သို့ဖြစ်၍ သင်သည် ငါ့နှမဖြစ်သည်ဟု ပြောပါ။ ထိုသို့ပြောလျှင် သင့်အတွက်ကြောင့် ငါသည်ကောင်းစား၍ ငါ့အသက်သည်လည်း သင့်ကြောင့် ချမ်းသာရာရလိမ့်မည်”ဟု ဆို၏။
ကမ္ဘာဦး 20:5 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူက ‘သူသည် ငါ့နှမဖြစ်သည်’ဟု ဆိုသည်မဟုတ်လော။ ထိုမိန်းမကလည်း ‘သူသည် ငါ့အစ်ကိုဖြစ်သည်’ဟု ဆိုခဲ့ပါ၏။ အကျွန်ုပ်သည် ရိုးဖြောင့်သောစိတ်နှင့် အပြစ်ကင်းသောလက်ဖြင့် ဤအမှုကို ပြုပါ၏”ဟု လျှောက်လေ၏။ Common Language Bible အာဗြဟံကိုယ်တိုင်ကသူ၏နှမဖြစ်သည်ဟု ဆိုပါ၏။ သူကလည်းအာဗြဟံသည်သူ၏အစ်ကို ဖြစ်သည်ဟုဆိုပါသည်။ အကျွန်ုပ်သည်စိတ်သဘော ရိုးသားစွာဖြင့် ဤအမှုကိုကြံစည်မိပါသည်။ သို့ရာတွင်အပြစ်ကူးလွန်ခြင်းမရှိပါ'' ဟု လျှောက်ဆို၏။ Garrad Bible နှ မ ဖြစ် သည် ဟု အ ကျွန်ုပ် အား ထို ယောက်ျား ဆို ခဲ့ သည် မ ဟုတ် ပါ လော။ မောင် ဖြစ် သည် ဟု မိန်း မ ကိုယ် တိုင် လည်း ဆို ခဲ့ သည် မ ဟုတ် ပါ လော။ ရိုး သား သော စိတ်၊ အ ပြစ် ကင်း သော လက် ဖြင့် ဤ အ မှု ကို အ ကျွန်ုပ် ပြု မိ ပါ ပြီ ဟု လျှောက် ဆို ၏။ Judson Bible သူသည် ငါနှမဖြစ်၏ဟု အကျွန်ုပ်အား ယောက်ျားဆိုသည်မဟုတ်ပါလော။ အကျွန်ုပ်အားသူသည်ငါ့မောင်ဖြစ်၏ဟု၊ မိန်းမလည်းဆိုသည် မဟုတ်ပါလော။ ဖြောင့်မတ်သောသဘောရှိ၍၊ သန့်ရှင်းသောလက်နှင့် ဤအမှုကိုအကျွန်ုပ်ပြုပါပြီဟု လျှောက်ဆို၏။ |
သို့ဖြစ်၍ သင်သည် ငါ့နှမဖြစ်သည်ဟု ပြောပါ။ ထိုသို့ပြောလျှင် သင့်အတွက်ကြောင့် ငါသည်ကောင်းစား၍ ငါ့အသက်သည်လည်း သင့်ကြောင့် ချမ်းသာရာရလိမ့်မည်”ဟု ဆို၏။
ဘုရားသခင်သည် အကျွန်ုပ်ကို အကျွန်ုပ်ဖခင်၏အိမ်မှထွက်ခွာ၍ လှည့်လည်သွားလာစေတော်မူသောအခါ အကျွန်ုပ်က ‘သင်သည် ငါ့ကို မေတ္တာထားသည့်အနေဖြင့် ငါတို့သွားလေရာရာ၌ ငါနှင့်ပတ်သက်၍ သူသည် ကျွန်မ၏အစ်ကိုဖြစ်သည်ဟု ပြောပါ’ ဟူ၍ သူ့အား မှာထားပါသည်”ဟု ဖြေကြားလေ၏။
စာရာကိုလည်း “ကြည့်လော့။ သင်၏အစ်ကိုအား ငွေစတစ်ထောင်ကို ငါပေးပြီ။ ဤငွေသည် သင်နှင့်အတူရှိသောသူအားလုံးရှေ့တွင် သင်၏ဂုဏ်သိက္ခာထိန်းသိမ်းခြင်းအတွက်ဖြစ်လိမ့်မည်။ သင်သည်လည်း အားလုံးရှေ့၌ အပြစ်ကင်းကြောင်းထင်ရှားလိမ့်မည်”ဟု မိန့်ဆို၏။
