အာဗြဟံသည် အသက်အရွယ်ကြီးရင့်လေပြီ။ ထာဝရဘုရားသည် အာဗြဟံကို အရာရာ၌ကောင်းချီးပေးတော်မူ၏။
ကမ္ဘာဦး 26:12 - မြန်မာ့စံမီသမ္မာကျမ်း ဣဇက်သည် ထိုပြည်၌ မျိုးစေ့ကြဲ၍ ထိုနှစ်တွင် အဆတစ်ရာသောအသီးအနှံကိုရလေ၏။ ထာဝရဘုရားသည် သူ့ကိုကောင်းချီးပေးတော်မူသောကြောင့် Common Language Bible ဣဇာက်သည်ထိုပြည်တွင်နေထိုင်စဉ် ကောက်ပဲ သီးနှံစိုက်ပျိုးလုပ်ကိုင်ရာ ထာဝရဘုရား သည်သူ့အားကောင်းချီးပေးသဖြင့် ထိုနှစ် တွင်အဆတစ်ရာမျှသောအသီးအနှံကို ရိတ်သိမ်းရသည်။- Garrad Bible ထို ပြည် ၌ ဣ ဇာက် သည် မျိုး စေ့ ကို ကြဲ ၍ တစ် နှစ် ချင်း တွင် အ ဆ တစ် ရာ ရ လေ၏။ ထာ ဝ ရ ဘု ရား လည်း ကောင်း ကြီး ပေး တော် မူ သ ဖြင့်၊ Judson Bible ထိုပြည်၌ ဣဇာက်သည်မျိုးစေ့ကိုကြဲ၍၊ တစ်နှစ်ချင်းတွင် အဆတစ်ရာသောအသီးအနှံကိုရလေ၏။ ထာဝရဘုရားသည်လည်း၊ ကောင်းချီးပေးတော်မူသဖြင့်၊ |
အာဗြဟံသည် အသက်အရွယ်ကြီးရင့်လေပြီ။ ထာဝရဘုရားသည် အာဗြဟံကို အရာရာ၌ကောင်းချီးပေးတော်မူ၏။
ထာဝရဘုရားသည် အကျွန်ုပ်၏သခင်ကို အလွန်ကောင်းချီးပေးတော်မူသဖြင့် သူသည် ချမ်းသာသောသူဖြစ်လာပါသည်။ ကိုယ်တော်သည် သူ့အား သိုးအုပ်၊ နွားအုပ်၊ ရွှေ၊ ငွေ၊ ကျွန်ယောက်ျားများ၊ ကျွန်မိန်းမများ၊ ကုလားအုတ်များနှင့် မြည်းများကို ပေးတော်မူပါသည်။
အာဗြဟံကွယ်လွန်ပြီးနောက် သူ၏သားဣဇက်ကို ဘုရားသခင်ကောင်းချီးပေးတော်မူ၏။ ဣဇက်သည် ဗေရလဟဲရောအရပ်၌ နေထိုင်၏။
ထို့ကြောင့် ငါတို့သည် သင့်ကိုမထိ၊ သင့်အပေါ်ကောင်းမြတ်သောအရာကိုသာပြုပြီး သင့်ကိုငြိမ်းချမ်းစွာလွှတ်လိုက်သကဲ့သို့ သင်သည်လည်း ငါတို့ကိုဘေးအန္တရာယ်မပြုနှင့်။ အကယ်စင်စစ် သင်သည် ထာဝရဘုရား၏ကောင်းချီးကိုခံရသောသူဖြစ်၏”ဟု ဆိုကြ၏။
ဤပြည်၌ တည်းခိုနေထိုင်လော့။ ငါသည် သင်နှင့်အတူရှိ၍ သင့်ကိုကောင်းချီးပေးမည်။ အကယ်စင်စစ် ဤမြေရှိသမျှတို့ကို သင်နှင့်သင်၏သားစဉ်မြေးဆက်အား ငါပေး၍ သင်၏ဖခင်အာဗြဟံအား ငါကျိန်ဆိုခဲ့သောကတိကို ငါတည်စေမည်။
အကျွန်ုပ်မရောက်မီ ဦးရီး၌ တိရစ္ဆာန်အနည်းငယ်သာရှိသော်လည်း ယခု များစွာတိုးပွားပါပြီ။ အကျွန်ုပ်ပြုသောအရာအားဖြင့် ထာဝရဘုရားသည် ဦးရီးကိုကောင်းချီးပေးတော်မူပြီ။ သို့သော် အကျွန်ုပ်သည် မည်သည့်အချိန်မှ အကျွန်ုပ်၏အိမ်သူအိမ်သားများအတွက် လုပ်ဆောင်နိုင်မည်နည်း”ဟု ဆို၏။
