Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 24:1 - Common Language Bible

1 ထာ​ဝ​ရ​ဘု​ရား​သည် ဗိ​မာန်​တော်​ရှေ့​တွင်​ချ ထား​သည့်​သင်္ဘော​သ​ဖန်း​သီး​တောင်း​နှစ်​လုံး ကို​ငါ့​အား​ပြ​တော်​မူ​၏။ (ဤ​အ​ချိန်​အ​ခါ မှာ​ဗာ​ဗု​လုန်​ဘု​ရင်၊ နေ​ဗု​ခဒ်​နေ​ဇာ​သည် ယော​ယ​ကိမ်​၏​သား ယု​ဒ​ဘု​ရင်​ယေ​ခေါ​နိ အား​ယု​ဒ​ခေါင်း​ဆောင်​များ၊ လက်​မှု​ပညာ​သည် များ​နှင့်​ကျွမ်း​ကျင်​သူ​အ​လုပ်​သ​မား​များ နှင့်​အ​တူ​ဗာ​ဗု​လုန်​မြို့​သို့​ဖမ်း​ဆီး​ခေါ် ဆောင်​သွား​ပြီး​သော​အ​ခါ​ဖြစ်​၏။-)

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1-2 ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း သည်၊ ယော ယ ကိမ် မင်း သား တော်၊ ယု ဒ ဘု ရင် ယေ ခေါ နိ မင်း မှ စ ၍၊ ယု ဒ မှူး မတ် တို့ နှင့် ပန်း တည်း ပန်း ပု စ သည် တို့ ကို ယေ ရု ရှ လင် မြို့ မှ ဗာ ဗု လုန် မြို့ သို့ သုံ့ ပန်း သိမ်း သွား ပြီး နောက်၊ ထာ ဝ ရ ဘု ရား ဖော် ပြ တော် မူ သည့် အ တိုင်း၊ သီး ဦး မှည့် မျှ လောက် ကောင်း လှ သော သ ဖန်း သီး နှင့် ပြည့် လျက် တစ် လုံး၊ မ စား နိုင် အောင် ညံ့ လှ သော သ ဖန်း သီး နှင့် ပြည့် လျက် တစ် လုံး၊ ဗိ မာန် တော် မျက် နှာ စာ တွင် ထား သော တောင်း ခု နစ် လုံး ကို ငါ မြင် ရ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ထာ​ဝ​ရ​ဘု​ရား ပြ​တော်​မူ​သော​ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ယု​ဒ​ရှင်​ဘု​ရင် ယော​ယ​ကိမ်​သား ယေခေါနိ​မင်း​အ​စ​ရှိ​သော ယု​ဒ​မှူး​မတ်​များ၊ လက်​သ​မား၊ ပန်း​ပဲ​သ​မား​များ​တို့​ကို ယေ​ရု​ရှ​လင်​မြို့​မှ ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​သော​နောက်၊ ထာ​ဝ​ရ​ဘု​ရား၏ ဗိ​မာန်​တော်​ရှေ့၌​ထား​သော သင်္ဘော​သ​ဖန်း​သီး တောင်း​နှစ်​လုံး​သည် ထင်​ရှား​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​သည် ဂျေရုဆလင်​မြို့​ရှိ ယောယကိမ်​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယေခေါနိ​မင်းကြီး​နှင့်တကွ ယုဒ​လူမျိုး​အကြီးအကဲ​များ​၊ လက်မှုပညာသည်​နှင့် ပန်းပဲသမား​တို့​ကို ဘေဘီလုံ​မြို့​သို့ ဖမ်း​ခေါ်သွား​ပြီး​နောက်ပိုင်း​တွင် ထာဝရဘုရား​သည် ငါ့​အား ထာဝရဘုရား​၏​ဗိမာန်တော်​ရှေ့​၌​ရှိ​သော သဖန်းသီး​ခြင်းတောင်း​နှစ်​တောင်း​ကို​ပြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 24:1
22 ပူးပေါင်းရင်းမြစ်များ  

နေ​ဗု​ခဒ်​နေ​ဇာ​၏​တပ်​မှူး​များ​ကွပ်​ကဲ​သည့် ဗာ​ဗု​လုန်​တပ်​မ​တော်​သည် ယေ​ရု​ရှ​လင်​မြို့ ကို​ဝိုင်း​ရံ​ထား​သည်​မှာ​ယေ​ခေါ​နိ​မင်း​၏ လက်​ထက်​၌​ဖြစ်​၏။-


