ကမ္ဘာဦး 47:6 - မြန်မာ့စံမီသမ္မာကျမ်း6 အီဂျစ်ပြည်သည် သင့်မျက်စိရှေ့၌ရှိ၏။ သင့်ဖခင်နှင့်သင့်ညီအစ်ကိုတို့ကို ဤပြည်၏အကောင်းဆုံးနေရာ၌ နေရာချပေးလော့။ ဂေါရှင်အရပ်၌ နေထိုင်စေလော့။ သူတို့ထဲ၌ အရည်အချင်းရှိသူပါကြောင်း သင်သိလျှင် သူတို့အား ငါ၏တိရစ္ဆာန်တို့ကိုကြီးကြပ်ကွပ်ကဲသူအဖြစ် ခန့်ထားလော့”ဟု မိန့်ဆိုလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible6 အီဂျစ်ပြည်တွင်အကောင်းဆုံးအရပ်ဖြစ် သောဂေါရှင်ဒေသ၌နေထိုင်ကြပါစေ။ သူ တို့အနက်သင့်တော်သောသူများရှိလျှင် ငါ၏သိုးနွားအုပ်အရာ၌ခန့်ထားလော့'' ဟုမိန့်ကြားလေ၏။ အခန်းကိုကြည့်ပါ။Garrad Bible6 အိ ဂျစ် ပြည် သည် သင့် ရှေ့ မှာ ရှိ သည့် အ တိုင်း သင့် အ ဘ နှင့် ညီ အစ် ကို တို့ ကို အ ကောင်း ဆုံး သော နေ ရာ တွင် ချ ထား လော့။ ဂေါ ရှင် ပြည်၌ နေ စေ လျက် စွမ်း ရည် သ တ္တိ ရှိ သူ ပါ ကြောင်း သိ လျှင် သိုး တော်၊ နွား တော် အုပ် ရာ ထူး ကို ခန့် ထား လော့ ဟု မိန့် ဆို လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible6 အဲဂုတ္တပြည်သည် သင့်ရှေ့မှာရှိ၏။ သင်၏အဘနှင့် သင်၏အစ်ကိုတို့ကို အကောင်းဆုံးသောအရပ် ဂေါရှင်ပြည်၌နေရာချလော့။ သူတို့တွင် အစွမ်းသတ္တိရှိသောသူအချို့တို့ကိုတွေ့လျှင် ငါ၏သိုးနွားအုပ်အရာ၌ခန့်ထားလော့ဟု ယောသပ်အား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
မြေနိမ့်ဒေသနှင့် လွင်ပြင်တို့တွင် သူပိုင်ဆိုင်သောတိရစ္ဆာန်များစွာရှိသောကြောင့် တောထဲ၌ မျှော်စင်များကိုဆောက်လုပ်၏။ ရေတွင်းများစွာကိုလည်း တူး၏။ လယ်ယာစိုက်ပျိုးရေးကို ဝါသနာပါသောကြောင့် တောင်ကုန်းများ၊ သီးနှံဖြစ်ထွန်းသောမြေယာများတွင် လယ်သမားများ၊ စပျစ်ခြံလုပ်သားများကို ထားရှိ၏။
တစ်ဖန် သူတို့က “ခါနာန်ပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးအလွန်ဆိုးရွားသဖြင့် သခင့်အစေအပါးတို့၌ရှိသောသိုးဆိတ်များအတွက် စားကျက်မရှိသောကြောင့် အကျွန်ုပ်တို့သည် ဤပြည်၌တည်းခိုနေထိုင်ရန်ရောက်လာကြပါ၏။ သို့ဖြစ်၍ သခင့်အစေအပါးတို့ကို ဂေါရှင်အရပ်၌ နေထိုင်ခွင့်ပြုပါ”ဟု ဖာရောမင်းကြီးအားလျှောက်ကြ၏။
လောတသည် မျှော်ကြည့်ရာ ဇောရမြို့သို့သွားသောလမ်းတစ်လျှောက်၊ ဂျော်ဒန်မြစ်ဝှမ်းတစ်ဝှမ်းလုံးသည် ထာဝရဘုရား၏ဥယျာဉ်တော်ကဲ့သို့လည်းကောင်း၊ အီဂျစ်ပြည်ကဲ့သို့လည်းကောင်း ရေပေါများလျက်ရှိသည်ကိုမြင်လေ၏။ (ထိုအချိန်က သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကို ထာဝရဘုရားဖျက်ဆီးတော်မမူသေးချေ။)
သင်တို့က ‘အကျွန်ုပ်တို့၏ဘိုးဘေးမှစ၍ အရှင့်အစေအပါးဖြစ်သောအကျွန်ုပ်တို့သည် ငယ်ရွယ်စဉ်မှ ယခုတိုင်အောင် တိရစ္ဆာန်မွေးမြူသောသူများဖြစ်ကြပါ၏’ဟု လျှောက်ရမည်။ သို့မှသာ သင်တို့သည် ဂေါရှင်အရပ်၌ နေထိုင်ခွင့်ရကြလိမ့်မည်။ အကြောင်းမူကား သိုးထိန်းဟူသမျှကို အီဂျစ်လူမျိုးတို့စက်ဆုပ်ရွံရှာကြ၏”ဟု ဆိုလေ၏။
ကြည့်ရှုလော့။ ယခုတွင် သင့်လက်၌ချည်နှောင်ထားသောကြိုးကို ဖြေပေးမည်။ ငါနှင့်အတူ ဘေဘီလုံမြို့သို့လိုက်လိုလျှင်လိုက်ပါ။ သင့်ကို ကောင်းစွာကြည့်ရှုပါမည်။ ဘေဘီလုံမြို့သို့ ငါနှင့်သင်မလိုက်လိုလျှင်လည်း မလိုက်ပါနှင့်။ တိုင်းပြည်တစ်ပြည်လုံး သင့်ရှေ့မှောက်တွင်ရှိ၏။ ကောင်းမည်၊ အဆင်ပြေမည်ဟု သင်ထင်သည့်နေရာများသို့ သင်သွားနိုင်၏”ဟု ဆိုလေ၏။