Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဝတ်​ပြု 26:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ငါ​သည် သင်​တို့​အဖို့ မိုး​ကို သူ့​ရာသီ​နှင့်​သူ​ရွာ​စေ​သဖြင့် မြေ​သည် အသီးအနှံ​ဖြစ်ထွန်း​လိမ့်မည်​။ လယ်ယာ​ရှိ​အပင်​တို့​သည် ကောက်ပဲသီးနှံ​ဖြစ်ထွန်း​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 ငါ​သည်​အ​ချိန်​တန်​သော​အ​ခါ​မိုး​ကို​ရွာ​စေ သ​ဖြင့် လယ်​များ​မှ​အ​သီး​အ​နှံ​ထွက်​လျက် သစ်​သီး​ပင်​များ​မှ​အ​သီး​သီး​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 ငါ သည် ဥ တု အ လျောက် မိုး ရွာ စေ၍ မြေ လည်း အ သီး အ နှံ ကို ပေး လျက်၊ ခြံ ရှိ အ ပင် များ လည်း အ သီး သီး လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 အ​ချိန်​တန်​မှ ငါ​သည်​သင်​တို့​အ​ဖို့ မိုး​ရွာ​စေ​သ​ဖြင့်၊ မြေ​သည် မိ​မိ​ဘ​ဏ္ဍာ​ကို​ပေး၍၊ ဥ​ယျာဉ်​အ​ပင်​တို့​သည် အ​သီး​သီး​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 26:4
31 ပူးပေါင်းရင်းမြစ်များ  

အေးချမ်း​စွာ​မျိုးစေ့​ကြဲ​ရ​လိမ့်မည်​။ စပျစ်ပင်​သည် အသီး​သီး​လိမ့်မည်​။ မြေကြီး​သည်​လည်း အသီးအနှံ​ကို ဖြစ်ထွန်း​စေ​လိမ့်မည်​။ မိုးကောင်းကင်​မှ နှင်းကျ​လိမ့်မည်​။ ငါ​သည် ကြွင်းကျန်​သော​ဤ​လူမျိုး​တို့​အား ဤ​အရာ​အားလုံး​တို့​ကို အမွေ​ခံစား​ရ​စေ​မည်​။


မြေကြီး​သည် မိမိ​၏​အသီးအနှံ​တို့​ကို​ဖြစ်ထွန်း​စေ​ပြီ​။ ဘုရားသခင်​တည်းဟူသော ငါ​တို့​၏​ဘုရားသခင်​သည် ငါ​တို့​ကို​ကောင်းချီးပေး​တော်မူ​လိမ့်မည်​။


သစ်သီးဝလံ​နှင့် ကောက်ပဲသီးနှံ​တို့​ကို ပေါကြွယ်ဝ​စေ​မည်​။ သို့မှ အငတ်ဘေး​ကြောင့် လူမျိုးခြား​တို့​ကဲ့ရဲ့​ခြင်း​ကို သင်​တို့​ကြုံ​ရ​တော့​မည်​မ​ဟုတ်​။


ကိုယ်တော်​သည် မြေ​၌​သင်​ကြဲ​သော​မျိုးစေ့​အတွက် မိုး​ကို​ရွာ​စေ​တော်မူ​သဖြင့် မြေ​မှ​ထွက်​သော​အစားအစာ​သည် ပေါများ​ကြွယ်ဝ​မည်​။ ထို​နေ့ရက်​တွင် သင်​၏​တိရစ္ဆာန်​တို့​သည် ကျယ်ပြန့်​သော​မြက်ခင်းပြင်​၌ ကျက်စား​ကြ​မည်​။


မြေ​မျက်နှာပြင်​ပေါ်တွင် မိုးရွာ​စေ​သော​အရှင်​၊ လယ်ကွင်း​များ​သို့ ရေ​ကို​ရောက်​စေ​သော​အရှင် ဖြစ်​တော်မူ​၏​။


ထာဝရဘုရား​သည် ကြွယ်ဝ​သော​မိုးကောင်းကင်​ဘဏ္ဍာတိုက်​ကို ဖွင့်ပေး​တော်မူ​ပြီး သင်​၏​ပြည်​၌ မိုး​ကို သူ့​အချိန်​နှင့်​သူ​ရွာ​စေ​တော်မူ​၍ သင်​လုပ်ဆောင်​လေရာရာ​တို့​ကို​ကောင်းချီးပေး​တော်မူ​မည်​။ သင်​သည် လူမျိုး​များစွာ​တို့​အား ချေးငှား​ပေး​ရ​မည်​။ ချေးယူ​ရ​မည်​မ​ဟုတ်​။


