အာမုတ် 7:1 - မြန်မာ့စံမီသမ္မာကျမ်း1 ဘုရားရှင်ထာဝရဘုရားက ငါ့အား ဤသို့ မြင်စေတော်မူ၏။ ကြည့်ရှုလော့။ ကောက်နှောင်းပေါ်စအချိန်တွင် ကိုယ်တော်သည် နှံကောင်အုပ်ကြီးကို လွှတ်လိုက်တော်မူ၏။ ဤအချိန်သည် ရှင်ဘုရင်အဖို့ ကောက်ရိတ်ပြီး ကောက်နှောင်းပေါ်ချိန်ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible1 အထွတ်ဘုရင်အရှင်ထာဝရဘုရားထံမှ ရူပါရုံတစ်ခုကိုငါမြင်ရ၏။ ဘုရင်မင်း မြတ်အတွက်ကောက်ပင်များရိတ်ပြီးစကာလ နှောင်း၊ မြက်ပင်ပေါက်ခါစအချိန်၌ထာဝရ ဘုရားသည်ကျိုင်းကောင်တစ်အုပ်ကိုဖန်ဆင်း တော်မူသည်။- အခန်းကိုကြည့်ပါ။Garrad Bible1-2 အ ရှင် ထာ ဝ ရ ဘု ရား ဖော် ပြ တော် မူ သည့် အ တိုင်း၊ ကံ ကျွေး စာ မ ရင်း ကို ရိတ် သိမ်း ပြီး နောက်၊ ကောက် ပင် ပေါက် စ ကာ လ၊ ဖန် ဆင်း တော် မူ သော ကျိုင်း အုပ် သည်။ တစ် ပြည် လုံး ကောက် ပင် ကို စား ခဲ့ ကြောင်း ငါ မြင် ရာ၊ အို အ ရှင် ထာ ဝ ရ ဘု ရား၊ ချမ်း သာ ပေး တော် မူ ပါ။ သိမ် ငယ် သော ယာ ကုပ် အ မျိုး သည် မည် သို့ ထ ပြန် အံ့ နည်း ဟု တောင်း လျှောက် သည် ကို ထောက်၍၊ အခန်းကိုကြည့်ပါ။Judson Bible1 တစ်ဖန် အရှင်ထာဝရဘုရားသည် ငါ့အား ပြတော်မူသော ရူပါရုံဟူမူကား၊ ရှင်ဘုရင်ဆိုင်သော မြက်ပင်ကိုရိတ်ပြီးမှ၊ နောက်မြက်ပင် ပေါက်စကာလ၌ ကျိုင်းကောင်တို့ကို ဖန်ဆင်းတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် ဂျေရုဆလင်မြို့ရှိ ယောယကိမ်မင်းကြီး၏သားတော် ယုဒဘုရင်ယေခေါနိမင်းကြီးနှင့်တကွ ယုဒလူမျိုးအကြီးအကဲများ၊ လက်မှုပညာသည်နှင့် ပန်းပဲသမားတို့ကို ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားပြီးနောက်ပိုင်းတွင် ထာဝရဘုရားသည် ငါ့အား ထာဝရဘုရား၏ဗိမာန်တော်ရှေ့၌ရှိသော သဖန်းသီးခြင်းတောင်းနှစ်တောင်းကိုပြ၏။