လေအာအမုန်းခံရသည်ကို ထာဝရဘုရားသိမြင်၍ သူ့အားသန္ဓေတည်ခွင့်ကိုပေးတော်မူ၏။ ရာခေလမူကား မြုံသောမိန်းမဖြစ်၏။
ကမ္ဘာဦး 30:1 - မြန်မာ့စံမီသမ္မာကျမ်း ရာခေလသည် ယာကုပ်အတွက် သားမဖွားနိုင်ကြောင်းသိမြင်လျှင် မိမိအစ်မကို မနာလိုဖြစ်လေ၏။ ရာခေလက “အကျွန်ုပ်အား သားသမီးပေးပါ။ သို့မဟုတ်လျှင် အကျွန်ုပ်သေမည်”ဟု ယာကုပ်အားဆို၏။ Common Language Bible ရာခေလသည်ယာကုပ်နှင့်သားသမီးမထွန်း ကားသဖြင့် အစ်မကိုမနာလိုဖြစ်ပြီးလျှင် ယာကုပ်အား``ကျွန်မတွင်သားသမီးမရ ပါကသေရပါတော့မည်'' ဟုပြောလေ၏။ Garrad Bible ရာ ခေ လ သည် သား မ ရ ကြောင်း သိ သည် နှင့် အစ် မ ကို ငြူ စူ သော စိတ် ရှိ၍ ကျွန် မ အား သား ကို ပေး ပါ။ မ ရ လျှင် သေ တော့ အံ့ ဟု ယာ ကုပ် အား လျှောက် ဆို သော်၊ Judson Bible ရာခေလသည် ယာကုပ်အား သားမဖွားကြောင်းကို မိမိသိမြင်သောအခါ၊ အစ်မကိုငြူစူသောစိတ်ရှိ၍၊ ငါ့အား သားကိုပေးပါ။ သို့မဟုတ် ငါသေတော့အံ့ဟု ယာကုပ်ကို ဆိုလေ၏။ |
လေအာအမုန်းခံရသည်ကို ထာဝရဘုရားသိမြင်၍ သူ့အားသန္ဓေတည်ခွင့်ကိုပေးတော်မူ၏။ ရာခေလမူကား မြုံသောမိန်းမဖြစ်၏။
အစ်ကိုတို့သည် သူ့ကိုမနာလိုဖြစ်ကြ၏။ ဖခင်မူကား ထိုအကြောင်းအရာကို စိတ်နှလုံးထဲ၌မှတ်ကျုံးထားလေ၏။
တောကန္တာရသို့ ခရီးဆက်လေ၏။ တစ်ရက်ကြာခရီးသွားပြီးလျှင် ရှားပင်တစ်ပင်အောက်တွင် ထိုင်လျက် “အို ထာဝရဘုရား၊ တန်ပါပြီ။ ယခု အကျွန်ုပ်အသက်ကို ရုပ်သိမ်းတော်မူပါ။ အကျွန်ုပ်သည် အကျွန်ုပ်ဘိုးဘေးတို့ထက် မြတ်သောသူမဟုတ်ပါ”ဟု မိမိအသက်သေဖို့ ဆုတောင်းလေ၏။
ငါ့ကို မည်သူစွဲချက်တင်မည်နည်း။ ထိုသို့ပြုလျှင် ငါသည် နှုတ်ဆိတ်နေ၍ သေပါတော့မည်။
ငါသည် မွေးစကပင် အဘယ်ကြောင့် မသေရသနည်း။ အမိဝမ်းထဲကထွက်လာစဉ်ကပင် အဘယ်ကြောင့် အသက်မချုပ်ငြိမ်းရသနည်း။
အကယ်စင်စစ် ဒေါသသည် ဆိုးမိုက်သောသူကို သတ်တတ်၏။ မနာလိုစိတ်သည်လည်း ဉာဏ်နုံ့သောသူကို သေစေတတ်၏။
သူတို့သည် စခန်းထဲတွင် မောရှေနှင့် ထာဝရဘုရား၏သန့်ရှင်းသောသူဖြစ်သည့်အာရုန်ကို ငြူစူကြသောအခါ
တည်ငြိမ်သောစိတ်နှလုံးသည် ကိုယ်ခန္ဓာ၏အသက်ဖြစ်၏။ မနာလိုဝန်တိုခြင်းမူကား အရိုးတို့ကိုဆွေးမြည့်စေတတ်၏။
မရဏာနိုင်ငံ၊ မြုံသောဝမ်း၊ ရေမဝနိုင်သောမြေကြီးနှင့် “တော်ပါပြီ”ဟု မဆိုတတ်သောမီးတို့ဖြစ်ကြ၏။