သင့်ခမည်းတော်ဒါဝိဒ်မင်းကြီး အသက်ရှင်လျှောက်လှမ်းခဲ့သည့်အတိုင်း၊ သင်သည် ငါမိန့်မှာထားသည့်အတိုင်း လုပ်ဆောင်၍ ငါ၏ပညတ်ချက်၊ စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ထိန်းလျက် ငါ့ရှေ့မှောက်တွင် စိတ်နှလုံးတည်ကြည်ဖြောင့်မတ်စွာ အသက်ရှင်လျှောက်လှမ်းလျှင်
“အို ထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌ စိတ်နှလုံးအကြွင်းမဲ့ သစ္စာရှိရှိအသက်ရှင်လျှောက်လှမ်းခဲ့သည်ကိုလည်းကောင်း၊ ရှေ့တော်၌ ကောင်းသောအမှု ပြုခဲ့သည်ကိုလည်းကောင်း အောက်မေ့တော်မူပါ”ဟု ထာဝရဘုရားထံ ဆုတောင်းပြီး ခါးသီးစွာအော်ဟစ်ငိုကြွေးလေ၏။
အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်သည် စိတ်နှလုံးကိုစစ်ကြော၍ သမာသမတ်ရှိသူကို နှစ်သက်တော်မူကြောင်း အကျွန်ုပ်သိပါ၏။ ယခု ဤအရာအားလုံးကို ဖြူစင်သောစိတ်ဖြင့် အကျွန်ုပ်လှူဒါန်းပါ၏။ အကျွန်ုပ်၌ရှိသောဤသူတို့သည်လည်း ကိုယ်တော့်ထံ စေတနာစိတ်ဖြင့် ပေးလှူကြသည်ကို မြင်တွေ့ရသဖြင့် ဝမ်းမြောက်ပါ၏။
သင်က ‘ငါသန့်ရှင်း၏။ ကျူးလွန်သောအပြစ်မရှိ။ ငါအပြစ်ကင်း၏။ ငါ၌အပြစ်မရှိ။
ထိုသူကား အပြစ်ကင်းသောလက်နှင့် ဖြူစင်သောစိတ်နှလုံးရှိသူ၊ အချည်းနှီးသောအရာ၌ စိတ်ဝိညာဉ်မှီဝဲဆည်းကပ်ခြင်းမရှိသူ၊ လိမ်လည်လှည့်ဖြား၍ကျိန်ဆိုခြင်းမပြုသူပင် ဖြစ်၏။
အကျွန်ုပ်သည် ကိုယ်တော်ကို စောင့်မျှော်နေသည်ဖြစ်၍ တည်ကြည်ခြင်းနှင့်ဖြောင့်မှန်ခြင်းသည် အကျွန်ုပ်ကိုကာကွယ်စောင့်ရှောက်ပါစေသော။
အို ထာဝရဘုရား၊ အကျွန်ုပ်သည် အပြစ်ကင်းခြင်းထဲ၌ အကျွန်ုပ်၏လက်ကိုဆေးကြော၍ ကိုယ်တော်၏ယဇ်ပလ္လင်ကိုလှည့်ပတ်ကာ
ထာဝရဘုရားသည် လူမျိုးတကာတို့ကို စစ်ကြောစီရင်တော်မူ၏။ အို ထာဝရဘုရား၊ အကျွန်ုပ်၏ဖြောင့်မတ်ခြင်း၊ အကျွန်ုပ်၏တည်ကြည်ခြင်းနှင့်အညီ အကျွန်ုပ်၌အပြစ်မရှိကြောင်း စီရင်တော်မူပါ။
ဆိုးယုတ်သောသူတို့၏မကောင်းမှုသည် ပပျောက်သွားပါစေ။ သို့သော် ဖြောင့်မတ်သောသူကိုတည်မြဲစေတော်မူပါ။ ဖြောင့်မတ်တော်မူသောဘုရားသခင်သည် စိတ်နှလုံးအတွင်းသဘောကို စစ်ဆေးတော်မူ၏။
