သူတို့၏ပစ္စည်းဥစ္စာများကိုလည်းတိုက်ရာ ပါအဖြစ်လုယက်သိမ်းယူခြင်းကိုခံရ ကြပါ၏။
အာမုတ် 7:1 - Common Language Bible အထွတ်ဘုရင်အရှင်ထာဝရဘုရားထံမှ ရူပါရုံတစ်ခုကိုငါမြင်ရ၏။ ဘုရင်မင်း မြတ်အတွက်ကောက်ပင်များရိတ်ပြီးစကာလ နှောင်း၊ မြက်ပင်ပေါက်ခါစအချိန်၌ထာဝရ ဘုရားသည်ကျိုင်းကောင်တစ်အုပ်ကိုဖန်ဆင်း တော်မူသည်။- Garrad Bible အ ရှင် ထာ ဝ ရ ဘု ရား ဖော် ပြ တော် မူ သည့် အ တိုင်း၊ ကံ ကျွေး စာ မ ရင်း ကို ရိတ် သိမ်း ပြီး နောက်၊ ကောက် ပင် ပေါက် စ ကာ လ၊ ဖန် ဆင်း တော် မူ သော ကျိုင်း အုပ် သည်။ တစ် ပြည် လုံး ကောက် ပင် ကို စား ခဲ့ ကြောင်း ငါ မြင် ရာ၊ အို အ ရှင် ထာ ဝ ရ ဘု ရား၊ ချမ်း သာ ပေး တော် မူ ပါ။ သိမ် ငယ် သော ယာ ကုပ် အ မျိုး သည် မည် သို့ ထ ပြန် အံ့ နည်း ဟု တောင်း လျှောက် သည် ကို ထောက်၍၊ Judson Bible တစ်ဖန် အရှင်ထာဝရဘုရားသည် ငါ့အား ပြတော်မူသော ရူပါရုံဟူမူကား၊ ရှင်ဘုရင်ဆိုင်သော မြက်ပင်ကိုရိတ်ပြီးမှ၊ နောက်မြက်ပင် ပေါက်စကာလ၌ ကျိုင်းကောင်တို့ကို ဖန်ဆင်းတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ဘုရားရှင်ထာဝရဘုရားက ငါ့အား ဤသို့ မြင်စေတော်မူ၏။ ကြည့်ရှုလော့။ ကောက်နှောင်းပေါ်စအချိန်တွင် ကိုယ်တော်သည် နှံကောင်အုပ်ကြီးကို လွှတ်လိုက်တော်မူ၏။ ဤအချိန်သည် ရှင်ဘုရင်အဖို့ ကောက်ရိတ်ပြီး ကောက်နှောင်းပေါ်ချိန်ဖြစ်၏။ |
သူတို့၏ပစ္စည်းဥစ္စာများကိုလည်းတိုက်ရာ ပါအဖြစ်လုယက်သိမ်းယူခြင်းကိုခံရ ကြပါ၏။
ထာဝရဘုရားသည် ဗိမာန်တော်ရှေ့တွင်ချ ထားသည့်သင်္ဘောသဖန်းသီးတောင်းနှစ်လုံး ကိုငါ့အားပြတော်မူ၏။ (ဤအချိန်အခါ မှာဗာဗုလုန်ဘုရင်၊ နေဗုခဒ်နေဇာသည် ယောယကိမ်၏သား ယုဒဘုရင်ယေခေါနိ အားယုဒခေါင်းဆောင်များ၊ လက်မှုပညာသည် များနှင့်ကျွမ်းကျင်သူအလုပ်သမားများ နှင့်အတူဗာဗုလုန်မြို့သို့ဖမ်းဆီးခေါ် ဆောင်သွားပြီးသောအခါဖြစ်၏။-)
ငါသည်ငါ့အားထာဝရဘုရားဖော်ပြ တော်မူသမျှသောအမှုအခြင်းအရာ တို့ကို ပြည်နှင်ဒဏ်ခံရသူတို့အားပြန် ကြားလေ၏။
ကျိုင်းကောင်များသည်တစ်အုပ်ပြီးတစ်အုပ် ကောက်ပဲသီးနှံများအပေါ်သို့သက်ဆင်းကြ၏။ ကျိုင်းကောင်တစ်အုပ်စား၍ကြွင်းသောအရာကိုအခြားတစ်အုပ်ကစားကြလေသည်။
သင်တို့၏သီးနှံများကိုကျိုင်းကောင်အုပ်တို့ ကိုက်စားလိုက်သည့်နှစ်များက၊ သင်တို့ဆုံးရှုံးမှုကိုငါပြန်လည်ပေး လျော်မည်။ သင်တို့ထံသို့ထိုကျိုင်းကောင်အုပ်များကို စေလွှတ်သူမှာငါပင်ဖြစ်၏။
``ငါသည်လေပူကိုတိုက်ခတ်စေ၍သင်တို့ ၏ကောက်ပင်များနွမ်းခြောက်စေခဲ့၏။ သင်တို့ ၏သဖန်းပင်၊ သံလွင်ပင်၊ စပျစ်ဥယျာဉ်နှင့် ကိုင်းကျွန်းလယ်ယာတို့သည် ကျိုင်းကောင်များ ဒဏ်ကိုခံခဲ့ရပြီ။ သို့သော်လည်းသင်တို့သည် ငါ့ထံသို့ပြန်မလာဘဲနေကြလေပြီ။
ငါသည်အရှင်ထာဝရဘုရားထံမှရူပါရုံ နောက်တစ်ခုကိုမြင်ရ၏။ ထိုရူပါရုံ၌အရှင် ထာဝရဘုရားသည် မိမိလူမျိုးကိုမီးဒဏ် ဖြင့်အပြစ်ပေးရန်ပြင်ဆင်နေတော်မူသည် ကိုတွေ့ရသည်။ ထိုမီးသည်မြေအောက်သမုဒ္ဒ ရာတစ်ခုလုံးခန်းခြောက်အောင်ကျွမ်းလောင် ပြီးနောက် ကုန်းပေါ်မှာစတင်တောက်လောင် လာ၏။-
ငါသည်ထာဝရဘုရားထံမှရူပါရုံတစ်ခု ကိုမြင်ရ၏။ ထိုရူပါရုံ၌ချိန်ကြိုးဖြင့်တိုင်း ထွာဆောက်လုပ်ခဲ့သည့်ကျောက်နံရံဘေးတွင် ချိန်ကြိုးတစ်ချောင်းကိုင်ကာရပ်နေတော်မူ သောကိုယ်တော်ရှင်ကိုငါတွေ့မြင်သည်။-
ငါသည်အရှင်ထာဝရဘုရားထံမှရူပါရုံ တစ်ခုကိုမြင်ရ၏။ ထိုရူပါရုံတွင်အသီး မှည့်များထည့်ထားသောခြင်းတောင်းတစ်ခု ကိုတွေ့ရ၏။-
ထိုနောက်ထာဝရဘုရားသည်ငါ့အားတူ များကိုကိုင်ဆောင်ထားသည့်အလုပ်သမား လေးယောက်ကိုပြတော်မူ၏။-
ငါသည်ပိုးမွှားများအားသင်တို့အသီး အနှံများကိုဖျက်ဆီးခွင့်ပြုလိမ့်မည် မဟုတ်။ သင်တို့၏စပျစ်နွယ်များသည် လည်းအသီးများနှင့်ပြည့်လျက်နေလိမ့် မည်။-''