Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 5:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 အကယ်စင်စစ် ဒေါသ​သည် ဆိုးမိုက်​သော​သူ​ကို သတ်​တတ်​၏​။ မနာလိုစိတ်​သည်​လည်း ဉာဏ်နုံ့​သော​သူ​ကို သေ​စေ​တတ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 ဒေါသသည် လူမိုက်ကိုဖျက်ဆီးတတ်၏။ ပညာမရှိသော သူသည်လည်းငြူစူသောသဘောအားဖြင့် သေခြင်းသို့ ရောက်တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 လူ မိုက် သည် ဒေါ သ ကြောင့် ပျက် စီး၍၊ မ လိ မ္မာ သူ လည်း၊ ကော ဓ ကြောင့် သေ တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 ဒေါ​သ​သည် လူ​မိုက်​ကို​ဖျက်​ဆီး​တတ်၏။ ပ​ညာ​မ​ရှိ​သော သူ​သည်​လည်း ငြူ​စူ​သော​သ​ဘော​အား​ဖြင့် သေ​ခြင်း​သို့ ရောက်​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 5:2
19 ပူးပေါင်းရင်းမြစ်များ  

ရာခေလ​သည် ယာကုပ်​အတွက် သား​မ​ဖွား​နိုင်​ကြောင်း​သိမြင်​လျှင် မိမိ​အစ်မ​ကို မနာလို​ဖြစ်​လေ​၏​။ ရာခေလ​က “​အကျွန်ုပ်​အား သားသမီး​ပေး​ပါ​။ သို့မဟုတ်လျှင် အကျွန်ုပ်​သေ​မည်​”​ဟု ယာကုပ်​အား​ဆို​၏​။


သို့သော် ဩနန်​က ဤ​မျိုးဆက်​သည် မိမိ​၏​မျိုးဆက်​ဖြစ်​မည်​မ​ဟုတ်​ကြောင်း သိ​၏​။ ထို့ကြောင့် သူ​သည် မိမိ​အစ်ကို​၏​မယား​ထံသို့​ဝင်​သောအခါ မိမိ​အစ်ကို​အတွက် မျိုးဆက်​မ​ဖြစ်ထွန်း​စေရန် သုက်ရည်​ကို အပြင်​သို့​စွန့်ထုတ်​၏​။


သင်​အမျက်ထွက်​၍ သင့်ကိုယ်သင် ဆွဲဆုတ်​ပစ်​လျှင်ပင် ထို့အတွက် မြေကြီး ဆိတ်သုဉ်း​သွား​ရ​မည်လော​။ ကျောက်ဆောင်​လည်း နေရာ​မှ​ရွေ့ပေး​ရ​မည်လော​။


အချို့​တို့​သည် မိမိ​တို့​ကျူးလွန်​သော အပြစ်​၏​လမ်းစဉ်​ကြောင့် ဆိုးမိုက်​သော​သူ​ဖြစ်​ကြ​ပြီး မိမိ​တို့​၏​ဒုစရိုက်​များ​ကြောင့် ဒုက္ခဝေဒနာ​ခံစား​ကြ​ရ​၏​။


မိုက်မဲ​သော​သူ​က “​ဘုရားသခင်​မ​ရှိ​”​ဟု မိမိ​စိတ်နှလုံး​ထဲ၌ ဆို​တတ်​၏​။ ထိုသို့သော​သူ​တို့​သည် အကျင့်ပျက်ပြား​၍ စက်ဆုပ်ရွံရှာ​ဖွယ်​အမှု​ကို​ပြု​တတ်​ကြ​၏​။ ကောင်း​သော​အမှု​ကို​ပြု​သော​သူ​မ​ရှိ​။


ဝါကြွား​သော​သူ​တို့​အား ‘​မ​ဝါကြွား​ကြ​နှင့်​’ ဟူ၍​လည်းကောင်း​၊ ဆိုးယုတ်​သော​သူ​တို့​အား ‘​ချို​မ​ထောင်​ကြ​နှင့်​။