အကယ်စင်စစ် ငါသည် ငါ၏စိတ်နှလုံးကိုသန့်ရှင်းစင်ကြယ်စေ၍ ငါ၏လက်ကို အပြစ်ကင်းခြင်းထဲ၌ ဆေးကြောခဲ့သည်မှာ အချည်းနှီးသာဖြစ်၏။
သူသည်လည်း တည်ကြည်သောစိတ်နှလုံးဖြင့် သူတို့ကိုထိန်းကျောင်း၍ ကျွမ်းကျင်လိမ္မာသောလက်ဖြင့် သူတို့ကိုပို့ဆောင်၏။
ဖြောင့်မှန်သောသူတို့၏သမာဓိသည် သူတို့ကိုဦးဆောင်လမ်းပြတတ်၏။ သစ္စာမဲ့သောသူတို့၏ကောက်ကျစ်စဉ်းလဲခြင်းမူကား သူတို့ကိုဖျက်ဆီးတတ်၏။
ဖြောင့်မတ်သောသူသည် တည်ကြည်စွာလျှောက်လှမ်းတတ်၏။ နောင်လာမည့် သူ၏သားမြေးတို့သည် မင်္ဂလာရှိကြ၏။
အကျွန်ုပ်၏ဘုရားသခင်သည် ကောင်းကင်တမန်ကိုစေလွှတ်၍ ခြင်္သေ့တို့၏နှုတ်ကိုပိတ်ထားသဖြင့် ခြင်္သေ့တို့သည် အကျွန်ုပ်ကို အန္တရာယ်မပြုပါ။ အကျွန်ုပ်သည် ဘုရားသခင်ရှေ့တော်၌ အပြစ်ကင်းကြောင်း ထင်ရှားပါ၏။ အရှင်မင်းကြီးရှေ့တွင်လည်း မည်သည့်ပြစ်မှုမျှ မကျူးလွန်ခဲ့ပါ”ဟု ပြန်လျှောက်လေ၏။
ငါတို့၏ဝါကြွားစရာအကြောင်းမှာ ဤသို့ဖြစ်၏။ ငါတို့သည် လောက၌၊ အထူးသဖြင့် သင်တို့ရှေ့မှောက်၌ လောကီဉာဏ်ပညာကိုအမှီမပြုဘဲ ဘုရားသခင်၏ကျေးဇူးတော်ကိုသာ အမှီပြုလျက် ဘုရားသခင်ထံမှလာသော ရိုးသားဖြူစင်ခြင်းတို့ဖြင့် အသက်ရှင်နေထိုင်ခဲ့ကြောင်း ငါတို့၏အသိစိတ်သည် သက်သေခံ၏။
ငါတို့သည် ယုံကြည်သူဖြစ်သောသင်တို့တွင် မည်သို့ သန့်ရှင်းဖြူစင်စွာနှင့် ဖြောင့်မတ်စွာပြုမူလျက် အပြစ်တင်စရာမရှိရလေအောင် နေထိုင်ခဲ့သည်ကို သင်တို့နှင့်ဘုရားသခင်သည် ငါတို့၏သက်သေများဖြစ်ကြ၏။
ငါသည် ယခင်က စော်ကားပြောဆိုသောသူ၊ ညှဉ်းဆဲသောသူ၊ မိုက်ရိုင်းသောသူဖြစ်ခဲ့သော်လည်း ယုံကြည်ခြင်းမရှိစဉ် မသိနားမလည်ဘဲ ထိုသို့ပြုခဲ့သည်ဖြစ်၍ ကရုဏာတော်ကိုခံစားရ၏။
“တန်ခိုးကြီးတော်မူသောအရှင် ဘုရားသခင်ထာဝရဘုရား၊ တန်ခိုးကြီးတော်မူသောအရှင် ဘုရားသခင်ထာဝရဘုရား သိတော်မူပါ၏။ အစ္စရေးလူမျိုးတို့ကိုလည်း သိစေတော်မူပါ။ ထာဝရဘုရားကိုပုန်ကန်မိလျှင်၊ ပြစ်မှားမိလျှင် ယနေ့ အကျွန်ုပ်တို့ကို ချမ်းသာခွင့်မပေးပါနှင့်။