Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 45:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ‘​သင်​က ငါ​၌ အမင်္ဂလာ​ရှိ​၏​။ ထာဝရဘုရား​သည် ငါ့​ဒုက္ခဝေဒနာ​အပေါ် ဝမ်းနည်း​ခြင်း​ကို ထပ်ဆင့်တင်​တော်မူ​သဖြင့် ငါ​သည် ညည်းတွား​ရ​၍ ပင်ပန်း​လှ​ပြီ​၊ သက်သာ​ရာ​မ​ရ​ဟူ၍ ဆို​လေ​ပြီ​’​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား​တစ်​ပူ ပေါ်​တွင်​တစ်​ပူ​ဆင့်​၍​ပေး​တော်​မူ​သော​ကြောင့် သင်​သည်​အ​ရှုံး​ပေး​လျက်​ငြီး​တွား​မှု​ဖြင့် ပင်​ပန်း​နွမ်း​နယ်​လျက်​စိတ်​တည်​ငြိမ်​မှု​မ​ရ နိုင်​ဟု​ဆို​ချေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 45:3
28 ပူးပေါင်းရင်းမြစ်များ  

“​ယနေ့​တွင် ဝေဒနာ​ကို ခါးသီး​စွာ​ခံစား​နေ​ရ​ပါ​၏​။ ညည်းတွား​ရ​လွန်း​၍ ငါ​လက်ပန်းကျ​ကုန်​ပြီ​။


ငါ​သည် မေရှက်​ပြည်​၌​တည်းခို​ပြီး ကေဒါ​အမျိုးသား​တို့​၏​တဲ​များ​တွင်​နေ​ရ​သောကြောင့် အမင်္ဂလာ​ရှိ​၏​။


အကယ်စင်စစ် အသက်ရှင်​သော​သူ​တို့​၏​ပြည်​၌ ထာဝရဘုရား​၏​ကောင်းမြတ်​ခြင်း​ကို တွေ့မြင်​ရ​မည်​ဟု ငါ​ယုံကြည်​စိတ်ချ​၏​။


ကိုယ်တော်​၏​ရေတံခွန်​တို့​မြည်ဟည်းသံ​ဖြင့် နက်ရှိုင်း​ရာ​အရပ်​သည် နက်ရှိုင်း​ရာ​အရပ်​ကို​ဟစ်ခေါ်​ပါ​၏​။ ကိုယ်တော်​၏​လှိုင်းလုံး​များ​နှင့် လှိုင်းတံပိုး​အပေါင်း​တို့​သည် အကျွန်ုပ်​အပေါ်​လွှမ်းမိုး​သွား​ကြ​ပါ​၏​။


အကျွန်ုပ်​သည် ညည်းတွား​ရ​သဖြင့်​ပင်ပန်း​လှ​ပါ​၏​။ ညစဉ်ညတိုင်း အကျွန်ုပ်​၏​မျက်ရည်​များ​ဖြင့် အကျွန်ုပ်​၏​ညောင်စောင်း​သည် အိုင်ထွန်း​၍ အကျွန်ုပ်​၏​ခုတင်​သည် စိုရွှဲ​လျက်​ရှိ​ပါ​၏​။


အကျွန်ုပ်​၏​မျက်စိ​သည် ပူဆွေး​ခြင်း​ကြောင့်​အားယုတ်​၍ အကျွန်ုပ်​၏​ရန်သူ​အပေါင်း​တို့​ကြောင့် မှုန်ဝါး​သွား​ပါ​၏​။


အကျွန်ုပ်​သည် ဟစ်ခေါ်​ရ​၍ ပင်ပန်း​ပါ​ပြီ​။ အကျွန်ုပ်​၏​အာခေါင်​သည် ခြောက်​ပါ​ပြီ​။ အကျွန်ုပ်​၏​မျက်စိ​သည် အကျွန်ုပ်​၏​ဘုရားသခင်​ကို​မျှော်ကြည့်​ရ​၍ အားအင်ကုန်ခန်း​ပါ​ပြီ​။


သင်​သည် ဆင်းရဲဒုက္ခ​ရောက်​သော​ကာလ​၌ စိတ်အားလျော့​လျှင် သင်​၏​ခွန်အား​သည် နည်း​လိမ့်မည်​။


