Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 4:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ကိုယ်တော်​သည် ယုဒ​နယ်​မှ​ထွက်ခွာ​၍ ဂါလိလဲ​နယ်​သို့ တစ်ဖန်​ကြွ​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 ယင်း​သို့​ဖာ​ရိ​ရှဲ​တို့​ကြား​သိ​ကြ​ကြောင်း​ကို သ​ခင်​ယေ​ရှု​သိ​တော်​မူ​လျှင် ယု​ဒ​ပြည်​မှ ထွက်​ခွာ​တော်​မူ​၍​ဂါ​လိ​လဲ​ပြည်​သို့​ကြွ တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ယုဒနယ်မှထွက်ခွာ၍ ဂါလိလဲနယ်သို့ပြန်ကြွတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ယု​ဒ​ပြည်​မှ ထွက်​သွား၍ ဂါ​လိ​လဲ​ပြည်​သို့ တစ်​ဖန် ကြွ​တော်​မူ​စဉ်​တွင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

3 ယု​ဒ​ပြည်​မှ ထွက်​သွား၍ ဂါ​လိ​လဲ​ပြည်​သို့ တစ်​ဖန် ကြွ​တော်​မူ​စဉ်​တွင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 4:3
11 ပူးပေါင်းရင်းမြစ်များ  

မြို့​တစ်​မြို့​တွင် သင်​တို့​ကို​ညှဉ်းဆဲ​ကြ​သောအခါ အခြား​တစ်​မြို့​သို့ ထွက်ပြေး​ကြ​လော့။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား အစ္စရေး​မြို့​များ​ကို သင်​တို့​အနှံ့​မ​ရောက်​မီ လူ့သား​သည်​ကြွလာ​လိမ့်မည်။


ထို့နောက် ယေရှု​သည် တပည့်​တော်​တို့​နှင့်အတူ ပင်လယ်​ဘက်​သို့​ထွက်ခွာ​သွား​တော်မူ​ရာ ဂါလိလဲ​နယ်​မှ လူ​အမြောက်အမြား​တို့​သည် လိုက်​လာ​ကြ​၏။ ထို့ပြင် ယုဒ​နယ်၊


ကိုယ်တော်​သည် ဂျေရုဆလင်​မြို့​သို့​ကြွ​တော်မူ​စဉ် ရှမာရိ​နယ်​နှင့် ဂါလိလဲ​နယ်​စပ်ကြား​ကို ဖြတ်သွား​တော်မူ​၏။


နောက်တစ်နေ့​တွင် ယေရှု​သည် ဂါလိလဲ​နယ်​သို့​ထွက်ခွာ​ရန် အလို​တော်​ရှိ​၏။ ထိုအခါ ဖိလိပ္ပု​ကို​တွေ့​လျှင်“ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်မူ​၏။


ထို့နောက် ကိုယ်တော်​သည် ယခင်​က ယောဟန်​ဗတ္တိဇံ​ပေး​ခဲ့​ရာ ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​သို့ တစ်ဖန်​ကြွ​၍ ထို​အရပ်​၌​နေ​တော်မူ​၏။


သို့ဖြစ်၍ ယေရှု​သည် ဂျူး​လူမျိုး​တို့​ထဲတွင် ထင်ရှား​စွာ​မ​သွားလာ​တော့​ဘဲ ထို​အရပ်​မှ​ထွက်ခွာ​၍ တော​ကန္တာရ​နှင့်​နီး​သော​အရပ်​ဒေသ​၌​ရှိ​သည့် ဧဖရိမ်​ဟု​ခေါ်​သော​မြို့​သို့​ကြွ​ပြီးလျှင် တပည့်​တော်​တို့​နှင့်အတူ ထို​မြို့​၌​နေ​တော်မူ​၏။


ယေရှု​သည် ဤ​ပထမ​နိမိတ်​လက္ခဏာ​ကို ဂါလိလဲ​နယ်၊ ကာန​မြို့​၌​ပြု​လျက် မိမိ​၏​ဘုန်း​တော်​ကို ထင်ရှား​စေ​တော်မူ​၏။ ထိုအခါ တပည့်​တော်​တို့​သည် ကိုယ်တော်​ကို​ယုံကြည်​ကြ​၏။


ထို့နောက် ယေရှု​သည် တပည့်​တော်​တို့​နှင့်တကွ ယုဒ​နယ်​သို့​ကြွ​တော်မူ​ပြီး ထို​အရပ်​၌ သူ​တို့​နှင့်အတူ​နေ​လျက် ဗတ္တိဇံ​ပေး​တော်မူ​၏။


ကိုယ်တော်​သည် မိမိ​မြင်​ခဲ့၊ ကြား​ခဲ့​ရ​သော​အရာ​ကို သက်သေခံ​သော်လည်း ကိုယ်တော်​၏​သက်သေခံ​ချက်​ကို မည်သူမျှ​လက်​မ​ခံ​ကြ။


ယုဒ​နယ်​မှ ဂါလိလဲ​နယ်​သို့ ယေရှု​ကြွလာ​တော်မူ​ကြောင်း​ကို ထို​မှူးမတ်​သည်​ကြား​သောအခါ သူ​၏​သား သေ​အံ့ဆဲဆဲ​ဖြစ်​သောကြောင့် ကိုယ်တော်​ထံသို့​သွား​ပြီးလျှင် ကြွလာ​၍ သား​၏​အနာရောဂါ​ကို ပျောက်ကင်း​စေ​တော်မူ​ပါ​ရန် တောင်းပန်​လေ​၏။


ထို့နောက် ယေရှု​သည် ဂါလိလဲ​နယ်​တွင် လှည့်လည်​တော်မူ​၏။ အကြောင်းမှာ ဂျူး​လူမျိုး​တို့​သည် ကိုယ်တော်​ကို​သတ်​ရန် ရှာကြံ​နေ​ကြ​သောကြောင့် ယုဒ​နယ်​၌​လှည့်လည်​ရန် အလို​တော်​မ​ရှိ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