မာလခိ 3:11 - Common Language Bible11 ငါသည်ပိုးမွှားများအားသင်တို့အသီး အနှံများကိုဖျက်ဆီးခွင့်ပြုလိမ့်မည် မဟုတ်။ သင်တို့၏စပျစ်နွယ်များသည် လည်းအသီးများနှင့်ပြည့်လျက်နေလိမ့် မည်။-'' အခန်းကိုကြည့်ပါ။Garrad Bible11 သင် တို့ မြေ ထွက် အ သီး အ နှံ မ ပျက်၊ ခြံ ရှိ စ ပျစ် ပင် မ သုန်း ရ စေ ခြင်း ငှာ၊ ပိုး စား ဘေး ကို လည်း၊ ငါ ကန့် ကွက် မည် ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ၏။ အခန်းကိုကြည့်ပါ။Judson Bible11 ကိုက်စားတတ်သော အကောင်ကို သင်တို့အတွက် ငါဆုံးမ၍၊ သင်တို့၏ မြေအသီးအနှံကို မဖျက်ဆီးရ။ သင်တို့၏စပျစ်ဥယျာဉ်သည် အသီးမသီးဘဲ မနေရဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 “လောင်မီးပိုးကို ငါတားဆီးမည်။ သင်တို့မြေမှအသီးအနှံကို မဖျက်ဆီးစေရ။ သင်တို့မြေမှစပျစ်ပင်သည် အသီးမသီးဘဲမနေရ”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
``သူတို့သည်မိမိတို့ကောက်ပဲသီးနှံများ ကိုငြိမ်းချမ်းစွာစိုက်ပျိုးရကြလိမ့်မည်။ သူ တို့၏စပျစ်ပင်များသည်အသီးများ သီးလိမ့်မည်။ မြေကြီးသည်ကောက်ပဲသီး နှံများကိုဆောင်လျက်မိုးသည်လည်းအမြောက် အမြားရွာသွန်းလိမ့်မည်။ ကြွင်းကျန်နေသူ ငါ၏လူမျိုးတော်အားဤကောင်းချီးမင်္ဂ လာအပေါင်းကိုငါပေးမည်။-
ငါသည်မြောက်အရပ်မှလာသည့်ကျိုင်း ကောင်အုပ်ကို ပယ်ရှင်းမည်။ ကျိုင်းကောင်အချို့ကိုသဲကန္တာရထဲသို့ နှင်ထုတ်မည်။ သူတို့တပ်ဦးပိုင်းကိုပင်လယ်သေထဲသို့ လည်းကောင်း၊ တပ်နောက်ပိုင်းကိုမြေထဲပင်လယ် ထဲသို့လည်းကောင်းကျစေမည်။ သူတို့၏ကိုယ်ခန္ဓာများသည်ပုပ်စပ်နံစော် လျက် နေလိမ့်မည်။ သင်တို့အားသူတို့ပြုခဲ့သည့်အမှုများ အတွက် ငါသည်သူတို့ကိုသုတ်သင်ဖျက်ဆီးမည်။
``လူသည်မိမိသီးနှံကိုရိတ်သိမ်းသကဲ့သို့ ငါထာဝရဘုရားသည်မိမိလူမျိုးတော် အားရိတ်သိမ်းလိုသည်။ သို့သော်သူတို့သည် အရွက်များပင်ညှိုးနွမ်းလျက် အသီးမရှိ သည့်စပျစ်ပင်များ၊ အသီးမသီးသောသင်္ဘော သဖန်းပင်များနှင့်တူကြ၏။ ထိုကြောင့်ငါ ပေးသောပြည်တော်ကိုတစ်ပါးသူတို့၏ လက်ထဲသို့ရောက်စေတော်မူလေပြီ။
ငါသည်ဤပြည်ကိုခြောက်သွေ့၍နေစေခဲ့ ၏။ ဤပြည်ရှိတောင်ကုန်းများ၊ လယ်ယာများ၊ စပျစ်ဥယျာဉ်များနှင့်သံလွင်ခြံများပေါ် ၌လည်းကောင်း၊ မြေကြီးကထွက်သည့်သီးနှံ မှန်သမျှပေါ်၌လည်းကောင်း၊ လူနှင့်တိရစ္ဆာန် များပေါ်၌လည်းကောင်း၊ သင်တို့ကြိုးစား စိုက်ပျိုးသည့်သီးနှံမှန်သမျှအပေါ်၌ လည်းကောင်းမိုးကိုခေါင်စေခဲ့၏'' ဟုမိန့် တော်မူပါ၏။