Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 26:18 - Common Language Bible

18 ``ယု​ဒ​ဘု​ရင်​ဟေ​ဇ​ကိ​လက်​ထက်​၌ မေ​ရ​ရှ ရွာ​သား​ပ​ရော​ဖက်​မိက္ခာ​သည်​ပြည်​သူ​အ​ပေါင်း တို့​အား အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က၊ `ဇိ​အုန်​တောင်​သည်​လယ်​မြေ​ကဲ့​သို့​ထွန်​ယက် ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​ကျောက်​ပုံ​ဖြစ်​၍​လာ လျက် ဗိ​မာန်​တော်​တောင်​ကုန်း​သည်​သစ်​တော ဖြစ်​လိမ့်​မည်' ဟု မိန့်​တော်​မူ​ကြောင်း​ဆင့်​ဆို​ခဲ့​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 ဟော ပြော လျက် နေ သော မော ရ ရှ ရွာ သား မိ က္ခာ က၊ ဇိ အုန် မြို့ သည် လယ် အ ဖြစ် ထွန် ခြင်း၊ ယေ ရု ရှ လင် မြို့ သည် ဖုန်း ဆိုး ကုန်း ဖြစ် ခြင်း၊ ဗိ မာန် ရှိ တောင် တော် လည်း တော ကုန်း ဖြစ် ခြင်း များ ကို ခံ ရ မည် ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ ယု ဒ ပြည် သူ ပြည် သား တို့ အား ဆင့် ဆို ငြား သော် လည်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ယု​ဒ​ရှင်​ဘု​ရင် ဟေ​ဇ​ကိ​လက်​ထက်၊ မော​ရ​ရှ​ရွာ​သား မိ​က္ခာ​သည် ပ​ရော​ဖက်​ပြု​လျက်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဇိ​အုန်​တောင်​သည် လယ်​ကဲ့​သို့ ထွန်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း၊ မြေ​ပုံ​များ​ဖြစ်​လိမ့်​မည်။ ဗိ​မာန်​တော်​တောင်​သည်​လည်း၊ တော​တောင်​ကဲ့​သို့​ဖြစ်​လိမ့်​မည်​ဟု ယု​ဒ​ပြည်​သား​အ​ပေါင်း​တို့​အား ဟော​ပြော၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 “​ယုဒ​ဘုရင်​ဟေဇကိ​မင်းကြီး​လက်ထက်​တွင် မောရရှက်​မြို့သား​မိက္ခာ​က ယုဒ​လူမျိုး​အပေါင်း​တို့​အား ‘​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ဇိအုန်​တောင်​သည် လယ်​ကဲ့သို့ ထွန်ယက်​ခြင်း​ကို​ခံရ​လိမ့်မည်​။ ဂျေရုဆလင်​မြို့​သည် အပြိုအပျက်ပုံ​ဖြစ်​လိမ့်မည်​။ အိမ်​တော်​တည်​ရာ​တောင်​သည် တောအုပ်​ဖြစ်​လိမ့်မည်​ဟူ၍ မိန့်​တော်မူ​သည်’​ဟု ပရောဖက်ပြု​ဟောပြော​ခဲ့​သည်​ကို

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 26:18
13 ပူးပေါင်းရင်းမြစ်များ  

``ရှေး​မ​ဆွ​က​ပင်​လျှင်​ဤ​အ​မှု​အ​ရာ​များ ကို ငါ​စီ​မံ​ခဲ့​ကြောင်း​သင်​အ​ဘယ်​အ​ခါ​၌​မျှ မ​ကြား​ဘူး​သ​လော။ ယ​ခု​ထို​အ​မှု​အ​ရာ များ​ကို​ငါ​ဖြစ်​ပွား​စေ​ပြီ။ ခံ​တပ်​မြို့​များ​ကို အ​မှိုက်​ပုံ​ဖြစ်​စေ​နိုင်​သော​တန်​ခိုး​ကို​သင့် အား​ငါ​ပေး​အပ်​ခဲ့​၏။-


နောက်​ဆုံး​တွင်​ဟေ​ဇ​ကိ​နှင့်​ယေ​ရု​ရှ​လင်​မြို့ သူ​မြို့​သား​တို့​သည်​နှိမ့်​ချ​သော​စိတ်​ရှိ​လာ ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည်​ဟေ​ဇ​ကိ ၏​လက်​ထက်​ကာ​လ​တွင်​ပြည်​သူ​တို့​အား အ​ပြစ်​ဒဏ်​ခတ်​တော်​မ​မူ။


