ဟေရှာယ 56:7 - Common Language Bible7 ``ငါသည်မိမိ၏သန့်ရှင်းမြင့်မြတ်သည့် တောင်သို့သင်တို့အားပို့ဆောင်မည်။ ငါ့အား ဆုတောင်းပတ္ထနာပြုရာအိမ်တော်တွင် သင် တို့သည်ဝမ်းမြောက်ခွင့်ကိုရရှိကြလိမ့်မည်။ ငါ၏ယဇ်ပလ္လင်တွင်သင်တို့တင်လှူပူဇော် သည့်မီးရှို့ရာယဇ်တို့ကို ငါလက်ခံမည်။ ငါ ၏ဗိမာန်တော်ကိုလူမျိုးတကာတို့ ဆုတောင်း ပတ္ထနာပြုရာအိမ်တော်ဟုခေါ်ဝေါ်သမုတ် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible7 သန့် ရှင်း သော ငါ့ တောင် တော် သို့ ခေါ် ဆောင် သည့် ပြင်၊ ငါ့ ဗိ မာန် တော် ကို လူ အ မျိုး မျိုး တို့ ဆု တောင်း ပ ဌ နာ ပြု ရာ ဗိ မာန် ဟု သ မုတ် အံ့ သည် နှင့် အ ညီ၊ ထို ဗိ မာန် တော် တွင် ရွှင် လန်း ခွင့် ပေး လျက်၊ သူ တို့ မီး ရှို့ ရာ သ က္ကာ မှ စ၍ ယဇ် အ မျိုး မျိုး ကို၊ ငါ့ ပ လ္လင် တော် ပေါ် တွင် လက် ခံ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible7 ငါ၏သန့်ရှင်းသောတောင်သို့ ငါဆောင်ခဲ့၍၊ ငါ၏ပတ္ထနာအိမ်၌ ဝမ်းမြောက်စေမည်။ သူတို့မီးရှို့ရာယဇ်နှင့် ယဇ်အမျိုးမျိုးတို့ကို ငါ့ယဇ်ပလ္လင်ပေါ်မှာ လက်ခံမည်။ ငါ့အိမ်ကို လူအမျိုးမျိုးဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတ္တံ့။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 ငါ၏သန့်ရှင်းသောတောင်ပေါ်သို့ ငါဆောင်ခဲ့၍ ငါ၏ဆုတောင်းရာအိမ်၌ သူတို့ကို ငါဝမ်းမြောက်စေမည်။ ငါ့ယဇ်ပလ္လင်ပေါ်မှာပူဇော်သော သူတို့၏မီးရှို့ရာယဇ်များ၊ ပူဇော်သက္ကာများကို ငါလက်ခံမည်။ ငါ့အိမ်တော်ကို လူမျိုးတကာတို့၏ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ညီအစ်ကိုတို့၊ ဘုရားသခင်သည်ငါ တို့အားလွန်စွာကရုဏာထားတော်မူသော ကြောင့် သင်တို့အားငါတိုက်တွန်းနှိုးဆော်လို သည်မှာကိုယ်တော်၏အမှုတော်ကိုဆောင်ရွက် ရန်နှင့် ကိုယ်တော်နှစ်သက်သောသက်ရှိယဇ်ကောင် သဖွယ်ဖြစ်ရန်သင်တို့၏ကိုယ်ကိုဆက်ကပ် ကြလော့။ ဤသည်ကားသင်တို့သည်ကိုယ်တော် အားမှန်ကန်စွာဝတ်ပြုကိုးကွယ်ခြင်းဖြစ်သည်။-
