Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ 14:22 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 ယွာဘ​က မြေ​ပေါ်မှာ​ပျပ်ဝပ်​လျက် ဦးညွှတ်​ကာ ရှင်ဘုရင်​အား ကောင်းချီးသြဘာ​ပေး​လျက် “​အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​သည် အရှင့်​အစေအပါး​အား မျက်နှာသာပေး​ကြောင်း​ကို ယနေ့ အကျွန်ုပ်​သိ​ရ​ပါ​ပြီ​။ အရှင်မင်းကြီး​သည် အရှင့်​အစေအပါး​တောင်းဆို​သည့်​အတိုင်း ပြု​စေ​ပါ​ပြီ​”​ဟု ပြန်လျှောက်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 ယွာ​ဘ​သည်​ဒါ​ဝိဒ်​၏​ရှေ့​တော်​၌​ပျပ်​ဝပ်​ပြီး လျှင်``အ​ရှင်​မင်း​ကြီး၊ အ​ရှင့်​အား​ဘု​ရား​သ​ခင် ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ အ​ရှင်​သည် အ​ကျွန်ုပ်​အား​နှစ်​သက်​တော်​မူ​ကြောင်း​ယ​ခု အ​ကျွန်ုပ်​သိ​ရှိ​ရ​ပါ​ပြီ။ အ​ဘယ်​ကြောင့်​ဆို သော်​အ​ရှင်​သည်​အ​ကျွန်ုပ်​ပန်​ကြား​သည့် အ​တိုင်း​ပြု​တော်​မူ​သော​ကြောင့်​ဖြစ်​ပါ​၏'' ဟု​လျှောက်​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 ယွာ ဘ သည် ပျပ် ဝပ် ရှိ ခိုး လျက် အို အ ရှင် မင်း မြတ်၊ ကျွန် တော် မျိုး တောင်း လျှောက် သည့် အ တိုင်း ဘု ရင် မင်း မြတ် စီ ရင် တော် မူ သော ကြောင့် ရှေ့ တော်၌ မျက် နှာ သာ ရ ကြောင်း ကို ကျွန် တော် မျိုး သိ ရ ပါ သည် ဟု ကျေး ဇူး တော် ကို သြ ဘာ ပြု ပြီး မှ

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 ယွာ​ဘ​သည်​လည်း မြေ​ပေါ်​မှာ ဦး​ချ​ပျပ်​ဝပ်​လျက်၊ ကျွန်​တော်​သ​ခင်​အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​ကျွန် အ​သ​နား​တော်​ခံ​သည်​အ​တိုင်း အ​ရှင်​မင်း​ကြီး ပြု​တော်​မူ​သော​ကြောင့်၊ ကိုယ်​တော်​ကျွန်​သည် ရှေ့​တော်၌ မျက်​နှာ​ရ​ကြောင်း​ကို ကျွန်​တော်​သိ​ပါ​သည်​ဟု ကျေး​ဇူး​တော်​ကို ဝန်​ခံ​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ 14:22
13 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ယောသပ်​သည် မိမိ​ဖခင်​ယာကုပ်​ကို​ခေါ်ဆောင်​လာ​၍ ဖာရော​မင်းကြီး​၏​ရှေ့​၌​ရပ်​စေ​၏​။ ယာကုပ်​သည်​လည်း ဖာရော​မင်းကြီး​ကို​ကောင်းချီးပေး​လေ​၏​။


သို့သော် နောဧ​သည် ထာဝရဘုရား​ရှေ့​တော်​၌ မျက်နှာရ​သော​သူ​ဖြစ်​၏​။


ထိုအခါ ရှင်ဘုရင်​က ယွာဘ​အား “​ဤ​အမှု​ကို​ငါ​ပြု​မည်​။ ယခု သွား​၍ သား​တော်​အဗရှလုံ​ကို ခေါ်လာ​ပါ​လော့​”​ဟု မိန့်​တော်မူ​လျှင်


ထို့နောက် ယွာဘ​သည် ဂေရှုရ​မြို့​သို့​ထ​သွား​ပြီး အဗရှလုံ​ကို ဂျေရုဆလင်​မြို့​သို့ ပြန်ခေါ်​လာ​၏​။


တေကော​မြို့သူ ထို​အမျိုးသမီး​သည် ရှင်ဘုရင်​ထံ​သွား​၍ မြေ​ပေါ်​ပျပ်ဝပ်​ဦးညွှတ်​လျက် “​အရှင်မင်းကြီး​၊ ကယ်မ​တော်မူ​ပါ​”​ဟု လျှောက်​၏​။


ထို့နောက် လူ​အားလုံး ဂျော်ဒန်​မြစ်​ကို ဖြတ်ကူး​ကြ​၏​။ ရှင်ဘုရင်​သည် ဗာဇိလဲ​ကို နမ်း​၍​ကောင်းချီးပေး​ပြီးမှ ကူးသွား​၏​။ ဗာဇိလဲ​သည်​လည်း မိမိ​နေရပ်​သို့ ပြန်သွား​လေ​၏​။


မိမိ​တို့​ဆန္ဒ​အလျောက် ဂျေရုဆလင်​မြို့​၌​နေထိုင်​လို​သော​သူ​အပေါင်း​တို့​ကို လူ​တို့​သည် ကောင်းချီးပေး​ကြ​၏​။


ငါ့​အကြောင်း​ကို​ကြား​သောအခါ ငါ့​ကို​မင်္ဂလာ​ရှိ​သူ​ဟု ခေါ်ဆို​ကြ​၏​။ ငါ့​ကို​မြင်​လျှင် ငါ့​ကို​ချီးကျူး​ကြ​၏​။


ငါ့​သိုးမွေးထည်​ဖြင့် သူ့​ကို နွေး​အောင်​မ​လုပ်ပေး​ခဲ့​၍ သူ​၏​ကိုယ်​သည်​လည်း ငါ့​ကို ကျေးဇူး​မ​တင်​ခဲ့​လျှင်​၊


သူ​၏​သားသမီး​တို့​သည်​ထ​၍ သူ့​ကို မင်္ဂလာ​ရှိ​သူ​ဟု ခေါ်​တတ်​ကြ​၏​။ သူ​၏​ခင်ပွန်း​သည်​လည်း


မောဘ​အမျိုးသမီး​ရုသ​က နောမိ​အား “​လယ်​ထဲသို့ အကျွန်ုပ်​သွား​ပါရစေ​။ ခွင့်ပြု​သူ​ရှိ​လျှင် ကောက်ရိတ်သမား​တို့​နောက်မှ ကောက်သင်းကောက်​ပါရစေ​”​ဟု ဆို​လျှင် နောမိ​က “​ငါ့​သမီး​၊ သွား​ပါ​”​ဟု ဆို​၏​။


ထို့ပြင် ဒါဝိဒ်​က “​သင်​နှင့်​ကျွန်ုပ် အလွန်​ခင်မင်​ကြ​သည်​ကို သင့်​ခမည်းတော် သိ​သည်​ဖြစ်၍ ‘​ဤ​အမှု​ကို ယောနသန် မ​သိ​စေ​ရ​။ သို့မဟုတ်လျှင် သူ​စိတ်ထိခိုက်​လိမ့်မည်​’​ဟု ဆို​ပါ​၏​။ အကယ်စင်စစ် ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်​နှင့်အညီ​၊ သင်​လည်း အသက်ရှင်​သည်​နှင့်အညီ အကျွန်ုပ်​နှင့်​သေ​ခြင်း​သည် ခြေတစ်လှမ်း​သာ ကွာ​တော့​သည်​”​ဟု ကျိန်​၍ ပြောဆို​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