သို့ပြုလျှင် ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​နှင့် ဆီ​တို့​ကို သင်​တို့​စုသိမ်း​နိုင်​မည့်​အကြောင်း ကိုယ်တော်​သည် သင်​တို့​ပြည်​အတွက် မိုးဦး​၊ မိုးနှောင်း​ကို သူ့​အချိန်​နှင့်​သူ​ရွာ​စေ​တော်မူ​မည်​။


ငါ​သည် ဆဋ္ဌမ​နှစ်​၌ သင်​တို့​အပေါ်​သို့ ငါ​၏​ကောင်းချီးမင်္ဂလာ​ကို သက်ရောက်​စေ​မည်​။ ထို​နှစ်​၌ သုံး​နှစ်​စာ​အသီးအနှံ ထွက်​လိမ့်မည်​။


သို့သော် မိမိ​အကြောင်း​ကို သက်သေ​မ​ခံ​ဘဲ​နေ​တော်မူ​သည်​မ​ဟုတ်။ ကိုယ်တော်​သည် သင်​တို့​အတွက် ကောင်းကင်​မှ​မိုး​ရွာ​စေ​တော်မူ​၍ အသီးအနှံ​ဖြစ်ထွန်း​သော ရာသီ​တို့​ကို​ပေး​ကာ အစာ​အာဟာရ​နှင့်​ဝမ်းမြောက်​ခြင်း​တို့​ဖြင့် သင်​တို့​စိတ်နှလုံး​ကို ပြည့်ဝ​စေ​လျက် ကောင်း​သော​အမှု​ကို ပြု​တော်မူ​၏”​ဟု အော်ဟစ်​ပြောဆို​ကြ​၏။


သို့မှသာ သင်​တို့​သည် ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော သင်​တို့​အဖ​၏​သား​များ​ဖြစ်​ကြ​လိမ့်မည်။ အကြောင်းမူကား ကိုယ်တော်​သည် မကောင်း​သော​သူ​များ​နှင့်​ကောင်း​သော​သူ​များ​အပေါ် မိမိ​၏​နေ​ကို​ထွက်​စေ​တော်မူ​၍ ဖြောင့်မတ်​သော​သူ​များ​နှင့်​မ​ဖြောင့်မတ်​သော​သူ​များ​အပေါ် မိုး​ရွာ​စေ​တော်မူ​၏။


အကယ်စင်စစ် ထာဝရဘုရား​သည် ကောင်းမြတ်​သော​အရာ​ကို ပေးသနား​တော်မူ​၍ ငါ​တို့​၏​ပြည်​သည်​လည်း ၎င်း​၏​အသီးအနှံ​တို့​ကို​ပေး​လိမ့်မည်​။


အို ဘုရားသခင်​၊ ကိုယ်တော်​သည် မိုး​ကို​များစွာ​ရွာသွန်း​စေ​၍ ကိုယ်တော်​၏​အမွေ​တော်​သည် အားအင်ကုန်ခန်း​သောအခါ ၎င်း​ကို ပြန်လည်​လန်းဆန်း​စေ​တော်မူ​၏​။


သူ​တို့​ပရောဖက်ပြု​ဟောပြော​သည့်​နေ့ရက်​များ​အတွင်း မိုး​မ​ရွာ​စေရန် ကောင်းကင်​ကို ပိတ်​ထား​နိုင်​သည့်​အခွင့်​ရှိ​ပြီး ရေ​ကို​သွေး​အဖြစ်​သို့ ပြောင်းလဲ​စေ​နိုင်​သော​အခွင့်​မှစ၍ သူ​တို့​အလိုရှိ​သည့်အခါ​တိုင်း ကမ္ဘာ​မြေကြီး​ကို ဘေးဒဏ်​အမျိုးမျိုး​ဖြင့် ဒဏ်ခတ်​နိုင်​သော​အခွင့်​များ​ရှိ​ကြ​၏။


