Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​လ 2:25 - Common Language Bible

25 သင်​တို့​၏​သီး​နှံ​များ​ကို​ကျိုင်း​ကောင်​အုပ်​တို့ ကိုက်​စား​လိုက်​သည့်​နှစ်​များ​က၊ သင်​တို့​ဆုံး​ရှုံး​မှု​ကို​ငါ​ပြန်​လည်​ပေး လျော်​မည်။ သင်​တို့​ထံ​သို့​ထို​ကျိုင်း​ကောင်​အုပ်​များ​ကို စေ​လွှတ်​သူ​မှာ​ငါ​ပင်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

25 ငါ လွှတ် ခဲ့ သော အ လုံး အ ရင်း တော် ကြီး၊ အ ရာ ဘ၊ ယာ လက်၊ ခါ သိ လ၊ ဂါ ဇံ ကျိုင်း အုပ် များ စား ခဲ့ သော နှစ် များ အ တွက်၊ ပြန် ဆပ် မည့် အ လျောက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 အ​ရာ​ဘ​ကျိုင်း၊ ယာ​လက်​ကျိုင်း၊ ခါ​သိ​လ​ကျိုင်း၊ ဂါ​ဇံ​ကျိုင်း​တည်း​ဟူ​သော ငါ​စေ​လွှတ်​သော ငါ၏​မ​ဟာ​ဗိုလ်​ခြေ​တို့ ကိုက်​စား​သော နှစ်​ပေါင်း​ကာ​လ​ကို ငါ​ပြန်​ပေး​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 “သင်​တို့​ထံ ငါ​စေလွှတ်​ခဲ့​သော စစ်သည်​အလုံးအရင်း​များ​ဖြစ်​သည့် အရာဘကျိုင်း​၊ ယာလက်ကျိုင်း​၊ ခါသိလကျိုင်း​၊ ဂါဇံကျိုင်း​တို့ ဝါးမျို​ဖျက်ဆီး​သော​နှစ်ကာလ​တစ်လျှောက် သင်​တို့​ဆုံးရှုံး​ခဲ့​သမျှ​ကို ငါ​ပြန်ပေး​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​လ 2:25
6 ပူးပေါင်းရင်းမြစ်များ  

ထို​ကျိုင်း​ကောင်​တို့​သည်​မြေ​တစ်​ပြင်​လုံး​ကို ဖုံး​လွှမ်း​မည်။ ယင်း​တို့​သည်​မိုး​သီး​ဒဏ်​ကြောင့် မ​ပျက်​စီး​ဘဲ​ကျန်​ရှိ​သ​မျှ​ကို​ကိုက်​စား ကြ​လိမ့်​မည်။ အ​ပင်​ရှိ​သ​မျှ​တို့​ကို​လည်း စား​ပစ်​ကြ​လိမ့်​မည်။-


သူ​တို့​သည်​သစ်​တော​ကို​ခုတ်​လှဲ​သ​ကဲ့​သို့ တိုက်​ခိုက်​ကြ​၏။ သူ​တို့​၏​လူ​များ​သည်​မ​ရေ​မ​တွက်​နိုင်​အောင် များ​ပြား​၍ သူ​တို့​၏​စစ်​သူ​ရဲ​များ​သည်၊အ​ရေ​အ​တွက် အား​ဖြင့် ကျိုင်း​ကောင်​များ​ထက်​ပင်​များ​ပြား​ကြ​၏။


``ငါ​သည်​ယု​ဒ​ပြည်​သား​တို့​ကို​ကြံ့​ခိုင် စေ​၍ ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို​ကယ်​တင်​မည်။ ငါ​သည်​သူ​တို့​အား​က​ရု​ဏာ​ထား​၍၊မိ​မိ တို့ နေ​ရင်း​ဌာ​နေ​သို့​ပြန်​လည်​ခေါ်​ဆောင်​လာ မည်။ သူ​တို့​သည်​ငါ​၏​ပစ်​ပယ်​မှု​ကို​အ​ဘယ် အ​ခါ​၌​မျှ မ​ခံ​ရ​ဘူး​သူ​များ​ကဲ့​သို့​ဖြစ်​လိမ့်​မည်။ ငါ​သည်​သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​၍ သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ​များ​ကို​နား​ညောင်း​မည်။


ငါ​သည်​ပိုး​မွှား​များ​အား​သင်​တို့​အ​သီး အ​နှံ​များ​ကို​ဖျက်​ဆီး​ခွင့်​ပြု​လိမ့်​မည် မ​ဟုတ်။ သင်​တို့​၏​စ​ပျစ်​နွယ်​များ​သည် လည်း​အ​သီး​များ​နှင့်​ပြည့်​လျက်​နေ​လိမ့် မည်။-''


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