ငါသည်မိမိ၏သန့်ရှင်းမြင့်မြတ်သည့်မြို့ တော်ယေရုရှလင်သို့ပြန်လာမည်။ ထိုမြို့ တွင်ကျိန်းဝပ်တော်မူမည်။ ထိုမြို့သည်သစ္စာ ရှိသောမြို့ဟူ၍လည်းကောင်း၊ အနန္တတန်ခိုး ရှင်ထာဝရဘုရား၏တောင်တော်သည်သန့် ရှင်းမြင့်မြတ်သည့်တောင်ဟူ၍လည်းကောင်း နာမည်တွင်လိမ့်မည်။-''
သင်တို့သည်သက်ရှိကျောက်များအဖြစ် ကိုယ်တော်ထံသို့လာ၍ ဗိမာန်တော်တည် ဆောက်ရေးတွင်ပါဝင်အသုံးခံကြလော့။ ထိုဝိညာဉ်ဗိမာန်တော်တွင်သင်တို့သည် ဘုရားသခင်နှစ်သက်တော်မူသောဝိညာဉ် ယဇ်ကိုသခင်ယေရှုခရစ်အားဖြင့် ပူဇော် သောသန့်ရှင်းမြင့်မြတ်သည့်ယဇ်ပုရော ဟိတ်အနွယ်ဝင်များဖြစ်ကြလိမ့်မည်။-
ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်သည့် ဇိအုန်တောင်တော်ပေါ်၌ ဘေးအန္တရာယ်ဖြစ်စေသည့်အရာသို့မဟုတ် ဆိုးညစ်သည့်အရာတစ်စုံတစ်ခုမျှ ရှိလိမ့်မည်မဟုတ်။ ပင်လယ်များသည်ရေနှင့်ပြည့်လျက်နေသကဲ့သို့၊ ထိုပြည်တော်သည်လည်းထာဝရဘုရားအား သိကျွမ်းမှုအသိပညာနှင့်ပြည့်ဝ၍နေလိမ့် မည်။
ထာဝရဘုရားသည်မိမိကိုအီဂျစ်အမျိုး သားတို့သိရှိလာအောင်ပြုတော်မူလိမ့်မည်။ ထိုအခါသူတို့သည်ကိုယ်တော်အားသိမှတ် လာကြလျက်ဝတ်ပြုကိုးကွယ်ကြလိမ့်မည်။ အထံတော်သို့လည်းယဇ်နှင့်ပူဇော်သကာ များကိုယူဆောင်လာကြလိမ့်မည်။ သူတို့သည် ကိုယ်တော်၏ရှေ့တော်၌သစ္စာကတိထားပြီး လျှင်ယင်းသစ္စာကတိအတိုင်းပြုမူကြ လိမ့်မည်။-
ငါ၏ထံမှသားသမီးများထက်မွန်မြတ် သည့်ဆုကျေးဇူးကိုခံစားရကြလိမ့်မည်။ ငါ၏ဗိမာန်တော်၌လည်းကောင်း၊ ငါ၏လူ မျိုးတော်ထဲ၌လည်းကောင်းမမေ့မပျောက် နိုင်သောအမည်နာမကိုခံယူရရှိကြလိမ့် မည်။ လူတို့သည်သင်တို့ကိုအဘယ်အခါ ၌မျှမေ့လျော့ကြလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။
ကေဒါပြည်နှင့်နဗာယုတ်ပြည်တို့မှသိုးရှိ သမျှကို ယဇ်ကောင်များအဖြစ်ဖြင့်သင်၏ထံသို့ ယူဆောင်လာပြီးလျှင်၊ ထာဝရဘုရားနှစ်သက်တော်မူစေရန် ယဇ်ပလ္လင်ပေါ်တွင်တင်လှူပူဇော်ကြလိမ့်မည်။ ထာဝရဘုရားသည်မိမိ၏ဗိမာန်တော်ကို အဘယ်အခါနှင့်မျှမတူအောင်ဘုန်း အသရေထွန်းတောက်စေတော်မူလိမ့်မည်။
