အာမုတ် 4:9 - Common Language Bible9 ``ငါသည်လေပူကိုတိုက်ခတ်စေ၍သင်တို့ ၏ကောက်ပင်များနွမ်းခြောက်စေခဲ့၏။ သင်တို့ ၏သဖန်းပင်၊ သံလွင်ပင်၊ စပျစ်ဥယျာဉ်နှင့် ကိုင်းကျွန်းလယ်ယာတို့သည် ကျိုင်းကောင်များ ဒဏ်ကိုခံခဲ့ရပြီ။ သို့သော်လည်းသင်တို့သည် ငါ့ထံသို့ပြန်မလာဘဲနေကြလေပြီ။ အခန်းကိုကြည့်ပါ။Garrad Bible9 ဒ ဟ ဝါ ယော ကပ်၊ ပု လု ဝ က ကပ် များ ကို ငါ သင့် စေ သည့် အ တိုင်း၊ ဟင်း ရွက် ဟင်း သီး ခြံ မှ စ ၍၊ စ ပျစ် ခြံ၊ သဖန်း ခြံ၊ သံ လွင် ခြံ အ မြောက် အ မြား ကို ကျိုင်း ကောင် စား သော် လည်း၊ အ ထံ တော် သို့ သင် တို့ မ ပြန် ကြ သေး ချေ ဟု၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို ၏။ အခန်းကိုကြည့်ပါ။Judson Bible9 လေထိ၍ အပင်သေခြင်း၊ အရည်ယို၍သေခြင်းဘေးဖြင့် ငါသည်ဒဏ်ခတ်လေပြီ။ သင်တို့၌ များပြားသောလယ်ယာ၊ စပျစ်ဥယျာဉ်၊ သင်္ဘောသဖန်းပင်၊ သံလွင်ပင်တို့ကို ကျိုင်းကောင်တို့သည် ကိုက်စားကြပြီ။ သို့သော်လည်း၊ ငါ့ထံသို့ ပြန်၍မလာကြဟု ထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 “လောင်မီးပိုးကျပြီး မှိုရောဂါစွဲခြင်းဖြင့် သင်တို့ကို ငါဒဏ်ခတ်ပြီ။ များပြားလှသော သင်တို့ ဥယျာဉ်များ၊ စပျစ်ပင်များ၊ သဖန်းပင်များ၊ သံလွင်ပင်များကိုလည်း ဂါဇံကျိုင်းတို့ ဝါးမျိုလေပြီ။ ထိုသို့ဖြစ်သော်လည်း သင်တို့သည် ငါ့ထံပြန်မလာကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည် သင်တို့တွင်ကူးစက် တတ်သောဖောရောင်၍ဖျားသောရောဂါ များကျရောက်စေလိမ့်မည်။ မိုးခေါင်ခြင်း၊ လေပူတိုက်ခတ်ခြင်းဒဏ်တို့ကြောင့်သင် တို့၏အသီးအနှံများလည်းပျက်စီး ရလိမ့်မည်။ သင်တို့သေကြေပျက်စီးသည့် တိုင်အောင် ဤဘေးဒုက္ခများနှင့်တွေ့ကြုံ ရလိမ့်မည်။-
ထာဝရဘုရားသည်သစ္စာရှိမှုကိုအမှန်ပင်လိုလားတော်မူ၏။ ကိုယ်တော်သည်သင်တို့အားဒဏ်ခတ်တော်မူသော်လည်းသင်တို့သည်ဂရုမစိုက်ကြ။ ဖျက်ဆီးချေမှုန်းတော်မူသော်လည်းပဲ့ပြင်ဆုံးမမှုကိုသင်တို့မခံမယူလိုကြ။ သင်တို့သည်ကျောက်ခဲထက်ခေါင်းမာလျက်နောင်တမရဘဲနေကြ၏။
``ပြည်တော်တွင်အစာငတ်မွတ်ခေါင်းပါး သောအခါ၊ အနာရောဂါဘေးဆိုက်သော အခါ၊ ကောက်ပဲသီးနှံတို့သည်လေပူမိခြင်း၊ ပိုးထိခြင်းသို့မဟုတ်ကျိုင်းကောင်အုပ်ကျ ခြင်းတို့ကြောင့်ပျက်စီးသွားသောအခါ၊ ကိုယ်တော်၏လူမျိုးတော်အားရန်သူတို့ တိုက်ခိုက်ကြသောအခါ၊ သူတို့တွင်ဘေး ဥပဒ်၊ အနာရောဂါတစ်စုံတစ်ရာကပ် ရောက်သောအခါ၊-
``ပြည်တော်တွင် အစာငတ်မွတ်ခေါင်းပါးသော အခါ၌သော်လည်းကောင်း၊ အနာရောဂါဘေး ဆိုက်သောအခါ၌သော်လည်းကောင်း၊ ကောက်ပဲ သီးနှံတို့သည်လေပူမိခြင်း၊ ပိုးထိခြင်းသို့ မဟုတ်ကျိုင်းကောင်အုပ်ကျခြင်းတို့ကြောင့် ပျက်စီး၍သွားသောအခါ၌သော်လည်းကောင်း၊ ကိုယ်တော်၏လူမျိုးတော်အားရန်သူတို့တိုက် ခိုက်ကြသောအခါ၌သော်လည်းကောင်း၊ သူတို့ တွင်ဘေးဥပဒ်၊ အနာရောဂါတစ်စုံတစ်ခု ရောက်သောအခါ၌သော်လည်းကောင်း၊-