လေအာသည် ကိုယ်ဝန်ဆောင်၍ သားကိုမွေးဖွားသော် “ထာဝရဘုရားသည် ငါခံရသောဖိစီးနှိပ်စက်မှုကို ကြည့်ရှုတော်မူပြီ။ အကယ်စင်စစ် ငါ့ယောက်ျားသည် ယခုငါ့ကိုချစ်လိမ့်မည်”ဟု ဆိုလျက် ထိုသား၏အမည်ကို ရုဗင် ဟုမှည့်ခေါ်လေ၏။
ကမ္ဘာဦး 49:3 - မြန်မာ့စံမီသမ္မာကျမ်း ရုဗင်၊ သင်သည် ငါ၏သားဦး၊ ငါ၏အစွမ်း၊ ငါ့အဦးဆုံးအားမာန်၊ ဘုန်းအထွတ်၊ ခွန်အားအထွတ်ဖြစ်၏။ Common Language Bible ရုဗင်၊သင်သည်ငါ၏သားဦး၊ငါ၏စွမ်းအား ငါပျိုရွယ်ချိန်၌ရသောသားဦးရှိသမျှ တို့တွင် အရေးပါအရာရောက်ဆုံးခွန်အားအကြီး ဆုံးဖြစ်၏။ Garrad Bible ရု ဗင်၊ သင် သည် ငါ့ သား ဦး၊ ငါ့ အ စွမ်း၊ ငါ့ ခွန် အား၏ က န ဦး၊ ဘုန်း တန် ခိုး အ ထွဋ် အ မြတ် ဖြစ် သော် လည်း၊ Judson Bible အိုရုဗင်၊ သင်သည် ငါ့သားဦး၊ ငါ့အစွမ်းသတ္တိ၊ ငါ့ခွန်အားအစအဦး၊ ဘုန်းအထွတ်၊ တန်ခိုးအထွတ်ဖြစ်၏။ |
လေအာသည် ကိုယ်ဝန်ဆောင်၍ သားကိုမွေးဖွားသော် “ထာဝရဘုရားသည် ငါခံရသောဖိစီးနှိပ်စက်မှုကို ကြည့်ရှုတော်မူပြီ။ အကယ်စင်စစ် ငါ့ယောက်ျားသည် ယခုငါ့ကိုချစ်လိမ့်မည်”ဟု ဆိုလျက် ထိုသား၏အမည်ကို ရုဗင် ဟုမှည့်ခေါ်လေ၏။
အစ္စရေးသည် ထိုပြည်၌နေထိုင်စဉ် ရုဗင်သည်သွား၍ မိမိဖခင်၏မယားငယ်ဗိလဟာနှင့်အိပ်လေ၏။ အစ္စရေးသည် ထိုအကြောင်းကို ကြား၏။ ယာကုပ်၌ သားတစ်ဆယ့်နှစ်ယောက်ရှိ၏။
လေအာ၏သားများမှာ ရုဗင်(ယာကုပ်၏သားဦး)၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန် တို့ဖြစ်ကြ၏။
အီဂျစ်ပြည်သို့ရောက်လာသော အစ္စရေး၏သားမြေးများတည်းဟူသော ယာကုပ်နှင့်သူ၏သားမြေးများ၏အမည်ကား ဤသို့တည်း။ ယာကုပ်၏သားဦးမှာ ရုဗင် ဖြစ်၏။
ယောသပ်က ဖခင်အား “ထိုသို့မဟုတ်ပါ၊ အဖေ။ ဤတစ်ယောက်သည် သားဦးဖြစ်ပါ၏။ အဖေ၏လက်ယာလက်ကို သူ့ခေါင်းပေါ်၌တင်ပါလော့”ဟု ဆို၏။
အစ္စရေး၏သားဦး ရုဗင်၏သားများမှာ ဤသို့ဖြစ်၏။ ရုဗင်သည် သားဦးဖြစ်သော်လည်း မိမိဖခင်၏အိပ်ရာကိုညစ်ညူးစေသောကြောင့် သူ၏သားဦးအရာကို အစ္စရေး၏မြေး၊ ယောသပ်၏သားတို့ ရသွား၏။ ဤသို့ဖြင့် သူသည် မျိုးရိုးစဉ်ဆက်စာရင်းတွင် သားဦးအရာ၌ စာရင်းမဝင်တော့ပေ။
အစ္စရေး၏သားဦး ရုဗင်၏သားများမှာ ဟာနုတ်၊ ဖာလု၊ ဟေဇရုံ၊ ကာမိ တို့ဖြစ်ကြ၏။
ကိုယ်တော်သည် သူတို့၏ ယောက်ျားအားမာန်အားလုံး၏အသီးဦးဖြစ်သော သူတို့ပြည်မှသားဦးရှိသမျှတို့ကို ဆုံးပါးစေတော်မူ၏။
ဟာမ၏တဲများမှ ယောက်ျားအားမာန်၏အသီးဦးတည်းဟူသော အီဂျစ်ပြည်မှ သားဦးရှိသမျှတို့ကို ဒဏ်ခတ်တော်မူ၏။
ဧဖရိမ်နယ်နိမိတ်နှင့်ကပ်လျက် အရှေ့ဘက်မှ အနောက်ဘက်တစ်လျှောက်သည် ရုဗင်အမျိုး၏ဝေစုဖြစ်ရမည်။
အစ္စရေး၏သားဦးဖြစ်သော ရုဗင်၏သားမြေးတို့တွင် သူတို့၏မျိုးနွယ်စုများအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက်၊ သူတို့၏ဆွေစဉ်မျိုးဆက် တစ်ဦးချင်းစီ၏အမည်စာရင်းအလိုက် အသက်နှစ်ဆယ်အရွယ်နှင့်အထက် စစ်မှုထမ်းနိုင်သော ယောက်ျားအားလုံး၏အရေအတွက်မှာ
အစ္စရေး၏သားဦးမှာ ရုဗင်ဖြစ်၏။ ရုဗင်၏အမျိုးအနွယ်များကား ဟာနုတ်မှဆင်းသက်သော ဟာနုတ်မျိုးနွယ်စု၊ ဖာလုမှဆင်းသက်သော ဖာလုမျိုးနွယ်စု၊
အမုန်းခံရသောမယား၏သားသည် သားဦးဖြစ်သည်ဟု အသိအမှတ်ပြု၍ မိမိ၌ရှိသောအရာအားလုံးမှ ထိုသားအား ဝေစုနှစ်ဆပေးရမည်။ အကြောင်းမူကား သူသည် ဖခင်၏အဦးဆုံးအားမာန်ဖြစ်၏။ သားဦးအရိုက်အရာကို သူပိုင်၏။
ကျိန်ခြင်းစကားပြောကြားသောအခါ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ အာရှာအမျိုး၊ ဇာဗုလုန်အမျိုး၊ ဒန်အမျိုး၊ နဿလိအမျိုး တို့သည် ဧဗလတောင်ပေါ်၌ ရပ်နေရမည်။
ရုဗင်အမျိုးသည် အသက်ချမ်းသာရာရပါစေသော။ မသေပါစေနှင့်။ သူ၏လူဦးရေများပါစေ။
လောဒိကိမြို့၌ရှိသော အသင်းတော်၏စေတမန်အား ဤသို့ရေးလိုက်လော့။ အာမင်ဖြစ်သောသူ၊ သစ္စာရှိသည့် ဖြောင့်မှန်သောသက်သေ၊ ဘုရားသခင်၏ဖန်ဆင်းတော်မူခြင်းတွင် အစအဦးဖြစ်သောသူက ဤသို့မိန့်တော်မူ၏။