Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 48:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ယောသပ်​က ဖခင်​အား “​ထိုသို့​မ​ဟုတ်​ပါ​၊ အဖေ​။ ဤ​တစ်​ယောက်​သည် သားဦး​ဖြစ်​ပါ​၏​။ အဖေ​၏​လက်ယာ​လက်​ကို သူ့​ခေါင်း​ပေါ်၌​တင်​ပါ​လော့​”​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 ``အ​ဖ​လက်​အ​ထား​မှား​နေ​ပါ​သည်။ ဤ​သူ ငယ်​သည်​သား​ကြီး​ဖြစ်​ပါ​၏။ သူ​၏​ဦး​ခေါင်း ပေါ်​မှာ​အ​ဖ​၏​လက်​ယာ​လက်​ကို​တင်​ပါ'' ဟု​ဆို​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 ဤ သူ သည် သား ဦး ဖြစ် သ ဖြင့် သူ့ ဦး ခေါင်း ပေါ် တွင် ညာ လက် ကို တင် ပါ ဟု ဆို လျက် အ ဘ လက် ကို ဧ ဖ ရိမ့် ဦး ခေါင်း ပေါ် မှ မ နာ ရှေ့ ဦး ခေါင်း ပေါ် သို့ ပြောင်း တင် ရန် ကိုင် ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 မ​ဟုတ်​ပါ​အ​ဘ။ ဤ​သူ​သည်​သား​ဦး​ဖြစ်​ပါ၏။ သူ၏​ခေါင်း​ပေါ်​မှာ လက်​ယာ​လက်​ကို​တင်​ပါ​ဟု​ဆို​လျက် အ​ဘ၏​လက်​ကို ဧ​ဖ​ရိမ်​ခေါင်း​ပေါ်​က မ​နာ​ရှေ​ခေါင်း​ပေါ်​သို့ ပြောင်း​ခြင်း​ငှာ​ချီ​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 48:18
11 ပူးပေါင်းရင်းမြစ်များ  

လောတ​က​လည်း “​အကျွန်ုပ်​၏​အရှင်​တို့​၊ ထိုသို့​မ​ဖြစ်​ပါစေ​နှင့်​။


ထို့နောက် ရေဗက္ကာ​သည် အိမ်​တွင် သူ​၌​ရှိ​သော သား​ကြီး​ဧသော​၏​အကောင်းဆုံး​အဝတ်​ကို​ယူ​၍ သား​ငယ်​ယာကုပ်​အား ဝတ်ဆင်​ပေး​လျက်


လာဗန်​က​လည်း “​ငါ​တို့​အရပ်​၌ သမီးအငယ်​ကို သမီးအကြီး​ထက်​အလျင် ထိမ်းမြားပေး​လေ့​မ​ရှိ​။


ယောသပ်​ရှေ့​၌ ယောသပ်​၏​ညီအစ်ကို​တို့​ကို အကြီးဆုံး​မှ​အငယ်ဆုံး​တိုင်အောင် အသက်အရွယ်​အလိုက် နေရာချ​ထား​၏​။ သူ​တို့​သည် အချင်းချင်း​တစ်ယောက်​ကို​တစ်ယောက်​ကြည့်​လျက် အံ့အားသင့်​နေ​ကြ​၏​။


ဖခင်​သည် ဧဖရိမ်​၏​ခေါင်း​ပေါ်၌ လက်ယာ​လက်​တင်​ထား​သည်​ကို ယောသပ်​မြင်​သောအခါ ဘဝင်မကျ​သဖြင့် ဧဖရိမ်​၏​ခေါင်း​ပေါ်​မှ မနာရှေ​၏​ခေါင်း​ပေါ်သို့​ရွှေ့​ရန် ဖခင်​၏​လက်​ကို ကိုင်​၍


သို့သော် ဖခင်​သည်​ငြင်းဆန်​လျက် “​ငါ​သိ​၏ ငါ့​သား​။ ငါ​သိ​၏​။ သူ​သည် လူမျိုး​တစ်​မျိုး​ဖြစ်လာ​မည်​။ ကြီးမြတ်​သော​သူ​လည်း​ဖြစ်လာ​မည်​။ သို့သော် ညီ​သည် အစ်ကို​ထက်​ကြီးမြတ်​၍ ညီ​၏​သားစဉ်မြေးဆက်​သည် လူမျိုး​များစွာ​ဖြစ်လာ​မည်​”​ဟု ဆို​၏​။


ရုဗင်​၊ သင်​သည် ငါ​၏​သားဦး​၊ ငါ​၏​အစွမ်း​၊ ငါ့​အဦးဆုံး​အားမာန်​၊ ဘုန်း​အထွတ်​၊ ခွန်အား​အထွတ်​ဖြစ်​၏​။


ထိုသို့​မ​ဖြစ်​ရ​။ သင်​တို့​တောင်းဆို​ခဲ့​ကြ​သည့်​အတိုင်း ယောက်ျားသား​များ​သာ ထာဝရဘုရား​အား သွား​၍​ဝတ်ပြု​ကြ​စေ​”​ဟု ဆို​ပြီးလျှင် ဖာရော​မင်းကြီး​သည် သူ​တို့​ကို မိမိ​ရှေ့မှောက်​မှ နှင်ထုတ်​လေ​၏​။


သို့သော် ပညာ​သတိ​ရှိ​သော​သူ​တို့​က ‘ထိုသို့ပြုလျှင် သင်​တို့​နှင့်​ငါ​တို့​အတွက် လုံလောက်​မည်​မ​ဟုတ်​ပါ။ ဆီ​ရောင်း​သော​သူ​တို့​ထံသို့​သာ​သွား​၍ မိမိ​တို့​အတွက် ဝယ်ယူ​ကြ​ပါ’​ဟု ပြန်​ပြော​ကြ​၏။


သို့သော် ပေတရု​က “မ​ဖြစ်​နိုင်​ပါ သခင်​ဘုရား၊ အကြောင်းမူကား အကျွန်ုပ်​သည် ညစ်ညူး​သော​အရာ​နှင့်​မစင်ကြယ်​သော​အရာ တစ်စုံတစ်ခု​ကို​မျှ မ​စား​ဖူး​ပါ”​ဟု လျှောက်​လေ​၏။


သို့သော် ငါ​က ‘မ​ဖြစ်​နိုင်​ပါ သခင်​ဘုရား၊ အကြောင်းမူကား မစင်ကြယ်​သော​အရာ​၊ သို့မဟုတ် ညစ်ညူး​သော​အရာ​သည် အကျွန်ုပ်​ခံတွင်း​ထဲသို့ မ​ဝင်​ဖူး​ပါ’​ဟု လျှောက်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