ဟေရှာယ 28:9 - Common Language Bible9 သူတို့က``ဤသူသည်ငါတို့အားအဘယ် သူထင်မှတ်၍ သွန်သင်နေပါသနည်း။ သူ ၏သတင်းစကားသည်အဘယ်သူတို့ အတွက်အကျိုးရှိပါမည်နည်း။ နို့ဖြတ် ကာစကလေးများနှင့်သာလျှင်သင့် တော်ပေသည်။- အခန်းကိုကြည့်ပါ။Garrad Bible9 ထို သူ တို့ က၊ မည် သူ့ အား အ သိ ပ ညာ သင် ကြား မည် နည်း၊ မည် သူ့ အား ဗျာ ဒိတ် ဖွင့် ပြ မည် နည်း။ နို့ ခွာ သူ ငယ် တို့ အား လော။ အခန်းကိုကြည့်ပါ။Judson Bible9 သူတို့က၊ အဘယ်သူကို ပညာသွန်သင်ချင်သနည်း။ အဘယ်သူကို တရားနားလည်စေချင်သနည်း။ ငါတို့သည် နို့နှင့် ကွာစရှိသောသူ၊ အမိသားမြတ်နှင့် အနိုင်ကွာရသောသူ ဖြစ်ကြသလော။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 သူတို့က “ကိုယ်တော်သည် မည်သူအား အသိပညာကိုသင်ကြားပေးမည်နည်း။ မည်သူအား သတင်းစကားကို သိနားလည်စေမည်နည်း။ နို့ပြတ်သောကလေးငယ်တို့ကိုလော။ နို့ဖြတ်ထားသောကလေးငယ်တို့ကိုလော။ အခန်းကိုကြည့်ပါ။ |
သူတို့က ``ထာဝရဘုရား၏တောင်တော်ပေါ်သို့ ဣသရေလအမျိုးသားတို့ဘုရားသခင်၏ ဗိမာန်တော်သို့ငါတို့တက်ကြကုန်အံ့။ ကိုယ်တော်၏အလိုတော်ကိုသင်ယူကြကုန်အံ့။ ကိုယ်တော်ရွေးချယ်ပေးတော်မူသောလမ်းကို ငါတို့လိုက်လျှောက်ကြကုန်အံ့'' ဟုဆိုကြ လိမ့်မည်။ ``ထာဝရဘုရား၏တရားတော်သည် ယေရုရှလင်မြို့မှလည်းကောင်း ကိုယ်တော်၏နှုတ်ကပတ်တော်သည် ဇိအုန်တောင်ပေါ်မှလည်းကောင်း ပေါ်ထွက်လာလိမ့်မည်။''