အာဝဒိလူမျိုး၊ ဇေမရိလူမျိုးနှင့် ဟာမသိလူမျိုး တို့ဖြစ်ကြ၏။ ထို့နောက် ခါနာန်လူမျိုး၏မျိုးနွယ်စုများ ကွဲထွက်ပြန့်ပွားကြ၏။
ကမ္ဘာဦး 10:19 - မြန်မာ့စံမီသမ္မာကျမ်း ခါနာန်လူမျိုးတို့၏နယ်မြေအပိုင်းအခြားမှာ ဆီဒုန်မြို့မှသည် ဂေရာမြို့ကိုဖြတ်သွား၍ ဂါဇမြို့တိုင်အောင်ရောက်၏။ တစ်ဖန် သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့တို့ကိုဖြတ်သွား၍ လာရှမြို့တိုင်အောင်ရောက်လေ၏။ Common Language Bible ဇိဒုန်မြို့မှတောင်ဘက်ရှိဂါဇမြို့အနီးဂေရာ မြို့သို့လည်းကောင်း၊ အရှေ့ဘက်ရှိသောဒုံမြို့၊ ဂေါ မောရမြို့၊ အာဒမာမြို့နှင့်လာရှမြို့အနီး ဇေဘိုင်မြို့သို့လည်းကောင်းအနှံ့အပြား ရောက်ရှိနေထိုင်ကြ၏။- Garrad Bible ခါ နာန် နယ် အ၀ှမ်း သည် ဇိ ဒုန် မြို့ မှ ဂေ ရာ မြို့ လမ်း၊ ဂါ ဇ မြို့ တိုင် အောင် လည်း ကောင်း၊ တစ် ဖန် သော ဒုံ မြို့၊ ဂေါ မာ ရ မြို့၊ အာ ဒ မာ မြို့၊ ဇေ ဘိုင် မြို့ လမ်း၊ လာ ရှ မြို့ တိုင် အောင် လည်း ကောင်း ကျယ် သ တည်း။ Judson Bible ခါနာန်အမျိုးသားနေရာပြည်နယ်သည် ဇိဒုန်မြို့မှ ဂေရာမြို့၊ ဂါဇမြို့တိုင်အောင်လည်းကောင်း၊ တစ်ဖန်သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့ကိုလွန်၍ လာရှမြို့တိုင်အောင်လည်းကောင်း ရှိသတည်း။ |
အာဝဒိလူမျိုး၊ ဇေမရိလူမျိုးနှင့် ဟာမသိလူမျိုး တို့ဖြစ်ကြ၏။ ထို့နောက် ခါနာန်လူမျိုး၏မျိုးနွယ်စုများ ကွဲထွက်ပြန့်ပွားကြ၏။
ဤသူတို့သည် မိမိတို့မျိုးနွယ်စုအလိုက်၊ မိမိတို့ဘာသာစကားအလိုက်၊ မိမိတို့နယ်မြေ၊ မိမိတို့တိုင်းပြည်၌နေထိုင်ကြသော ဟာမ၏သားများဖြစ်ကြ၏။
သူတို့သည် သောဒုံဘုရင်ဗေရမင်းကြီး၊ ဂေါမောရဘုရင်ဗိရရှမင်းကြီး၊ အာဒမာဘုရင်ရှိနပ်မင်းကြီး၊ ဇေဘိုင်ဘုရင်ရှေမဘာမင်းကြီး၊ ဗေလ(ဇောရ)ဘုရင်တို့နှင့် စစ်တိုက်ကြ၏။
ဤဘုရင်ငါးပါးစလုံးသည် ဆားပင်လယ်တည်းဟူသော စိဒ္ဒိမ်ချိုင့်ဝှမ်း၌ မဟာမိတ်ဖွဲ့ကြ၏။
တစ်ဖန် ထာဝရဘုရားက “သောဒုံမြို့နှင့်ဂေါမောရမြို့၏အော်ဟစ်သံသည် ပြင်းထန်၍ သူတို့၏အပြစ်သည် အလွန်ကြီးလေးသောကြောင့်
အာဗြဟံသည် ထိုအရပ်မှ နေဂေ့အရပ်သို့ရွှေ့ပြောင်း၍ ကာဒေရှအရပ်နှင့်ရှုရအရပ်ကြား၌ နေထိုင်လေ၏။ ဂေရာမြို့၌တည်းခိုနေထိုင်စဉ်
အာဗြဟံလက်ထက်၌ကျရောက်ခဲ့ဖူးသော ငတ်မွတ်ခေါင်းပါးခြင်းဘေးမဟုတ်ဘဲ ထိုပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးထပ်မံကျရောက်သည်ဖြစ်၍ ဣဇက်သည် ဖိလိတ္တိဘုရင်အဘိမလက်မင်းကြီးရှိရာဂေရာမြို့သို့ သွားလေ၏။
ထာဝရဘုရားသည် အီသီယိုးပီးယားလူမျိုးကို အာသမင်းကြီးနှင့်ယုဒလူမျိုးတို့ရှေ့၌ ရှုံးနိမ့်စေသဖြင့် အီသီယိုးပီးယားလူမျိုးတို့ ထွက်ပြေးကြလေ၏။