ယောဘ၏ဘဝအစပိုင်းထက် နောက်ပိုင်းကို ထာဝရဘုရား ပို၍ကောင်းချီးပေးတော်မူသဖြင့် သူ၌ သိုး တစ်သောင်းလေးထောင်၊ ကုလားအုတ် ခြောက်ထောင်၊ နွားအရှဉ်း တစ်ထောင်၊ မြည်းမ တစ်ထောင် ရှိလေ၏။
မြေကြီးသည် မိမိ၏အသီးအနှံတို့ကိုဖြစ်ထွန်းစေပြီ။ ဘုရားသခင်တည်းဟူသော ငါတို့၏ဘုရားသခင်သည် ငါတို့ကိုကောင်းချီးပေးတော်မူလိမ့်မည်။
ပြည်တော်၌ များစွာသောဂျုံစပါးရှိ၍ တောင်များပေါ်၌ယိမ်းနွဲ့လျက်ရှိကြပါစေသော။ ၎င်း၏အသီးအနှံတို့သည် လက်ဘနွန်ကဲ့သို့ ဖြစ်ကြပါစေသော။ လူတို့သည် တော၌ရှိသောမြက်ပင်များကဲ့သို့ မြို့ရွာတွင် ရှင်သန်ကြပါစေသော။
ထာဝရဘုရား၏ကောင်းချီးမင်္ဂလာသည် လူကိုချမ်းသာကြွယ်ဝစေ၏။ ကိုယ်တော်သည် ထိုချမ်းသာကြွယ်ဝမှု၌ မည်သည့်ခက်ခဲပင်ပန်းမှုကိုမျှ ထပ်ပေါင်းတော်မမူ။
နံနက်အချိန်၌ သင်၏မျိုးစေ့ကိုကြဲလော့။ ညနေခင်း၌လည်း သင်၏လက်ကိုအနားမပေးနှင့်။ အကြောင်းမူကား မည်သည်ကအောင်မြင်မည်နည်း။ ဤသည်လော၊ ထိုသည်လော၊ သို့မဟုတ် နှစ်ခုစလုံးအညီအမျှ ကောင်းမည်လောဟူ၍ သင်မသိနိုင်။
အေးချမ်းစွာမျိုးစေ့ကြဲရလိမ့်မည်။ စပျစ်ပင်သည် အသီးသီးလိမ့်မည်။ မြေကြီးသည်လည်း အသီးအနှံကို ဖြစ်ထွန်းစေလိမ့်မည်။ မိုးကောင်းကင်မှ နှင်းကျလိမ့်မည်။ ငါသည် ကြွင်းကျန်သောဤလူမျိုးတို့အား ဤအရာအားလုံးတို့ကို အမွေခံစားရစေမည်။
ကောင်းသောမြေပေါ်၌ ကြဲခြင်းခံရသည်ဆိုသည်မှာ တရားစကားကိုကြား၍ နားလည်သောသူကိုဆိုလို၏။ ထိုသို့သောသူသည် အမှန်ပင် အသီးသီး၍ အချို့သည် အဆတစ်ရာ၊ အချို့သည် အဆခြောက်ဆယ်၊ အချို့သည် အဆသုံးဆယ် သီးလေ၏”ဟု မိန့်တော်မူ၏။
အချို့တို့မူကား ကောင်းသောမြေ၌ကျသဖြင့် အချို့သည် အဆတစ်ရာ၊ အချို့သည် အဆခြောက်ဆယ်၊ အချို့သည် အဆသုံးဆယ် အသီးသီးလေ၏။
အချို့တို့မူကား ကောင်းသောမြေ၌ကျသဖြင့် အပင်ပေါက်၍ကြီးထွားကာ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာ အသီးသီးလေ၏”ဟု မိန့်တော်မူ၏။
ငါသည် စိုက်ပျိုး၏။ အာပေါလုသည် ရေလောင်း၏။ သို့သော် ကြီးထွားစေတော်မူသောအရှင်ကား ဘုရားသခင်ပေတည်း။