Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ဗြဲ 12:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ထို့ကြောင့် သင်​တို့​သည် စိတ်​ပင်ပန်း​နွမ်းနယ်​၍ စိတ်ပျက်​ခြင်း​မ​ရှိ​စေရန် အပြစ်သား​တို့​၏​ထိုကဲ့သို့သော​ဆန့်ကျင်​မှု​ကို​သည်းခံ​တော်မူ​သော​အရှင်​ကို အောက်မေ့​ဆင်ခြင်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 အ​ပြစ်​သား​တို့​၏​ပြင်း​ထန်​စွာ​မုန်း​တီး​ခြင်း ကို​ကိုယ်​တော်​အ​ဘယ်​မျှ​ခံ​တော်​မူ​ကြောင်း သင်​တို့​ထောက်​ရှု​ဆင်​ခြင်​လျက်​စိတ်​ပျက် အား​လျော့​ခြင်း​မ​ရှိ​ကြ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 သင် တို့ သည် စိတ် ပျက် အား လျော့ ခြင်း မ ရှိ ကြ စေ ရန် ထို မျှ လောက် အ ပြစ် သား တို့ ငြင်း ဆန် ခြင်း ကို သည်း ခံ တော် မူ သော အ ရှင် နှင့် နှိုင်း ယှဉ် ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 အ​ပြစ်​ရှိ​သော​သူ​တို့​လက်​တွင်၊ ထို​မျှ​လောက်​ကြီး​စွာ​သော ဆီး​တား​နှောင့်​ယှက်​ခြင်း​ကို ခံ​တော်​မူ​သော​သ​ခင်​ကို ထောက်​ရှု​ဆင်​ခြင်​သော​အား​ဖြင့်၊ အား​လျော့​စိတ်​ပျက်​ခြင်း​နှင့် ကင်း​လွတ်​အံ့​သော​ငှာ ကြိုး​စား​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

3 အပြစ်သားများ​၏ ဆန့်ကျင်​ပုန်ကန်မှု​ကို ခံတော်မူသော​ကိုယ်တော်​၏​အကြောင်း​ကို ဆင်ခြင်လော့။ သို့ပြုလျှင် သင်တို့​သည် စိတ်မပျက် အားမလျော့ဘဲ ရှိ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 12:3
46 ပူးပေါင်းရင်းမြစ်များ  

သင်​သည် ဆင်းရဲဒုက္ခ​ရောက်​သော​ကာလ​၌ စိတ်အားလျော့​လျှင် သင်​၏​ခွန်အား​သည် နည်း​လိမ့်မည်​။


မောပန်း​သော​သူ​အမောပြေ​စေရန် မည်သို့​ပြောဆို​ရ​မည်​ကို သိရှိ​ဖို့ ဘုရားရှင်​ထာဝရဘုရား​သည် ငါ့​အား နှုတ်မှုပညာ​ကို​သွန်သင်​ပေး​တော်မူ​၏​။ နံနက်တိုင်း ငါ့​ကို​နှိုးဆော်​တော်မူ​၏​။ စာသင်သား​ကဲ့သို့ နားထောင်​ဖို့ ငါ့​ကို​နှိုးဆော်​တော်မူ​၏​။


လူ့သား​သည် ရောက်လာ​၍ စား​သောက်​လျက်​နေ​သော် ‘ကြည့်ရှု​လော့။ သူ​သည် အစားကြူး​သော​သူ၊ သေသောက်ကြူး​သော​သူ​ဖြစ်ပြီး အခွန်​ကောက်ခံ​သူ​များ​နှင့် အပြစ်သား​များ​၏​အပေါင်းအသင်း​ဖြစ်​ပါ​သည်​တကား’​ဟု ဆို​ကြ​ပြန်​၏။ သို့သော် ဉာဏ်ပညာ​တော်​သည် ဖြောင့်မတ်​ကြောင်း မိမိ​၏​လုပ်ဆောင်မှု​များ​က ဖော်ပြ​၏”​ဟု မိန့်​တော်မူ​၏။


ဖာရိရှဲ​တို့​သည်​ကြား​လျှင် “ဤ​သူ​သည် နတ်ဆိုး​တို့​၏​အကြီးအကဲ ဗေလဇေဗုလ​ကို​အမှီပြု​၍ နတ်ဆိုး​တို့​ကို နှင်ထုတ်​နေ​ခြင်း​သာ​ဖြစ်​သည်”​ဟု ပြောဆို​ကြ​၏။


