ယေဇကျေလ 11:25 - Common Language Bible25 ငါသည်ငါ့အားထာဝရဘုရားဖော်ပြ တော်မူသမျှသောအမှုအခြင်းအရာ တို့ကို ပြည်နှင်ဒဏ်ခံရသူတို့အားပြန် ကြားလေ၏။ အခန်းကိုကြည့်ပါ။Garrad Bible25 ငါ လည်း သိမ်း သွား ခံ ရ သူ တို့ အား၊ ထာ ဝ ရ ဘု ရား ဖော် ပြ တော် မူ သ မျှ သော အ ခြင်း အ ရာ ကို ပြန် ကြား လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible25 ထာဝရဘုရား ပြတော်မူခဲ့ပြီးသော အမှုအရာရှိသမျှတို့ကို ငါသည် သိမ်းသွားခြင်းကိုခံရသော သူတို့အား ကြားပြောလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း25 ထိုအခါ ငါ့အား ထာဝရဘုရားဖော်ပြတော်မူသောအရာအလုံးစုံကို ဖမ်းခေါ်သွားခြင်းခံရသောသူတို့အား ငါပြောပြ၏။ အခန်းကိုကြည့်ပါ။ |
ထိုနောက်သင့်အားငါတစ်ဖန်ပြောကြားစေ လိုသောအခါ၌သင်၏နှုတ်ကိုဖွင့်မည်။ ထို အခါသင်သည်သူတို့အားငါ့အရှင်ထာဝရ ဘုရား ဤသို့မိန့်တော်မူသည်ဟုဆင့်ဆိုရ မည်။ အချို့သောသူတို့သည်သင့်စကားကို နားထောင်၍ အချို့တို့သည်နားမထောင်ဘဲ နေကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သူ တို့သည်ပုန်ကန်တတ်သောလူမျိုးဖြစ်သော ကြောင့်တည်း။''