ဤ​အရာ​သည် အသိတရားမဲ့​သော​သူ​မ​သိ​နိုင်​သကဲ့သို့ မိုက်မဲ​သော​သူ​နား​မ​လည်​နိုင်​သည့်​အရာ​ဖြစ်​၏​။


ဆိုးမိုက်​သော​သူ​သည် မိမိ​၏​အမျက်​ဒေါသ​ကို ချက်ချင်း​ထင်ရှား​စေ​တတ်​၏​။ ဆင်ခြင်ဉာဏ်​ရှိ​သော​သူ​မူကား အရှက်ခွဲ​ခံရ​ခြင်း​ကို​ပင် ဥပေက္ခာပြု​၏​။


ပညတ်တော်​ကို​စောင့်ထိန်း​သော​သူ​သည် မိမိ​၏​စိတ်ဝိညာဉ်​ကို​စောင့်ထိန်း​သော​သူ​ဖြစ်​၏​။ ကိုယ်တော်​၏​လမ်း​တော်​တို့​ကို မထီမဲ့မြင်ပြု​သော​သူ​မူကား သေ​ရ​လိမ့်မည်​။


အမျက်ဒေါသ​ကြီးမား​သော​သူ​သည် အပြစ်ဒဏ်​ခံရ​လိမ့်မည်​။ သူ့​ကို​ကယ်နုတ်​လျှင်​လည်း နောက်တစ်ဖန်​ထပ်၍ ကယ်နုတ်​ရ​ဦး​မည်​။


ကျောက်ခဲ​သည်​လေး​၍ သဲ​သည်​အချိန်စီး​၏​။ သို့သော် ဆိုးမိုက်​သော​သူ​၏​အမျက်​ဒေါသ​သည် ထို​အရာ​နှစ်​ပါး​ထက် ပို၍​လေး​၏​။


အသိဉာဏ်​နည်းပါး​သော​သူ​တို့​၊ ဆင်ခြင်ဉာဏ်​ကို ရယူ​ကြ​လော့​။ မိုက်မဲ​သော​သူ​တို့​၊ အသိဉာဏ်​ကို ရယူ​ကြ​လော့​။


အမျက်​ဒေါသ​သည် မိုက်မဲ​သော​သူ​တို့​၏​ရင်ခွင်​ထဲ၌ ကိန်းအောင်း​တတ်​သည်​ဖြစ်၍ သင့်​စိတ်​ထဲတွင် အမျက်​ဒေါသ အလျင်စလို​မ​ထွက်​ပါစေ​နှင့်​။


ဧဖရိမ်​သည် အသိစိတ်​မ​ရှိ​။ ယုံလွယ်​သော​ချိုးငှက်​နှင့်​တူ​၏​။ အီဂျစ်​ပြည်​ကို အကူအညီ​တောင်း​၍ အဆီးရီးယား​ပြည်​သို့​လည်း ပြေးသွား​တတ်​၏​။


ထိုအခါ ဘုရားသခင်​က ယောန​အား “​ကြက်ဆူပင်​ကြောင့် သင်​အမျက်ထွက်​သင့်​သလော​”​ဟု မေး​တော်မူ​လျှင် ယောန​က “​သေလုမတတ် အမျက်ထွက်​သင့်​ပါ​၏​”​ဟု လျှောက်​လေ​၏​။


တစ်ကိုယ်ကောင်းဆန်​၍ သမ္မာတရား​ကို​မ​နာခံ​ဘဲ မတရားမှု​နောက်​သို့​လိုက်​သော​သူ​တို့​အပေါ်၌​မူကား ပြင်းစွာ​သော​ဒေါသ​နှင့်​အမျက်​တော်​ကို သက်ရောက်​စေ​တော်မူ​လိမ့်မည်။


အကြောင်းမူကား သူ​တို့​ထဲမှ အချို့​တို့​သည် အိမ်​များ​သို့ မသိမသာ​ဝင်​ပြီးလျှင် တပ်မက်​ခြင်း​အမျိုးမျိုး​၏​သွေးဆောင်​ရာ​သို့​လိုက်ပါ​လျက် အပြစ်​ကို​ထပ်တလဲလဲ​ပြု​နေ​သော မိန်းမမိုက်​များ​ကို သိမ်းသွင်း​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