ဝံပုလွေနှင့်သိုးတို့သည်အတူအစာစား လျက် ခြင်္သေ့တို့သည်ကျွဲနွားများကဲ့သို့မြက် ကိုစားကြလိမ့်မည်။ မြွေများသည်မြေမှုန့်ကို သာစားကြလိမ့်မည်။ ငါ၏သန့်ရှင်းမြင့်မြတ် သည့်ဇိအုန်တောင်တော်ပေါ်တွင် ဘေးအန္တရာယ် ဖြစ်စေတတ်သည့်အရာနှင့်ဆိုးညစ်သည့် အရာရှိရလိမ့်မည်မဟုတ်'' ဟုမိန့်တော် မူ၏။
ငါ၏သန့်ရှင်းမြင့်မြတ်သောတောင်တော်တည်း ဟူသောဣသရေလတောင်မြင့်ပေါ်တွင် သင်တို့ အားလုံးပင်ငါ့အားဝတ်ပြုကိုးကွယ်ကြလိမ့် မည်ဟုငါအရှင်ထာဝရဘုရားမိန့်ဆို၏။ ငါ သည်သင်တို့အားနှစ်သက်လက်ခံမည်။ သင်တို့ ပူဇော်သောယဇ်များ၊ အကောင်းမြတ်ဆုံးသော ပူဇော်သကာများနှင့်သီးသန့်ဆက်ကပ်ထား သည့်အလှူဝတ္ထုများကိုငါတောင်းဆိုမည်။-
ယင်းသည်သင်တို့အစဉ်အမြဲပိုင်ဆိုင်ကြ ရမည့်မြေယာဖြစ်၏။ ထိုအရပ်တွင်သင်တို့ နှင့်အတူနေထိုင်လျက်သားသမီးများ ရရှိနေကြသူလူမျိုးခြားများသည်လည်း သင်တို့မြေယာခွဲဝေရာတွင်ဝေစုခံယူ ရကြမည်။ သူတို့အားတင်းပြည့်ဣသရေလ ပြည်သားများအဖြစ်ဖြင့်မှတ်ယူကာ ဣသရေလအနွယ်တို့နှင့်အတူမြေယာ ဝေစုများကိုခံယူစေရမည်။-
ထာဝရဘုရားက``ဣသရေလအမျိုးသားတို့ ထိုအခါငါသည်သင်တို့၏ထာဝရဘုရား ဖြစ်တော်မူကြောင်းသင်တို့သိရှိကြလိမ့်မည်။ ငါသည်မိမိ၏သန့်ရှင်းမြင့်မြတ်သည့် ဇိအုန်တောင်ပေါ်တွင်ကျိန်းဝပ်တော်မူပေသည်။ ယေရုရှလင်မြို့သည်သန့်ရှင်းမြင့်မြတ်လိမ့်မည်။ လူမျိုးခြားတို့သည်ထိုမြို့ကိုနောက်တစ်ဖန် အဘယ်အခါ၌မျှနိုင်နင်းရကြလိမ့်မည် မဟုတ်။
``ရပ်ဝေးတွင်နေထိုင်သည့်တိုင်းတစ်ပါးသား တစ်ဦးသည် ကိုယ်တော်၏ဂုဏ်သတင်းတော်ကို လည်းကောင်း၊ ကိုယ်တော်၏လူမျိုးတော်အတွက် ပြုတော်မူသောကြီးမြတ်သည့်အမှုတော်များ အကြောင်းကိုလည်းကောင်းကြားရသဖြင့် ကိုယ် တော်အားဝတ်ပြုကိုးကွယ်ရန်ဤဗိမာန်တော် သို့လာ၍ဆုတောင်းပတ္ထနာပြုသောအခါ၊-
မိမိတို့အားကူမပါရန်သင်တို့ဟစ်အော် တောင်းခံကြသောအခါ ထိုရုပ်တုများသည် သင်တို့ကိုကယ်ကြပါလေစေ။ ယင်းတို့သည် လေတစ်ချက်မှုတ်လိုက်လျှင် လွင့်စင်၍သွား ကြပေလိမ့်မည်။ သို့ရာတွင်ငါ့ကိုယုံကြည် ကိုးစားသူတို့မူကားပြည်တော်တွင်နေထိုင် ရလျက် ငါ၏သန့်ရှင်းသောဗိမာန်တော်တွင် ဝတ်ပြုကိုးကွယ်ရကြလိမ့်မည်'' ဟုမိန့် တော်မူ၏။