သို့ဖြစ်၍ ညီအစ်ကို​တို့၊ သခင်​ဘုရား​ကြွလာ​တော်မူ​သည့်​တိုင်အောင် စိတ်ရှည်​သည်းခံ​ကြ​လော့။ ခြံသမား​သည် မြေ​မှ​အဖိုးတန်​သည့်​အသီးအနှံ​ကို မိုးဦး​နှင့်​မိုးနှောင်း​ရွာ​သည်​အထိ စိတ်ရှည်​စွာ​စောင့်​တတ်​၏။


လူမျိုးခြား​တို့​၏​ရုပ်တု​တို့​သည် မိုး​ကို​ရွာ​စေ​နိုင်​သလော​။ ကောင်းကင်​သည်​လည်း မိုး​ကို​ရွာ​စေ​နိုင်​သလော​။ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​သာလျှင် တတ်နိုင်​တော်မူ​သည်​မ​ဟုတ်​လော​။ ကိုယ်တော်​သည် အလုံးစုံ​ကို တတ်နိုင်​တော်မူ​သည်​ဖြစ်၍ အကျွန်ုပ်​တို့​သည် ကိုယ်တော်​ကို​စောင့်မျှော်​ပါ​၏​။


ရှင်းလင်းပြုစု​ခြင်း​၊ တူးဆွပေါင်းသင်​ခြင်း​မ​ခံရ​ဘဲ ချုံပင်​၊ ဆူးပင်​များ​ပေါက်ရောက်​ရာ ဖုန်းဆိုးမြေ​ဖြစ်​မည်​။ ထို​ခြံ​အပေါ် မိုး​မ​ရွာသွန်း​စေရန် တိမ်တိုက်​တို့​ကို ငါ​မိန့်မှာ​မည်​။


ကိုယ်တော်​သည် တောင်​များ​ကို မိမိ​၏​အထက်ခန်း​တို့​မှ ရေလောင်း​တော်မူ​၏​။ ကမ္ဘာမြေကြီး​သည် ကိုယ်တော်​ပြု​တော်မူ​သော အမှု​တို့​၏​အသီးအပွင့်​ကြောင့် ပြည့်စုံကြွယ်ဝ​လျက်​ရှိ​ပါ​၏​။


ဂိလဒ်​ပြည်​ရှိ တိရှဘိ​မြို့သား​ဧလိယ​က အာဟပ်​မင်းကြီး​အား “​ငါ​ကိုးကွယ်​သော အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ ဤ​နှစ်​များ​အတွင်း ငါ​အမိန့်​မ​ပေး​ဘဲ မိုး​မ​ရွာ​၊ နှင်း​မ​ကျ​စေ​ရ​”​ဟု ဆို​၏​။


ထို​ပြည်​၌ အသီးအနှံ​ဖြစ်ထွန်း​၍ သင်​တို့​သည် ဝ​စွာ​စား​ရ​မည်​။ ဘေးကင်းလုံခြုံ​စွာ​နေထိုင်​ရ​မည်​။


သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ချစ်​၍ စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ ကိုယ်တော်​ကို​ဝတ်ပြု​လော့​။ ယနေ့ သင်​တို့​အား ငါ​ဆင့်ဆို​သည့် ပညတ်တော်​တို့​ကို သေချာ​စွာ​နားထောင်​လော့​။


ဘုရားသခင်​သည် ငါ​တို့​ကို​ကောင်းချီးပေး​တော်မူ​မည်​ဖြစ်၍ ကမ္ဘာမြေ​အစွန်း​ရှိသမျှ​တို့​သည် ကိုယ်တော်​ကို​ကြောက်ရွံ့​ကြ​လိမ့်မည်​။


ဖြောင့်မတ်​ခြင်း​သည် ကိုယ်တော်​၏​ရှေ့​မှ​သွား​၍ ကိုယ်တော်​၏​ခြေလှမ်း​များ​အတွက် လမ်း​ကို​ပြင်ဆင်​ပေး​လိမ့်မည်​။


အို တောတိရစ္ဆာန်​တို့​၊ မ​ကြောက်​ကြ​နှင့်​။ ကန္တာရ​သည် စိမ်းလန်း​သော​စားကျက်မြေ ဖြစ်လာ​မည်​။ အပင်​များ အသီး​သီး​မည်​။ သဖန်းပင်​နှင့် စပျစ်ပင်​တို့​လည်း အလွန်​ဖြစ်ထွန်း​ကြ​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