“အို ဗာရုတ်​၊ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က သင့်​အား


ငါ​သည် ဖြေမဆည်​နိုင်​လောက်အောင် ဝမ်းနည်း​၏​။ ငါ့​စိတ်နှလုံး​သည် ညှိုးနွမ်း​လျက်​ရှိ​၏​။


မည်သူ​သည် ငါ့​ခေါင်း​ကို ရေ​တွင်း​ဖြစ်စေ​မည်နည်း​။ မည်သူ​သည် ငါ့​မျက်စိ​ကို မျက်ရည်​ထွက်​သော​စမ်း​ဖြစ်​စေ​မည်နည်း​။ သို့ဖြစ်လျှင် အသတ်ခံရ​သော​ငါ့​လူမျိုး​သမီးပျို​အတွက် ငါ​သည် နေ့​ည​မပြတ်​ငိုကြွေး​နိုင်​လိမ့်မည်​။


ကိုယ်တော်​သည် ကောင်းကင်​မှ​မီး​ကို စေလွှတ်​၍ ငါ့​အရိုး​များ​ကို လောင်ကျွမ်း​စေ​တော်မူ​ပြီ​။ ငါ့​ခြေ​ရှေ့​၌ ပိုက်ကွန်​ကို​ဖြန့်​ထား​ပြီ​။ ငါ့​ကို​နောက်​သို့​ပြန်လှည့်​စေ​တော်မူ​ပြီ​။ ငါ့​ကို အထီးကျန်​စေ​တော်မူ​၍ ငါ​သည် တစ်နေ့လုံး ညှိုးငယ်​လျက်​နေ​ရ​ပါ​ပြီ​။


သူ​တို့​ပြု​သော​မကောင်းမှု​အလုံးစုံ​တို့​သည် ကိုယ်တော်​၏​ရှေ့​တော်​သို့ ရောက်​ပါစေ​။ အကျွန်ုပ်​ကျူးလွန်​မိ​သော​အပြစ်​အလုံးစုံ​အတွက် အကျွန်ုပ်​ခံရ​သကဲ့သို့ သူ​တို့​ကို​လည်း ခံရ​စေ​ပါ​။ အကျွန်ုပ်​အလွန်​ညည်းတွား​ရ​သည်​ဖြစ်၍ စိတ်နှလုံး​ညှိုးနွမ်း​လျက်​ရှိ​ပါ​၏​။


ဝမ်းနည်းကြေကွဲ​စေ​တော်မူ​သော်လည်း မေတ္တာကရုဏာ​ကြီးမား​တော်မူ​သည်​နှင့်အညီ သနားစုံမက်​တော်မူ​လိမ့်မည်​။


ထို့ကြောင့် ငါ​တို့​သည် ကရုဏာ​တော်​ကို​ခံစား​ရ​လျက် ဤ​အမှု​တော်​ကို​ဆောင်ရွက်​ရ​သည်​ဖြစ်၍ စိတ်ပျက်​အားလျော့​ခြင်း​မ​ရှိ​ကြ​ချေ။


ထို့ကြောင့် ငါ​တို့​သည် စိတ်ပျက်​အားလျော့​ခြင်း​မ​ရှိ​ကြ။ ငါ​တို့​၏​ပြင်ပ​လူ့​ခန္ဓာ​သည် ယိုယွင်း​ပျက်စီး​နေ​သော်လည်း ငါ​တို့​၏​အတွင်း​ဝိညာဉ်​မူကား တစ်​နေ့​ထက်​တစ်​နေ့ အသစ်​ပြုပြင်​ခြင်း​ကို​ခံရ​၏။


ငါ​တို့​သည် ကောင်း​သော​အမှု​ကို​ပြု​ရာ​၌ စိတ်ပျက်​အားလျော့​ခြင်း​မ​ရှိ​ဘဲ နေ​ကြ​ကုန်စို့။ အကြောင်းမူကား စိတ်​မ​ပျက်​ဘဲ​နေ​လျှင် အချိန်တန်​သောအခါ ရိတ်သိမ်း​ရ​ကြ​လိမ့်မည်။


ညီအစ်ကို​တို့၊ သင်​တို့​သည် ကောင်း​သော​အမှု​ကို​ပြု​ရာ​၌ စိတ်ပျက်​အားလျော့​ခြင်း​မ​ရှိ​ကြ​နှင့်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