“သင်​၏​တပည့်​များ​သည် အဘယ်ကြောင့် ရှေး​လူကြီး​တို့​၏​ဓလေ့​ထုံးတမ်း​ကို ချိုးဖောက်​ကြ​သနည်း။ အကြောင်းမှာ သူ​တို့​သည် အစာ​စား​သည့်​အခါ သူ​တို့​၏​လက်​ကို​မ​ဆေး​ကြ​ပါ”​ဟု လျှောက်​ကြ​၏။


ထို့နောက် ဗိမာန်​တော်​ထဲသို့​ဝင်​၍ သွန်သင်​တော်မူ​စဉ် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် လူထု​ထဲမှ သက်ကြီးဝါကြီး​များ​သည် အထံ​တော်​သို့ ချဉ်းကပ်​လာ​၍ “သင်​သည် ဤ​အမှုအရာ​များ​ကို မည်သည့်​အခွင့်​အာဏာ​နှင့်​ပြု​သနည်း။ ထို​အခွင့်​အာဏာ​ကို မည်သူ​က သင့်​အား​ပေး​သနည်း”​ဟု မေးမြန်း​ကြ​၏။


ကိုယ်တော်​ကို​ဖမ်းဆီး​ရန် ရှာကြံ​ကြ​၏။ သို့သော် လူထု​ပရိသတ်​တို့​သည် ကိုယ်တော်​ကို ပရောဖက်​တစ်​ပါး​အဖြစ် မှတ်ယူ​ကြ​သောကြောင့် သူ​တို့​သည် လူ​တို့​ကို ကြောက်​ကြ​၏။


ထိုအခါ ဖာရိရှဲ​တို့​သည် ထွက်သွား​၍ ကိုယ်တော်​ကို နှုတ်​တော်​ထွက်​စကား​ဖြင့် အကွက်ဆင်​ဖမ်း​နိုင်​ရန် တိုင်ပင်​ဆွေးနွေး​ကြ​၏။


တစ်​နေ့​သော​ဥပုသ်နေ့​၌ ကိုယ်တော်​သည် အစားအစာ​သုံးဆောင်​ရန် ဖာရိရှဲ​အကြီးအကဲ​တစ်​ဦး​၏​အိမ်​သို့​ဝင်​တော်မူ​လျှင် သူ​တို့​သည် ကိုယ်တော်​ကို​စောင့်ကြည့်​နေ​ကြ​၏။


ထိုအခါ ဖာရိရှဲ​နှင့်​ကျမ်းပြု​ဆရာ​တို့​က “ဤ​သူ​သည် အပြစ်သား​များ​ကို​လက်ခံ​၍ သူ​တို့​နှင့်အတူ​စား​သောက်​ပါ​သည်​တကား”​ဟု ဝေဖန်​ပြစ်တင်​ကြ​၏။


ငွေ​ကို​တပ်မက်​သော​ဖာရိရှဲ​တို့​သည် ဤ​အရာ​အားလုံး​ကို​ကြား​လျှင် ကိုယ်တော်​ကို​ပြက်ရယ်ပြု​ကြ​၏။


ထို့နောက် ရှိမောင်​သည် သူ​တို့​ကို​ကောင်းချီး​ပေး​၍ မယ်တော်​မာရိ​အား “ဤ​သူငယ်​သည် အစ္စရေး​လူမျိုး​ထဲမှ လူ​များစွာ​တို့​ကို လဲ​စေ​သည့်​အကြောင်း​နှင့် ထ​စေ​သည့်​အကြောင်း​ဖြစ်​ပြီး ဆန့်ကျင်​ပြောဆို​ခြင်း​ခံရ​မည့်​အမှတ်​လက္ခဏာ​ဖြစ်​ရန် ခန့်အပ်​ထား​ခြင်း​ခံရ​၏။


ထိုအခါ ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့​က “ဘုရားသခင်​ကို​စော်ကား​ပြောဆို​သော​ဤ​သူ​ကား မည်သူ​နည်း။ ဘုရားသခင်​မှတစ်ပါး မည်သူ​သည် အပြစ်​များ​ကို​ခွင့်လွှတ်​နိုင်​သနည်း”​ဟု တွေးတော​ဆင်ခြင်​ကြ​၏။


သူ​တို့​ထဲမှ အများစု​က “သူ​သည် နတ်ဆိုး​ပူး​၍ ရူးသွပ်​နေ​ပြီ။ သူ့​ကို အဘယ်ကြောင့် နားထောင်​ကြ​သနည်း”​ဟု ဆို​ကြ​၏။


ထိုသို့​မိန့်​တော်မူ​သောအခါ အနီး​၌​ရပ်​နေ​သော အစောင့်​တပ်သား​တစ်​ဦး​က “ယဇ်ပုရောဟိတ်​မင်း​ကို ဤသို့​ပြန်​ပြော​ရ​သလော”​ဟု ဆို​လျက် ယေရှု​ကို​ရိုက်ပုတ်​လေ​၏။