သူ​၏​အ​ပေါင်း​အ​ဖော်​များ​နှင့်​ရှ​မာ​ရိ​တပ် သား​များ​ရှေ့​တွင်​သူ​က``ဤ​အ​စွမ်း​အ​စ​မ​ရှိ သော​ယု​ဒ​အ​မျိုး​သား​တို့​သည်​မည်​သို့​ပြု ကြ​သ​နည်း။ သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​ကို ပြန်​လည်​တည်​ဆောက်​ရန်​ကြံ​ရွယ်​ကြ​သ​လော။ ယဇ်​ပူ​ဇော်​ခြင်း​အား​ဖြင့်​ဤ​အ​မှု​ကို​နေ့ ချင်း​ပြီး​စီး​နိုင်​မည်​ဟု​ထင်​မှတ်​ကြ​သ​လော။ ကျွမ်း​လောင်​ထား​သည့်​အမှိုက်​ပုံ​မှ​ကျောက်​တုံး များ​ကို​ထုတ်​လုပ်​နိုင်​ကြ​မည်​လော'' ဟု​ဆို​၏။


အို ဘု​ရား​သ​ခင်၊ ပြည်​တော်​ထဲ​သို့​ဘု​ရား​မဲ့​သူ​တို့​ချဉ်း​နင်း ဝင်​ရောက်​ကြ​ပါ​ပြီ။ သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် ဗိ​မာန်​တော်​ကို​ညစ်​ညမ်း​စေ​ကြ​ပါ​ပြီ။ ယေ​ရု​ရှ​လင်​မြို့​ကို​လည်း​ဖြို​ဖျက်​လိုက်​ကြ ပါ​ပြီ။


ထို​အ​ခါ​ဗာ​ဗု​လုန်​မြို့​သည်​တော​တိ​ရစ္ဆာန်​ခို အောင်း​ရာ အ​ဆောက်​အ​အုံ​ပျက်​များ​ဖြစ်​၍​နေ လိမ့်​မည်။ ယင်း​သည်​တုန်​လှုပ်​ချောက်​ချား​ဖွယ် ကောင်း​သော​မြင်​ကွင်း​ဖြစ်​၍ လူ​သူ​ဆိတ်​ငြိမ် ရာ​ဖြစ်​လိမ့်​မည်။-


ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ယေ​ရု​ရှ​လင် မြို့​ကို တော​ခွေး​များ​ခို​အောင်း​ရာ၊ အ​ဆောက်​အ​အုံ​ပျက်​များ​စု​ဝေး​ရာ​အ​ရပ် ဖြစ်​စေ​မည်။ ယု​ဒ​မြို့​တို့​သည်​လည်း​လူ​သူ​ဆိတ်​ညံ​ရာ သဲ​ကန္တာရ ဖြစ်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။


ယု​ဒ​နိုင်​ငံ​တွင်​ယော​သံ​ဘု​ရင်၊ အာ​ခတ်​ဘု​ရင်၊ ဟေ​ဇ​ကိ​ဘု​ရင်​တို့​စိုး​စံ​သည့်​အ​ချိန်​ကာ​လ ၌ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရ​ရှ​မြို့​သား မိက္ခာ​အား​ဤ​သို့​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ရှ​မာ​ရိ​မြို့​နှင့် ယေ​ရု​ရှ​လင်​မြို့​တို့​နှင့်​စပ်​လျဉ်း​၍ အောက် ပါ​အ​ကြောင်း​အ​ရာ​များ​ကို​ဖော်​ပြ​တော် မူ​၏။


သို့​ဖြစ်​၍​သင်​တို့​ကြောင့်​ဇိ​အုန်​မြို့​သည် ထွန်​ယက်​ထား​သော​လယ်​ကွက်​သ​ဖွယ်​ဖြစ် လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​ကျောက်​ပုံ ဖြစ်​လိမ့်​မည်။ ဗိ​မာန်​တော်​တည်​ရာ​တောင် သည်​တော​အ​တိ​ဖြစ်​လိမ့်​မည်။


နောင်​ကာ​လ​တွင် ဗိ​မာန်​တော်​တည်​ရာ​တောင်​သည် အ​မြင့်​ဆုံး​တောင်​ဖြစ်​လိမ့်​မည်။ ရှိ​သ​မျှ​သော​တောင်​တို့​ထက်​ပို​မို​၍​မြင့်​မား လိမ့်​မည်။ လူ​မျိုး​များ​စွာ​တို့​သည်​ထို​တောင်​သို့​စု​ရုံး ရောက်​ရှိ​လာ​၍၊


ငါ​သည်​မိ​မိ​၏​သန့်​ရှင်း​မြင့်​မြတ်​သည့်​မြို့ တော်​ယေ​ရု​ရှ​လင်​သို့​ပြန်​လာ​မည်။ ထို​မြို့ တွင်​ကျိန်း​ဝပ်​တော်​မူ​မည်။ ထို​မြို့​သည်​သစ္စာ ရှိ​သော​မြို့​ဟူ​၍​လည်း​ကောင်း၊ အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​တောင်​တော်​သည်​သန့် ရှင်း​မြင့်​မြတ်​သည့်​တောင်​ဟူ​၍​လည်း​ကောင်း နာ​မည်​တွင်​လိမ့်​မည်။-''


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