ဟေရှာယ 2:3 - Common Language Bible
သူတို့က ``ထာဝရဘုရား၏တောင်တော်ပေါ်သို့ ဣသရေလအမျိုးသားတို့ဘုရားသခင်၏ ဗိမာန်တော်သို့ငါတို့တက်ကြကုန်အံ့။ ကိုယ်တော်၏အလိုတော်ကိုသင်ယူကြကုန်အံ့။ ကိုယ်တော်ရွေးချယ်ပေးတော်မူသောလမ်းကို ငါတို့လိုက်လျှောက်ကြကုန်အံ့'' ဟုဆိုကြ လိမ့်မည်။ ``ထာဝရဘုရား၏တရားတော်သည် ယေရုရှလင်မြို့မှလည်းကောင်း ကိုယ်တော်၏နှုတ်ကပတ်တော်သည် ဇိအုန်တောင်ပေါ်မှလည်းကောင်း ပေါ်ထွက်လာလိမ့်မည်။''
အခန်းကိုကြည့်ပါ။
များ ပြား သော လူ မျိုး တို့ လည်း သွား လျက် ပင် လာ ကြ၊ ထာ ဝ ရ ဘု ရား၏ တောင် တော်၊ ယာ ကုပ် ဘု ရား၏ ဗိ မာန် တော် သို့ တက် ကြ ကုန် အံ့။ နိဿ ရည်း တော် များ ကို သွန် သင် တော် မူ မည်။ နည်း လမ်း တော် များ သို့ လည်း ငါ တို့ လိုက် သွား အံ့ ဟု ဆို ကြ လိမ့် မည်။ အ သို့ ဆို သော် တ ရား တော် သည် ဇိ အုန် တောင် မှ လည်း ကောင်း၊ ထာ ဝ ရ ဘု ရား၏ နှုတ် က ပတ် တော် သည် ယေ ရု ရှ လင် မြို့ မှ လည်း ကောင်း၊ ထွန်း ပေါ် လျက်၊
အခန်းကိုကြည့်ပါ။
များပြားသောသူတို့ကလည်း၊ လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်အမျိုး၏ဘုရားသခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကို ပြသသွန်သင်တော်မူ၍၊ ငါတို့သည် ခြေတော်ရာသို့လိုက်သွားကြမည်ဟု ခရီးသွားလျက် ပြောဆိုကြလိမ့်မည်။ တရားတော်သည် ဇိအုန်တောင်မှလည်းကောင်း၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရုရှလင်မြို့မှလည်းကောင်း ပေါ်ထွက်လိမ့်မည်။
အခန်းကိုကြည့်ပါ။
လူများစွာတို့သည်လာကြ၍ “လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်၏ဘုရားသခင့်အိမ်တော်သို့ တက်ကြကုန်စို့။ ကိုယ်တော်သည် မိမိ၏နည်းလမ်းတော်တို့ကို ငါတို့အားသွန်သင်တော်မူ၍ ငါတို့သည် ကိုယ်တော်၏လမ်းတော်၌ လျှောက်လှမ်းကြမည်”ဟု ဆိုကြလိမ့်မည်။ ပညတ်တရားသည် ဇိအုန်တောင်မှ ထွက်ပေါ်လာလိမ့်မည်။ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဂျေရုဆလင်မြို့မှ ထွက်ပေါ်လာလိမ့်မည်။
အခန်းကိုကြည့်ပါ။