ယေရှု​သည် ဤ​အရာ​များ​ကို ဥပုသ်နေ့​၌​ပြု​တော်မူ​သောကြောင့် ဂျူး​လူမျိုး​တို့​သည် ကိုယ်တော်​ကို လိုက်လံ​ညှဉ်းဆဲ​ကြ​၏။


လူထု​ပရိသတ်​တို့​ထဲတွင် ကိုယ်တော်​နှင့်​ပတ်သက်၍ အမျိုးမျိုး​တီးတိုး​ပြောဆို​နေ​ကြ​၏။ လူ​အချို့​တို့​က “သူ​သည် သူတော်ကောင်း​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ အခြား​သော​သူ​တို့​က​မူ “မ​ဟုတ်​ပါ။ သူ​သည် လူထု​ပရိသတ်​ကို​လှည့်ဖြား​နေ​သည်”​ဟု ဆို​ကြ​၏။


ထိုအခါ ဖာရိရှဲ​တို့​က “သင်​သည် ကိုယ့်​အကြောင်း​ကို​သက်သေခံ​နေ​၏။ သင်​၏​သက်သေခံ​ချက်​သည် မှန်ကန်​မှု​မ​ရှိ”​ဟု ဆို​ကြ​၏။


ထိုအခါ ဂျူး​လူမျိုး​တို့​က “သင့်​ကို​နတ်ဆိုး​ပူး​နေ​ကြောင်း ယခု အကျွန်ုပ်​တို့​သိ​ကြ​ပြီ။ အာဗြဟံ​သည် သေလွန်​ခဲ့​ပြီး ပရောဖက်​တို့​လည်း သေလွန်​ကြ​ပြီ။ သင်​မူကား‘မည်သူမဆို ငါ့​စကား​ကို​လိုက်နာ​စောင့်ထိန်း​လျှင် ကာလ​အစဉ်အဆက် မည်သည့်​အခါ​မျှ သေ​ခြင်း​ကို​မြည်းစမ်း​ရ​မည်​မ​ဟုတ်’​ဟု ဆို​ပါ​သည်​တကား။


ထိုအခါ ဂျူး​လူမျိုး​တို့​သည် ကိုယ်တော်​ကို​ပေါက်​ရန် ကျောက်ခဲ​တို့​ကို​ကောက်​ယူ​ကြ​၏။ သို့သော် ယေရှု​သည် တိမ်းရှောင်​၍​ဗိမာန်​တော်​မှ ထွက်ခွာ​သွား​တော်မူ​၏။


ကိုယ်တော်​နှင့်အတူ​ရှိ​နေ​သော ဖာရိရှဲ​အချို့​တို့​သည် ထို​စကား​ကို​ကြား​လျှင် “အကျွန်ုပ်​တို့​သည်​လည်း မျက်မမြင်​များ​ဖြစ်​ကြ​သလော”​ဟု မေးလျှောက်​ကြ​၏။


ထို့ကြောင့် ငါ​ချစ်​သော​ညီအစ်ကို​တို့၊ သခင်​ဘုရား​၌ သင်​တို့​၏​ကြိုးပမ်း​အားထုတ်​မှု​သည် အချည်းနှီး​မ​ဖြစ်​ကြောင်း​သိမှတ်​၍ ခိုင်မြဲ​စွာ​ရပ်တည်​လျက် ဖောက်ပြန်​ရွေ့လျော​ခြင်း​မ​ရှိ​ဘဲ သခင်​ဘုရား​၏​အမှု​တော်​ကို အစဉ်အမြဲ စွမ်းစွမ်းတမံ​ဆောင်ရွက်​ကြ​လော့။


ထို့ကြောင့် ငါ​တို့​သည် ကရုဏာ​တော်​ကို​ခံစား​ရ​လျက် ဤ​အမှု​တော်​ကို​ဆောင်ရွက်​ရ​သည်​ဖြစ်၍ စိတ်ပျက်​အားလျော့​ခြင်း​မ​ရှိ​ကြ​ချေ။


ထို့ကြောင့် ငါ​တို့​သည် စိတ်ပျက်​အားလျော့​ခြင်း​မ​ရှိ​ကြ။ ငါ​တို့​၏​ပြင်ပ​လူ့​ခန္ဓာ​သည် ယိုယွင်း​ပျက်စီး​နေ​သော်လည်း ငါ​တို့​၏​အတွင်း​ဝိညာဉ်​မူကား တစ်​နေ့​ထက်​တစ်​နေ့ အသစ်​ပြုပြင်​ခြင်း​ကို​ခံရ​၏။


