ဆာလံ 48:1 - Common Language Bible1 ထာဝရဘုရားသည်ကြီးမြတ်တော်မူ၍သန့်ရှင်း မြင့်မြတ်သည့်တောင်တော် တည်းဟူသော ငါတို့ဘုရား၏မြို့တော်တွင်အလွန် ထောမနာပြုခြင်းကိုခံထိုက်ပေ၏။ အခန်းကိုကြည့်ပါ။Garrad Bible1 သန့် ရှင်း သော တောင် တော် ပေါ် ရှိ၊ ငါ တို့ ဘု ရား သ ခင် ၏ မြို့ တော် ၌၊ ထာ ဝ ရ ဘု ရား သည် ကြီး မြတ်၍၊ အ လွန် ချီး မွမ်း ခံ ထိုက် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible1 ထာဝရဘုရားသည် ကြီးမြတ်တော်မူ၏။ သန့်ရှင်းသော တောင်တော်ပေါ်မှာ ငါတို့ဘုရားသခင်၏မြို့တော်တွင် အထူးသဖြင့် ထောမနာချီးမွမ်းခြင်းကို ခံထိုက်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 ထာဝရဘုရားသည် ကြီးမြတ်တော်မူ၍ ငါတို့ဘုရားသခင်၏မြို့တော်၌ အလွန်ချီးမွမ်းဖွယ် ဖြစ်တော်မူ၏။ ကိုယ်တော်၏သန့်ရှင်းသောတောင်တော်သည် အခန်းကိုကြည့်ပါ။ |
ငါသည်မိမိ၏သန့်ရှင်းမြင့်မြတ်သည့်မြို့ တော်ယေရုရှလင်သို့ပြန်လာမည်။ ထိုမြို့ တွင်ကျိန်းဝပ်တော်မူမည်။ ထိုမြို့သည်သစ္စာ ရှိသောမြို့ဟူ၍လည်းကောင်း၊ အနန္တတန်ခိုး ရှင်ထာဝရဘုရား၏တောင်တော်သည်သန့် ရှင်းမြင့်မြတ်သည့်တောင်ဟူ၍လည်းကောင်း နာမည်တွင်လိမ့်မည်။-''
အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ဆုတောင်းပတ္ထနာများကို နားညောင်းတော်မူတတ်သဖြင့် ကျွန်တော်မျိုးတို့သည်ဇိအုန်တောင်တော် ပေါ်တွင် ကိုယ်တော်ရှင်အားထောမနာပြုထိုက်ပါ၏။ မိမိတို့ပြုခဲ့သည့်ကတိသစ္စာဝတ်ကိုဖြေ ထိုက်ပါ၏။ လူအပေါင်းတို့သည်မိမိတို့၏အပြစ်များ အတွက် ကိုယ်တော်ရှင်၏ထံတော်သို့ချဉ်းကပ်ကြပါလိမ့်မည်။ ကျွန်တော်မျိုးတို့၏မှားယွင်းချက်များသည် အလွန်ပင်များသော်လည်း ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား အပြစ်ဖြေလွှတ်တော်မူပါ၏။
ဣသရေလအမျိုးသားတို့၏အနန္တတန်ခိုး ရှင်ထာဝရဘုရားက``ဤလူတို့အားမိမိ တို့ပြည်သို့ငါပြန်လည်ပို့ဆောင်သောအခါ၊ `ထာဝရဘုရားသည်မိမိကျိန်းဝပ်တော်မူ သည့် သန့်ရှင်းရာဌာနတော်တည်းဟူသော ယေရုရှလင်တောင်တော်ကိုကောင်းချီး ပေးတော်မူပါစေသတည်း' ဟု သူတို့သည်ယုဒပြည်မြို့ရွာများ၌တစ်ဖန် ပြန်လည် မြွက်ဆိုကြလိမ့်မည်။
ထိုနေ့ရက်ကာလကျရောက်သောအခါအာ ရှုရိပြည်နှင့်အီဂျစ်ပြည်၌ပြည်နှင်ဒဏ်သင့် လျက်နေသော ဣသရေလအမျိုးသားအပေါင်း ကိုခေါ်ယူရန်တံပိုးခရာမှုတ်လိမ့်မည်။ သူ တို့သည်လည်းယေရုရှလင်မြို့ရှိမြင့်မြတ် သောတောင်တော်ပေါ်တွင် ထာဝရဘုရား အားကိုးကွယ်ဝတ်ပြုရန်လာရောက်ကြ လိမ့်မည်။
လေဝိအမျိုးသားများဖြစ်ကြသောယောရှု၊ ကပ်မျေလ၊ ဗာနိ၊ ဟာရှဗနိ၊ ရှေရဘိ၊ ဟော ဒိယ၊ ရှေဗနိနှင့်ပေသဟိတို့က၊ ``ထ၍သင်တို့၏ဘုရားသခင်ထာဝရ ဘုရားအား ထောမနာပြုကြလေ၏။ ကိုယ်တော်အားကာလအစဉ်အဆက် ထောမနာပြုကြလေ၏။ ဘုရားသခင်သည်လူတို့ချီးမွမ်းနိုင်သည်ထက် ပို၍ကြီးမြတ်တော်မူသော်လည်း ငါတို့အပေါင်းသည်ဘုန်းကြီးသောနာမ တော်ကို ချီးမွမ်းထောမနာပြုကြကုန်အံ့'' ဟု ဝတ်ပြုကိုးကွယ်မှုကိုစတင်ရန်လူတို့အား ခေါ်ဖိတ်ကြလေသည်။