သူသည် အာဗြံကိုကောင်းချီးပေးလျက် “ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်သည် အာဗြံကိုကောင်းချီးပေးတော်မူပါစေသော။
ကမ္ဘာဦး 47:7 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယောသပ်သည် မိမိဖခင်ယာကုပ်ကိုခေါ်ဆောင်လာ၍ ဖာရောမင်းကြီး၏ရှေ့၌ရပ်စေ၏။ ယာကုပ်သည်လည်း ဖာရောမင်းကြီးကိုကောင်းချီးပေးလေ၏။ Common Language Bible ထိုနောက်ယောသပ်သည်မိမိ၏အဖကိုဘုရင် ရှေ့သို့ခေါ်ဆောင်ခဲ့၏။ ယာကုပ်သည်ဖာရော ဘုရင်အားကောင်းချီးပေးလေ၏။- Garrad Bible အ ဘ ယာ ကုပ် ကို လည်း ဖာ ရော မင်း ထံ ယော သပ် သွင်း ပြ ရာ တွင် ဖာ ရော မင်း အား ယာ ကုပ် မင်္ဂ လာ ဆက် သ ပြီး နောက်၊ Judson Bible ယောသပ်သည် အဘယာကုပ်ကိုသွင်း၍ ဖာရောမင်းရှေ့မှာထားသဖြင့်၊ ယာကုပ်သည် ဖာရောမင်းကိုကောင်းချီးပေး၏။ |
သူသည် အာဗြံကိုကောင်းချီးပေးလျက် “ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်သည် အာဗြံကိုကောင်းချီးပေးတော်မူပါစေသော။
ထို့နောက် ယာကုပ်သည် မံရေမြို့တည်းဟူသော ဟေဗြုန် ခေါ် ကိရယအာဘမြို့ရှိ မိမိဖခင်ဣဇက်ထံသို့သွား၏။ ထိုမြို့သည် အာဗြဟံနှင့်ဣဇက်တို့တည်းခိုနေထိုင်သောမြို့ဖြစ်၏။
ထို့နောက် ယာကုပ်သည် ဖာရောမင်းကြီးကိုကောင်းချီးပေးပြီးလျှင် ဖာရောမင်းကြီး၏ရှေ့မှထွက်သွားလေ၏။
ဖာရောမင်းကြီးက “သင်အသက်ရှင်ခဲ့သောနေ့ရက်နှစ်ကာလ မည်မျှရှိပြီနည်း”ဟု ယာကုပ်အားမေးလျှင်
ယွာဘက မြေပေါ်မှာပျပ်ဝပ်လျက် ဦးညွှတ်ကာ ရှင်ဘုရင်အား ကောင်းချီးသြဘာပေးလျက် “အကျွန်ုပ်၏သခင် အရှင်မင်းကြီးသည် အရှင့်အစေအပါးအား မျက်နှာသာပေးကြောင်းကို ယနေ့ အကျွန်ုပ်သိရပါပြီ။ အရှင်မင်းကြီးသည် အရှင့်အစေအပါးတောင်းဆိုသည့်အတိုင်း ပြုစေပါပြီ”ဟု ပြန်လျှောက်၏။
ထို့နောက် လူအားလုံး ဂျော်ဒန်မြစ်ကို ဖြတ်ကူးကြ၏။ ရှင်ဘုရင်သည် ဗာဇိလဲကို နမ်း၍ကောင်းချီးပေးပြီးမှ ကူးသွား၏။ ဗာဇိလဲသည်လည်း မိမိနေရပ်သို့ ပြန်သွားလေ၏။
သာကြောင်းမာကြောင်းနှုတ်ဆက်ရန်နှင့် ဟာဒဒေဇာမင်းကြီးကို တိုက်ခိုက်ချေမှုန်းနိုင်သောကြောင့် ဂုဏ်ပြုရန် ရွှေထည်၊ ငွေထည်၊ ကြေးထည်တို့ပါလျက် မိမိသားတော်ယောရံကို ဒါဝိဒ်မင်းကြီးထံစေလွှတ်၏။ အကြောင်းမှာ တောဣမင်းကြီးသည်လည်း ဟာဒဒေဇာမင်းကြီးနှင့် စစ်တိုက်ခဲ့ဖူး၏။