တစ်ဖန် ကြိုးပမ်းအားထုတ်မှုအားလုံးနှင့် ကျွမ်းကျင်စွာပြုသောအမှုအားလုံးတို့သည် လူအချင်းချင်းတို့၏မနာလိုဝန်တိုမှုကြောင့်သာဖြစ်ကြောင်း ငါတွေ့မြင်၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
ကိုယ်တော်သည် အကျွန်ုပ်အား ဤသို့ပြုတော်မူမည်ဆိုလျှင် ယခုပင် အကျွန်ုပ်ကို ကွပ်မျက်တော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏မျက်မှောက်၌ မျက်နှာရမည်ဆိုလျှင် အကျွန်ုပ်သည် ဆင်းရဲဒုက္ခနှင့် မကြုံတွေ့ပါရစေနှင့်”ဟု လျှောက်ဆိုလေ၏။
မောရှေကလည်း “ငါ့အစား သင်ငြူစူရသလော။ ထာဝရဘုရား၏လူရှိသမျှတို့အား ထာဝရဘုရားသည် ဝိညာဉ်တော်ကိုပေးအပ်သဖြင့် သူတို့သည် ပရောဖက်ပြုဟောပြောကြပါစေသော”ဟု ဆိုပြီးနောက်
အကြောင်းမူကား သင်တို့သည် သွေးသားဇာတိ၌ရှိသောသူများဖြစ်ကြသေး၏။ သင်တို့ကြား၌ မနာလိုခြင်းနှင့်ပဋိပက္ခဖြစ်ခြင်းရှိကြသည်မှာ သင်တို့သည် သွေးသားဇာတိ၌ရှိသူများဖြစ်ကြပြီး သာမန်လူသားအတိုင်း အသက်ရှင်လျှောက်လှမ်းနေကြသောကြောင့်မဟုတ်လော။
အကြောင်းမူကား ဘုရားသခင်၏အလိုတော်နှင့်ညီသော ဝမ်းနည်းခြင်းသည် ယူကျုံးမရမဖြစ်ရလေအောင် ကယ်တင်ခြင်းရရှိစေသည့် နောင်တစိတ်ကိုဖြစ်ပေါ်စေ၏။ လောကီဝမ်းနည်းခြင်းမူကား သေခြင်းကိုဖြစ်ပေါ်စေ၏။
မလိုမုန်းထားခြင်း၊ သောက်စားမူးယစ်ခြင်း၊ အပျော်ကြူးခြင်းတို့မှစ၍ ထိုကဲ့သို့သောလုပ်ဆောင်မှုများဖြစ်ကြ၏။ ထိုသို့သောအရာများကို ပြုကျင့်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံရကြမည်မဟုတ်ဟု ယခင်က ငါပြောခဲ့သည့်အတိုင်း ယခုလည်း သင်တို့အား ကြိုတင်ပြောထားမည်။
အကြောင်းမူကား တစ်ချိန်က ငါတို့သည်လည်း မိုက်မဲသောသူ၊ နာခံခြင်းမရှိသောသူ၊ လမ်းလွဲသောသူများဖြစ်ကြပြီး အမျိုးမျိုးသော တပ်မက်ခြင်းနှင့်ကာမဂုဏ်ခံစားခြင်းတို့၌ကျွန်ခံ၍ မကောင်းမှုနှင့်မလိုမုန်းထားခြင်းတို့၌ကျင်လည်ကြကာ မုန်းတီးခြင်းခံရလျက် အချင်းချင်းကိုလည်းမုန်းတီးလျက်နေကြ၏။
သို့သော် သင်တို့၏စိတ်နှလုံးထဲ၌ ခါးသီးသောမနာလိုခြင်းနှင့် တစ်ကိုယ်ကောင်းဆန်ခြင်းများရှိလျှင် သမ္မာတရားကိုဆန့်ကျင်၍ ဝါကြွားခြင်း၊ လိမ်ညာခြင်းတို့ကိုမပြုကြနှင့်။
သို့မဟုတ် ကျမ်းစာက “ကိုယ်တော်သည် ငါတို့၌ ကိန်းဝပ်စေတော်မူသောဝိညာဉ်ကို သဝန်တိုသောသဘောဖြင့် တောင့်တတော်မူ၏”ဟူ၍ အကြောင်းမဲ့ဆိုထားသည်ဟု သင်တို့ထင်ကြသလော။