နွေ​ဦး​ပေါက်​သော​အ​ခါ​နေ​ဗု​ခဒ်​နေ​ဇာ​မင်း သည်​ယေ​ခေါ​နိ​ကို​ဖမ်း​ဆီး​ပြီး​လျှင်​ဗာ​ဗု လုန်​ပြည်​သို့​ခေါ်​ဆောင်​သွား​၏။ နန်း​တော်​ဘဏ္ဍာ များ​ကို​လည်း​သိမ်း​ယူ​သွား​လေ​သည်။ ထို နောက်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယေ​ခေါ​နိ​၏ ဘ​ထွေး​တော် ဇေ​ဒ​ကိ​ကို​ယု​ဒ​ဘု​ရင်​အ​ဖြစ်​ဖြင့်​ယေ​ရု ရှ​လင်​မြို့​တွင်​နန်း​တင်​တော်​မူ​၏။


ဤ​ဗျာ​ဒိတ်​တော်​သည်​ဘု​ရား​သ​ခင်​ထံ​တော် မှ​ဗာ​ဗု​လုန်​ပြည်​နှင့်​ပတ်​သက်​၍ အာ​မုတ်​၏ သား​ဟေ​ရှာ​ယ​ခံ​ယူ​ရ​ရှိ​သည့်​ဗျာ​ဒိတ် တော်​ဖြစ်​၏။


တောင်​ဘက်​ယု​ဒ​မြို့​တို့​သည်​အ​ဝိုင်း​ခံ​လျက် ရှိ​၏။ ယင်း​တို့​ထံ​သို့​အ​ဘယ်​သူ​မျှ​မ​သွား နိုင်။ ယု​ဒ​ပြည်​သား​အ​ပေါင်း​တို့​သည်​အ​ဖမ်း ခံ​ရ​ကြ​လေ​ပြီ။ သူ​တို့​အား​လုံး​ပင်​ပြည်​နှင် ဒဏ်​သင့်​ကြ​လေ​ကုန်​ပြီ'' ဟု​မိန့်​တော်​မူ​၏။


ငါ​သည်​ယော​ယ​ကိမ်​၏​သား​ယု​ဒ​ဘု​ရင် ယေ​ခေါ​နိ​ကို​လည်း ယု​ဒ​ပြည်​မှ​ဗာ​ဗု​လုန် မြို့​သို့​လိုက်​ပါ​သွား​ရ​ကြ​သည့်​သုံ့​ပန်း​များ နှင့်​အ​တူ​ပြန်​လည်​ခေါ်​ဆောင်​ခဲ့​မည်။ ဗာ​ဗု လုန်​မင်း​၏​အာ​ဏာ​တန်​ခိုး​ကို​အ​မှန်​ပင် ငါ​ချိုး​နှိမ်​တော်​မူ​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု မိန့်​တော်​မူ​ကြောင်း​ပြော​ကြား​လေ​၏။


ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​မှ​သုံ့​ပန်း​များ​အ​ဖြစ် ဗာ​ဗု​လုန်​မြို့​သို့​နေ​ဗု​ခဒ်​နေ​ဇာ​ဖမ်း​ဆီး​ခေါ် ဆောင်​သွား​သည့်​ခေါင်း​ဆောင်​များ၊ ယဇ်​ပု​ရော ဟိတ်​များ​နှင့်​ပြည်​သူ​အ​ပေါင်း​တို့​ထံ​သို့ စာ​တစ်​စောင်​ပေး​ပို့​လိုက်​၏။-


ငါ​သည်​ယေ​ခေါ​နိ​မင်း၊ ထို​မင်း​၏​မယ်​တော်၊ နန်း​တွင်း​အ​ရာ​ရှိ​များ၊ ယု​ဒ​ပြည်​နှင့်​ယေ​ရု ရှ​လင်​မြို့​မှ​ခေါင်း​ဆောင်​များ၊ အ​တတ်​ပ​ညာ သည်​များ​နှင့်​လုပ်​ရည်​ကိုင်​ရည်​ရှိ​သူ​အ​လုပ် သ​မား​များ​သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သည့် နောက် ထို​စာ​ကို​ရေး​သား​လေ​သည်။-


ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယော​ယ ကိမ်​သား​ယေ​ခေါ​နိ​မင်း​အ​စား ယော​ရှိ​၏​သား ဇေဒ​ကိ​အား​ယု​ဒ​ဘု​ရင်​အ​ဖြစ်​ခန့်​ထား သော်​လည်း၊-