ငါ​တို့​သည် ကောင်း​သော​အမှု​ကို​ပြု​ရာ​၌ စိတ်ပျက်​အားလျော့​ခြင်း​မ​ရှိ​ဘဲ နေ​ကြ​ကုန်စို့။ အကြောင်းမူကား စိတ်​မ​ပျက်​ဘဲ​နေ​လျှင် အချိန်တန်​သောအခါ ရိတ်သိမ်း​ရ​ကြ​လိမ့်မည်။


‘​အို အစ္စရေး​လူမျိုး​တို့​၊ နားထောင်​ကြ​လော့​။ သင်​တို့​၏​ရန်သူ​တို့​နှင့် စစ်တိုက်​ရ​မည့် အချိန်​နီး​ပြီ​။ စိတ်​မ​ပျက်​ကြ​နှင့်​။ မ​ကြောက်​ကြ​နှင့်​။ မ​ချောက်ချား​ကြ​နှင့်​။ ထို​သူ​တို့​ကြောင့် မ​ထိတ်လန့်​ကြ​နှင့်​။


ညီအစ်ကို​တို့၊ သင်​တို့​သည် ကောင်း​သော​အမှု​ကို​ပြု​ရာ​၌ စိတ်ပျက်​အားလျော့​ခြင်း​မ​ရှိ​ကြ​နှင့်။


ယုံကြည်​ခြင်း​ကို​အစပြု​ဖြစ်တည်​စေ​၍ စုံလင်​စေ​သည့်​အရှင်​ဖြစ်​တော်မူ​သော​ယေရှု​ကို မျက်မှောက်​ပြု​ကြ​ကုန်စို့။ ကိုယ်တော်​သည် မိမိ​ရှေ့၌​ပြင်ဆင်​ထား​သော​ဝမ်းမြောက်​ခြင်း​ကြောင့် ရှက်ဖွယ်ရာ​များ​ကို​ပင် အမှုမထား​ဘဲ လက်ဝါးကပ်တိုင်​၏​ဒဏ်​ကို​သည်းခံ​ပြီးလျှင် ဘုရားသခင်​၏​ပလ္လင်​တော်​လက်ယာ​ဘက်​၌ ထိုင်​တော်မူ​၏။


ထို့ပြင် “ငါ့​သား၊ ထာဝရ​ဘုရား​၏​ဆုံးမ​ပဲ့ပြင်​တော်မူ​ခြင်း​ကို အလေးမထား​ဘဲ​မ​နေ​နှင့်။ ကိုယ်တော်​၏​ဆိုဆုံးမ​ခြင်း​ကို​ခံရ​သောအခါ စိတ်​မ​ပျက်​နှင့်။


သို့ဖြစ်၍ ကောင်းကင်​နှင့်ဆိုင်သော ခေါ်ယူ​တော်မူ​ခြင်း​၌​ပါဝင်​သည့် သန့်ရှင်း​သော​ညီအစ်ကို​တို့၊ ငါ​တို့​ယုံကြည်​ဝန်ခံ​သည့် တမန်တော်​နှင့်​ယဇ်ပုရောဟိတ်​မင်း​တည်းဟူသော ယေရှု​အကြောင်း​ကို ဆင်ခြင်​အောက်မေ့​ကြ​လော့။


ပုတ်ခတ်​ပြောဆို​ခြင်း​ခံရ​သောအခါ ပြန်​၍​မ​တုံ့ပြန်၊ ဒုက္ခ​ဝေဒနာ​ခံစား​ရ​သောအခါ​၌​လည်း ခြိမ်းခြောက်​ခြင်း​ကို​မ​ပြု​ဘဲ ဖြောင့်မတ်​စွာ​တရား​စီရင်​တော်မူ​သော​အရှင်​ထံသို့ မိမိ​ကိုယ်​ကို​အပ်နှံ​တော်မူ​၏။


သင်​သည် သည်းခံ​ခြင်း​ရှိ​လျက် ငါ​၏​နာမ​အတွက် အပင်ပန်း​ခံ​၍ အားလျော့​ခြင်း​မ​ရှိ​ခဲ့​ချေ။


ထာဝရဘုရား​သည် သင်​တို့​အဖို့ မည်မျှ​ကြီးမား​သော​အမှု​ပြု​တော်မူ​သည်​ကို ဆင်ခြင်​၍ ထာဝရဘုရား​ကို ကြောက်ရွံ့ရိုသေ​ကြ​လော့​။ သစ္စာရှိ​လျက် ကိုယ်တော့်​ကို စိတ်နှလုံး​အကြွင်းမဲ့ ဝတ်ပြု​ကြ​လော့​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