အာသမင်းကြီးနှင့်သူ၏စစ်သည်တို့သည် သူတို့ကို ဂေရာမြို့အထိလိုက်လံတိုက်ခိုက်ကြ၏။ အီသီယိုးပီးယားလူမျိုးတို့သည် ထာဝရဘုရားနှင့် စစ်သည်တော်တို့ရှေ့တွင်မခံမရပ်နိုင်တော့ဘဲ ရှုံးနိမ့်သွားကြ၏။ ယုဒလူမျိုးတို့သည်လည်း တိုက်ရာပါပစ္စည်းအမြောက်အမြားကို သိမ်းပိုက်နိုင်ခဲ့၏။
သူ့နေရာသို့ သူ့ကို သင်ခေါ်သွားပေးနိုင်သလော။ သူ့အိမ်သို့သွားသောလမ်းကို သင်သိသလော။
ထာဝရဘုရားသည် ပင်လယ်ပြင်ပေါ် လက်တော်ကိုဆန့်တော်မူပြီ။ တိုင်းနိုင်ငံတို့ကို ထိတ်လန့်တုန်လှုပ်စေတော်မူပြီ။ ခါနာန်ပြည်၏ခံတပ်များကိုဖျက်ဆီးရန် မိန့်တော်မူပြီ။
အို ဆီဒုန်မြို့၊ ရှက်ကြောက်လော့။ ပင်လယ်က ပြောလေပြီ။ ပင်လယ်ခံတပ်မြို့က “ငါသည် ဝမ်းမနာခဲ့၊ သားမဖွားခဲ့။ လူပျို အပျိုတို့ကိုလည်း မကျွေးမွေး၊ မပြုစုခဲ့”ဟု ဆိုလေပြီ။
အီဂျစ်ပြည်ရှိလူမျိုးခြားများအားလုံး၊ ဥဇပြည်ရှိဘုရင်အားလုံး၊ ဖိလိတ္တိပြည်ရှိဘုရင်အားလုံး၊ အာရှကေလုန်ပြည်သားများ၊ ဂါဇပြည်သားများ၊ ဧကြုန်ပြည်သားများ၊ ကြွင်းကျန်သော အာဇုတ်ပြည်သားများ၊
ဂါဇမြို့ကို ဖာရောမင်းကြီး မတိုက်ခိုက်မီ ဖိလိတ္တိလူမျိုးတို့နှင့်ပတ်သက်၍ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံ ရောက်လာ၏။
“အချင်းလူသား၊ ဆီဒုန်မြို့ဘက်သို့ မျက်နှာမူပြီး သူတို့ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောလော့။
အို ဧဖရိမ်၊ သင့်ကို မည်သို့စွန့်ပစ်နိုင်မည်နည်း။ အို အစ္စရေး၊ သင့်ကို မည်သို့အပ်နှံနိုင်မည်နည်း။ အာဒမာမြို့ကဲ့သို့ သင့်ကိုမည်သို့ဖြစ်စေနိုင်မည်နည်း။ ဇေဘိုင်မြို့ကဲ့သို့ သင့်ကိုမည်သို့ဖြစ်စေနိုင်မည်နည်း။ ငါသည် စိတ်ပြောင်းပြီး သနားကြင်နာစိတ် တစ်စတစ်စတိုးပွားလာပြီ။
တစ်ဖန် ထာဝရဘုရား၏ကောင်းကင်တမန်က ဖိလိပ္ပုအား “သင်သည်ထ၍ ဂျေရုဆလင်မြို့မှ ဂါဇာမြို့သို့ ဆင်းသွားရာလမ်းအတိုင်း တောင်ဘက်သို့သွားလော့”ဟု မြွက်ဆို၏။ ထိုလမ်းသည် တောကန္တာရလမ်းဖြစ်၏။
ထို့အတူ ဂါဇမြို့တိုင်အောင် ကျေးရွာများ၌ နေထိုင်ကြသောအာဝိလူမျိုးတို့ကို ကတ္တောရကျွန်းမှရောက်လာသော ကတ္တောရိမ်လူမျိုးတို့သည် သုတ်သင်ပယ်ရှင်း၍ သူတို့၏နေရာ၌နေထိုင်ကြ၏။)
အမြင့်ဆုံးသောအရှင်သည် လူတို့ကို အမွေခွဲဝေပေးသောအခါ၊ လူသားတို့ကို နေရာပိုင်းခြားသောအခါ အစ္စရေးအမျိုးသားတို့၏အရေအတွက်အတိုင်း နယ်နိမိတ်များကို သတ်မှတ်ပေးတော်မူ၏။
ဧဗြုန်မြို့၊ ရဟောဘမြို့၊ ဟမ္မုန်မြို့၊ ကာနမြို့မှ ဆီဒုန်မြို့ကြီးအထိ ဆက်သွား၏။
ရှံဆုန်သည် ဂါဇမြို့သို့သွားရာ ထိုမြို့တွင် ပြည့်တန်ဆာမတစ်ဦးနှင့်တွေ့၍ သူ့ထံဝင်လေ၏။
တပ်ချ၍ တိုက်ခိုက်ကြ၏။ ဂါဇမြို့တိုင်အောင် ထိုပြည်၏အသီးအနှံတို့ကိုဖျက်ဆီးပစ်ကြ၏။ အစ္စရေးလူမျိုးတို့၏စားနပ်ရိက္ခာမှစ၍ သိုး၊ နွား၊ မြည်းပါမကျန် ဖျက်ဆီးပစ်ကြ၏။
နောက်တစ်ကြောင်းမှာ ဗေသောရုန်မြို့သို့သွားသောလမ်းအတိုင်းသွား၏။ ကျန်တစ်ကြောင်းမှာ ဇေဘိုင်ချိုင့်ဝှမ်းကိုအပေါ်စီးမှမြင်ရသောနယ်စပ်လမ်းအတိုင်း တောကန္တာရဘက်သို့ သွား၏။