ထိပ်​ဆုံး​မှ​အ​ညွန့်​အ​ဖျား​ကို​ချိုး​ယူ​၍ ရောင်း ဝယ်​ဖောက်​ကား​သည့်​နိုင်​ငံ​သို့​ယူ​ဆောင်​ကာ ကုန်​သည်​တို့​မြို့​တွင်​စိုက်​ပျိုး​၏။-


ထို​နောက်​သူ့​အား​သံ​ချိတ်​များ​နှင့်​ဆွဲ​ပြီး လှောင်​အိမ်​တစ်​ခု​တွင်​ထည့်​၍​ဗာ​ဗု​လုန်​မင်း​ထံ​သို့ ယူ​ဆောင်​သွား​ကြ​၏။ ဣ​သ​ရေ​လ​တောင်​များ​ပေါ်​တွင်​သူ​၏​အ​သံ ကို နောက်​အ​ဘယ်​အ​ခါ​၌​မျှ​မ​ကြား​ရ​စေ​ရန် သူ့​အား အ​စောင့်​အ​ကြပ်​နှင့်​ထောင်​ချ​ထား​၏။


အ​ကယ်​စင်​စစ်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​အ​ကြံ​တော်​ကို မိ​မိ​၏​ကျွန်​ပ​ရော​ဖက် တို့​အား​မ​ဖော်​ပြ​ဘဲ​မည်​သည့်​အ​မှု​ကို​မျှ ပြု​တော်​မ​မူ။


အ​ထွတ်​ဘု​ရင်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ထံ​မှ ရူ​ပါ​ရုံ​တစ်​ခု​ကို​ငါ​မြင်​ရ​၏။ ဘု​ရင်​မင်း မြတ်​အ​တွက်​ကောက်​ပင်​များ​ရိတ်​ပြီး​စ​ကာ​လ နှောင်း၊ မြက်​ပင်​ပေါက်​ခါ​စ​အ​ချိန်​၌​ထာ​ဝ​ရ ဘု​ရား​သည်​ကျိုင်း​ကောင်​တစ်​အုပ်​ကို​ဖန်​ဆင်း တော်​မူ​သည်။-


ငါ​သည်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ထံ​မှ​ရူ​ပါ​ရုံ နောက်​တစ်​ခု​ကို​မြင်​ရ​၏။ ထို​ရူ​ပါ​ရုံ​၌​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​ကို​မီး​ဒဏ် ဖြင့်​အ​ပြစ်​ပေး​ရန်​ပြင်​ဆင်​နေ​တော်​မူ​သည် ကို​တွေ့​ရ​သည်။ ထို​မီး​သည်​မြေ​အောက်​သ​မုဒ္ဒ ရာ​တစ်​ခု​လုံး​ခန်း​ခြောက်​အောင်​ကျွမ်း​လောင် ပြီး​နောက် ကုန်း​ပေါ်​မှာ​စ​တင်​တောက်​လောင် လာ​၏။-


ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​မှ​ရူ​ပါ​ရုံ​တစ်​ခု ကို​မြင်​ရ​၏။ ထို​ရူ​ပါ​ရုံ​၌​ချိန်​ကြိုး​ဖြင့်​တိုင်း ထွာ​ဆောက်​လုပ်​ခဲ့​သည့်​ကျောက်​နံ​ရံ​ဘေး​တွင် ချိန်​ကြိုး​တစ်​ချောင်း​ကိုင်​ကာ​ရပ်​နေ​တော်​မူ သော​ကိုယ်​တော်​ရှင်​ကို​ငါ​တွေ့​မြင်​သည်။-


ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​တူ များ​ကို​ကိုင်​ဆောင်​ထား​သည့်​အ​လုပ်​သ​မား လေး​ယောက်​ကို​ပြ​တော်​မူ​၏။-


ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​ရှေ့​တွင် ယဇ်​ပု​ရော​ဟိတ်​မင်း​ယော​ရှု​ရပ်​လျက်​နေ​သည် ကို အ​ခြား​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တစ်​ခု​တွင်​ငါ့ အား​ထာ​ဝ​ရ​ဘု​ရား​ပြ​တော်​မူ​၏။ ယော​ရှု ၏​နံ​ဘေး​တွင်​စာ​တန်​သည်​ရပ်​လျက်​နေ​၏။ သူ​သည်​ယော​ရှု​အား​ပြစ်​တင်​စွပ်​စွဲ​ရန် အ​သင့်​ရှိ​ပေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