ယောလ 1:4 - Common Language Bible4 ကျိုင်းကောင်များသည်တစ်အုပ်ပြီးတစ်အုပ် ကောက်ပဲသီးနှံများအပေါ်သို့သက်ဆင်းကြ၏။ ကျိုင်းကောင်တစ်အုပ်စား၍ကြွင်းသောအရာကိုအခြားတစ်အုပ်ကစားကြလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible4 ဂါ ဇံ ခေါ် ကျိုင်း အုပ် စား ကြွင်း ကို၊ အ ရာ ဘ ခေါ် ကျိုင်း အုပ် စား လေ ပြီ။ အ ရာ ဘ ခေါ် ကျိုင်း အုပ် စား ကြွင်း ကို၊ ယာ လက် ခေါ် ကျိုင်း အုပ် စား လေ ပြီ။ ယာ လက် ခေါ် ကျိုင်း အုပ် စား ကြွင်း ကို ခါ သိ လ ခေါ် ကျိုင်း အုပ် စား လေ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible4 ဂါဇံကျိုင်း ခြွင်းထားသောအရာကို အရာဘကျိုင်းစား၏။ အရာဘကျိုင်း ခြွင်းထားသောအရာကို ယာလက်ကျိုင်းစား၏။ ယာလက်ကျိုင်း ခြွင်းထားသောအရာကို ခါသိလကျိုင်း စား၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 ဂါဇံကျိုင်းတို့အကျန်ကို အရာဘကျိုင်းတို့ စားလေပြီ။ အရာဘကျိုင်းတို့အကျန်ကို ယာလက်ကျိုင်းတို့ စားလေပြီ။ ယာလက်ကျိုင်းတို့အကျန်ကို ခါသိလကျိုင်းတို့ စားလေပြီ။ အခန်းကိုကြည့်ပါ။ |
``တိုက်ခိုက်ရန်အချက်ပေးကြလော့။ လူမျိုး တကာတို့ကြားကြစေရန်တံပိုးခရာမှုတ် ကြလော့။ ဗာဗုလုန်မြို့ကိုစစ်ချီရန်လူမျိုး တကာတို့အားအသင့်ပြင်ဆင်စေကြလော့။ အာရရတ်ပြည်၊ မိန္နိပြည်နှင့်အာရှကေနတ် ပြည်တို့အားတိုက်ခိုက်ရန်ပြောကြားကြလော့။ ဦးဆောင်တိုက်ခိုက်နိုင်ရန်စစ်သေနာပတိကို ခန့်ထားကြလော့။ ကျိုင်းကောင်အုပ်ကဲ့သို့မြင်း တို့ကိုချီတက်စေကြလော့။-
``ပြည်တော်တွင် အစာငတ်မွတ်ခေါင်းပါးသော အခါ၌သော်လည်းကောင်း၊ အနာရောဂါဘေး ဆိုက်သောအခါ၌သော်လည်းကောင်း၊ ကောက်ပဲ သီးနှံတို့သည်လေပူမိခြင်း၊ ပိုးထိခြင်းသို့ မဟုတ်ကျိုင်းကောင်အုပ်ကျခြင်းတို့ကြောင့် ပျက်စီး၍သွားသောအခါ၌သော်လည်းကောင်း၊ ကိုယ်တော်၏လူမျိုးတော်အားရန်သူတို့တိုက် ခိုက်ကြသောအခါ၌သော်လည်းကောင်း၊ သူတို့ တွင်ဘေးဥပဒ်၊ အနာရောဂါတစ်စုံတစ်ခု ရောက်သောအခါ၌သော်လည်းကောင်း၊-
``ပြည်တော်တွင်အစာငတ်မွတ်ခေါင်းပါး သောအခါ၊ အနာရောဂါဘေးဆိုက်သော အခါ၊ ကောက်ပဲသီးနှံတို့သည်လေပူမိခြင်း၊ ပိုးထိခြင်းသို့မဟုတ်ကျိုင်းကောင်အုပ်ကျ ခြင်းတို့ကြောင့်ပျက်စီးသွားသောအခါ၊ ကိုယ်တော်၏လူမျိုးတော်အားရန်သူတို့ တိုက်ခိုက်ကြသောအခါ၊ သူတို့တွင်ဘေး ဥပဒ်၊ အနာရောဂါတစ်စုံတစ်ရာကပ် ရောက်သောအခါ၊-