ဟု မိန့်တော်မူ၏။
ငါသည် သင်တို့အဖို့ မိုးကို သူ့ရာသီနှင့်သူရွာစေသဖြင့် မြေသည် အသီးအနှံဖြစ်ထွန်းလိမ့်မည်။ လယ်ယာရှိအပင်တို့သည် ကောက်ပဲသီးနှံဖြစ်ထွန်းလိမ့်မည်။
ထိုနေ့ရက်တွင် ဂျေရုဆလင်မြို့အား “မကြောက်နှင့်၊ ဇိအုန်မြို့၊ လက်ပန်းမကျနှင့်။
သင်တို့သည် နှာခေါင်းရှုံ့လျက် ‘ငြီးငွေ့ဖွယ်ကောင်းလှသည်တကား’ဟု ဆိုပြီး လုယူထားသောအကောင်၊ ခြေမသန်သောအကောင်၊ နာနေသောအကောင်တို့ကို ယူဆောင်လာ၍ ယဇ်ပူဇော်ကြ၏။ ထိုသို့သော သင်တို့၏ပူဇော်သက္ကာကို ငါလက်ခံရမည်လော”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
လူအပေါင်းတို့သည်လည်း ငါ့နာမကြောင့် သင်တို့ကိုမုန်းတီးကြလိမ့်မည်။ သို့သော် အဆုံးတိုင်အောင်တည်ကြည်သောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။
ထို့ကြောင့် ယေရှုသည် ထ၍ ထိုသူ၏နောက်သို့ လိုက်တော်မူ၏။ တပည့်တော်တို့သည်လည်း အတူတကွလိုက်သွားကြ၏။
ကိုယ်တော်ကလည်း လက်တစ်ဖက်သေသောသူအား“အားလုံးရှေ့၌မတ်တတ်ရပ်လော့”ဟု မိန့်တော်မူ၏။
ထို့နောက် စိတ်ပျက်အားလျော့ခြင်းမရှိဘဲ အစဉ်ဆုတောင်းရမည့်အကြောင်း ကိုယ်တော်သည် ပုံဥပမာအားဖြင့် လူတို့အား မြွက်ဆိုတော်မူသည်မှာ
ကောင်းသောအမှုကို ဇွဲလုံ့လဖြင့်ပြုလျက် ဘုန်းတော်၊ ဂုဏ်တော်နှင့် ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသောအရာတို့ကိုရှာဖွေသောသူတို့အား ထာဝရအသက်ကို ပေးတော်မူလိမ့်မည်။
ထို့ကြောင့် ငါချစ်သောညီအစ်ကိုတို့၊ သခင်ဘုရား၌ သင်တို့၏ကြိုးပမ်းအားထုတ်မှုသည် အချည်းနှီးမဖြစ်ကြောင်းသိမှတ်၍ ခိုင်မြဲစွာရပ်တည်လျက် ဖောက်ပြန်ရွေ့လျောခြင်းမရှိဘဲ သခင်ဘုရား၏အမှုတော်ကို အစဉ်အမြဲ စွမ်းစွမ်းတမံဆောင်ရွက်ကြလော့။
ထို့ကြောင့် ငါတို့သည် ကရုဏာတော်ကိုခံစားရလျက် ဤအမှုတော်ကိုဆောင်ရွက်ရသည်ဖြစ်၍ စိတ်ပျက်အားလျော့ခြင်းမရှိကြချေ။
ထို့ကြောင့် ငါတို့သည် စိတ်ပျက်အားလျော့ခြင်းမရှိကြ။ ငါတို့၏ပြင်ပလူ့ခန္ဓာသည် ယိုယွင်းပျက်စီးနေသော်လည်း ငါတို့၏အတွင်းဝိညာဉ်မူကား တစ်နေ့ထက်တစ်နေ့ အသစ်ပြုပြင်ခြင်းကိုခံရ၏။
ငါသည် ဤသို့ဆိုလို၏။ အနည်းငယ်သာမျိုးကြဲသောသူသည် အနည်းငယ်သာရိတ်သိမ်းရမည်။ များစွာမျိုးကြဲသောသူသည် များစွာရိတ်သိမ်းရမည်။
သို့ဖြစ်၍ သင်တို့အတွက် ငါခံရသောဆင်းရဲဒုက္ခများကြောင့် စိတ်ပျက်အားလျော့ခြင်းမရှိကြရန် ငါတောင်းပန်၏။ ထိုအရာများသည် သင်တို့၏ဂုဏ်သရေဖြစ်၏။