ဘုရင့်မှူးမတ်တို့သည်လည်း အကျွန်ုပ်တို့၏သခင်ဒါဝိဒ်မင်းကြီးထံသို့လာ၍ ‘ဘုရားသခင်သည် အရှင်မင်းကြီး၏နာမထက် ရှောလမုန်၏နာမကို သာ၍ထင်ရှားစေတော်မူပါစေသော။ အရှင်မင်းကြီး၏ရာဇပလ္လင်ထက် သူ၏ရာဇပလ္လင်ကို သာ၍ကြီးမြတ်စေတော်မူပါစေသော’ဟု ကောင်းချီးထောမနာပြုကြလေပြီ။ အရှင်မင်းကြီးသည်လည်း သလွန်တော်ပေါ်မှ ဦးညွှတ်လျက်
ရှစ်ရက်မြောက်သောနေ့တွင် လူတို့ကို ပြန်လွှတ်လိုက်ရာ သူတို့သည်လည်း ရှင်ဘုရင်ကိုကောင်းချီးပေးပြီး ထာဝရဘုရားက မိမိအစေအပါးဒါဝိဒ်နှင့် မိမိလူမျိုးတော်အစ္စရေးတို့အဖို့ ပြုတော်မူသောကောင်းကျိုးချမ်းသာအလုံးစုံကြောင့် ဝမ်းမြောက်ပျော်ရွှင်စွာဖြင့် မိမိတို့နေရပ်သို့ပြန်သွားကြ၏။
ထိုအခါ ဧလိရှဲက ဂေဟာဇိအား “သင့်ခါးကိုစည်း၍ ငါ့တောင်ဝှေးကိုယူပြီး ပြေးသွားလော့။ လမ်းတွင် တစ်ယောက်ယောက်နှင့်ဆုံလျှင် နှုတ်မဆက်နှင့်။ တစ်ယောက်ယောက်က သင့်ကိုနှုတ်ဆက်လျှင်လည်း ပြန်နှုတ်မဆက်နှင့်။ ငါ့တောင်ဝှေးကို သူငယ်မျက်နှာပေါ်တွင် တင်ထားလော့”ဟု မှာကြား၏။
သင်တို့လျှောက်ထားသည့်အတိုင်း သင်တို့၏သိုးဆိတ်များ၊ နွားများကို ယူ၍သွားကြလော့။ ငါ့ကိုလည်း ကောင်းချီးပေးကြလော့”ဟု ဆိုလေ၏။
ထို့နောက် သူတို့စားလျက်နေကြစဉ် ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် မုန့်ကိုဖဲ့၍ တပည့်တော်တို့အားပေးလျက်“ယူ၍စားကြလော့။ ဤမုန့်ကား ငါ၏ကိုယ်ခန္ဓာဖြစ်၏”ဟု မိန့်တော်မူ၏။
တစ်ဖန် မုန့်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် မုန့်ကိုဖဲ့၍ သူတို့အားပေးလျက်“ဤမုန့်ကား သင်တို့အတွက်စွန့်သော ငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကိုအောက်မေ့ဖို့ရန် ဤသို့ပြုကြလော့”ဟု မိန့်တော်မူ၏။
ယောရှုသည် ယေဖုန္နာ၏သား ကာလက်ကို ကောင်းချီးပေး၍ ဟေဗြုန်မြို့ကိုလည်း အမွေမြေအဖြစ် ပေးလေ၏။
ထို့နောက် ယောရှုသည် သူတို့ကိုကောင်းချီးပေးပြီး ပြန်စေသဖြင့် သူတို့လည်း မိမိတို့အိမ်သို့ပြန်သွားကြလေ၏။
လူအပေါင်းတို့ကို ရိုသေကြလော့။ ညီအစ်ကိုအချင်းချင်းချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ကြလော့။ ရှင်ဘုရင်ကို ရိုသေကြလော့။
ဧလိကလည်း ဧလကာနနှင့်သူ့မယားအား “ထာဝရဘုရားထံ အပ်နှံထားသောဤသားအစား ထာဝရဘုရားသည် သင့်အား ဤမိန်းမအားဖြင့် သားသမီးများ ထပ်၍ပေးသနားတော်မူပါစေသော”ဟု ကောင်းချီးပေးပြီးမှ သူတို့သည်လည်း မိမိတို့အိမ်သို့ပြန်သွားကြလေ၏။