ဟေရှာယ 66:20 - Common Language Bible
20 ``သူတို့သည်လူမျိုးတကာတို့ထံမှသင် တို့အမျိုးသားများကို ထာဝရဘုရား အတွက်လက်ဆောင်ပဏ္ဏာအဖြစ်ခေါ်ဆောင် လာကြလိမ့်မည်။ ဣသရေလအမျိုးသား တို့သည်အသီးအနှံများကို ထုံးတမ်းစဉ် လာအရသန့်စင်သည့်အိုးခွက်များတွင် ထည့်၍ ဗိမာန်တော်သို့ယူဆောင်လာကြ သကဲ့သို့၊ ထိုသူတို့သည်အဆိုပါလက် ဆောင်ပဏ္ဏာများကိုမြင်း၊ မြည်း၊ ကုလား အုပ်များမြင်းရထားနှင့်လှည်းများနှင့် တင်၍ယေရုရှလင်မြို့ရှိသန့်ရှင်းမြင့် မြတ်သောတောင်တော်ပေါ်သို့ယူဆောင် လာကြလိမ့်မည်။-
အခန်းကိုကြည့်ပါ။ ကော်ပီ
20 ဣ သ ရေ လ အ မျိုး သား တို့ သည် သန့် စင် သော ဖ လား၌ ဘော ဇဉ် သ က္ကာ ကို ထည့်၍၊ ဗိ မာန် တော် ကို ဆောင် သွင်း သည့် နည်း တူ၊ ထို လူ မျိုး ခြား ခပ် သိမ်း တို့ လည်း၊ သင် တို့ ဆွေ မျိုး သား ချင်း ရှိ သ မျှ ကို မြင်း၊ လား၊ ကု လား အုပ် မှ စ၍၊ ရ ထား၊ ယဉ် များ ပေါ် တွင် ထိုင် လျက်၊ ငါ ထာ ဝ ရ ဘု ရား ထံ ဘော ဇဉ် သ က္ကာ အ ဖြစ်၊ သန့် ရှင်း သော ယေ ရု ရှ လင် တောင် တော် သို့ ဆောင် သွင်း ကြ လိမ့် မည် ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
20 ဣသရေလအမျိုးသားတို့သည် စင်ကြယ်သောဖလား စသည်တို့နှင့်၊ ပူဇော်သကာကို ဗိမာန်တော်သို့ ဆောင်ခဲ့သကဲ့သို့၊ ထိုသူတို့သည် သင်တို့၏ ညီအစ်ကိုအပေါင်းကို မြင်း၊ ရထား၊ ထမ်းစင်၊ မြည်း၊ ကုလားအုတ်ပေါ်၌တင်၍၊ ထာဝရဘုရားအား ပူဇော်ဖို့ရာ၊ ခပ်သိမ်းသော အပြည်ပြည်တို့မှ ငါ၏သန့်ရှင်းသောတောင်၊ ယေရုရှလင်မြို့သို့ ဆောင်ခဲ့ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
20 အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရား၏အိမ်တော်သို့ စင်ကြယ်သောတန်ဆာပလာဖြင့် ပူဇော်သက္ကာကို ယူဆောင်ခဲ့ကြသကဲ့သို့ ထိုသူတို့သည် ခပ်သိမ်းသောပြည်မှ သင်တို့၏ညီအစ်ကိုရှိသမျှတို့ကို ထာဝရဘုရားထံ ပူဇော်သက္ကာအဖြစ် မြင်းများ၊ စစ်ရထားများ၊ ထမ်းစင်များ၊ လားများ၊ ကုလားအုတ်များပေါ်တွင်တင်၍ ငါ၏သန့်ရှင်းသောတောင်၊ ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်ခဲ့ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