သို့ပြုလျှင် ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်နှင့် ဆီတို့ကို သင်တို့စုသိမ်းနိုင်မည့်အကြောင်း ကိုယ်တော်သည် သင်တို့ပြည်အတွက် မိုးဦး၊ မိုးနှောင်းကို သူ့အချိန်နှင့်သူရွာစေတော်မူမည်။
ညီအစ်ကိုတို့၊ သင်တို့သည် ကောင်းသောအမှုကိုပြုရာ၌ စိတ်ပျက်အားလျော့ခြင်းမရှိကြနှင့်။
ထို့ကြောင့် သင်တို့သည် စိတ်ပင်ပန်းနွမ်းနယ်၍ စိတ်ပျက်ခြင်းမရှိစေရန် အပြစ်သားတို့၏ထိုကဲ့သို့သောဆန့်ကျင်မှုကိုသည်းခံတော်မူသောအရှင်ကို အောက်မေ့ဆင်ခြင်ကြလော့။
ထို့ပြင် “ငါ့သား၊ ထာဝရဘုရား၏ဆုံးမပဲ့ပြင်တော်မူခြင်းကို အလေးမထားဘဲမနေနှင့်။ ကိုယ်တော်၏ဆိုဆုံးမခြင်းကိုခံရသောအခါ စိတ်မပျက်နှင့်။
အကြောင်းမူကား ငါတို့သည် အစ၌ရှိသောစိတ်ချမှုကို အဆုံးတိုင်အောင် ခိုင်မြဲစွာစွဲကိုင်ထားလျှင် ခရစ်တော်နှင့်စပ်ဆိုင်သောသူများဖြစ်ကြ၏။
ခရစ်တော်မူကား သားတော်အဖြစ် ဘုရားသခင်၏အိမ်တော်အပေါ်သစ္စာရှိတော်မူ၏။ ငါတို့သည် ယုံကြည်စိတ်ချခြင်းနှင့် မျှော်လင့်ခြင်း၌ဂုဏ်ယူဝါကြွားခြင်းတို့ကို စွဲကိုင်ထားလျှင် ဘုရားသခင်၏အိမ်တော်ဖြစ်ကြ၏။
သို့ဖြစ်၍ ညီအစ်ကိုတို့၊ သခင်ဘုရားကြွလာတော်မူသည့်တိုင်အောင် စိတ်ရှည်သည်းခံကြလော့။ ခြံသမားသည် မြေမှအဖိုးတန်သည့်အသီးအနှံကို မိုးဦးနှင့်မိုးနှောင်းရွာသည်အထိ စိတ်ရှည်စွာစောင့်တတ်၏။
အဘယ်ကြောင့်ဆိုသော် ကောင်းသောအမှုကိုပြုခြင်းအားဖြင့် မိုက်မဲသောသူတို့၏အသိဉာဏ်ကင်းမဲ့မှုကို တိတ်ဆိတ်စေခြင်းသည် ဘုရားသခင်၏အလိုတော်ဖြစ်၏။
အကြောင်းမူကား ဘုရားသခင်အလိုတော်ရှိလျှင် မကောင်းသောအမှုကိုပြု၍ ဒုက္ခဝေဒနာခံစားရခြင်းထက် ကောင်းသောအမှုကိုပြု၍ ဒုက္ခဝေဒနာခံစားရခြင်းသည် သာ၍ကောင်း၏။
ထို့ကြောင့် ဘုရားသခင်၏အလိုတော်အရ ဒုက္ခဝေဒနာခံစားရသောသူတို့သည် ကောင်းသောအမှုကိုပြုရာ၌ မိမိတို့၏စိတ်ဝိညာဉ်ကို သစ္စာနှင့်ပြည့်စုံသောဖန်ဆင်းရှင်ထံသို့ အပ်နှံထားကြစေ။
ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။ အောင်မြင်သောသူအား ဝှက်ထားသောမန္နကို ငါပေးမည်။ ဖြူသောကျောက်ကိုလည်း ငါပေးမည်။ ထိုကျောက်ပေါ်၌ ၎င်းကိုခံယူရရှိသူမှတစ်ပါး မည်သူမျှမသိသော နာမည်အသစ်ကိုရေးထား၏။
သင်သည် သည်းခံခြင်းရှိလျက် ငါ၏နာမအတွက် အပင်ပန်းခံ၍ အားလျော့ခြင်းမရှိခဲ့ချေ။
ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။ အောင်မြင်သောသူအား ဘုရားသခင်၏ပရဒိသုဘုံ၌ရှိသော အသက်ပင်၏အသီးကို ငါစားခွင့်ပေးမည်။