စာလမုန်နှင့်ရာခပ်မှရသောသားသည်ဗောဇ၊ ဗောဇ နှင့်ရုသမှရသောသားမှာဩဗက်၊ ဩဗက်၏သား သည်ယေရှဲ၊ ယေရှဲ၏သားကားဒါဝိဒ်မင်းတည်း။
ယာကုပ် 2:25 - Common Language Bible ပြည့်တန်ဆာမရာခပ်၏အကြောင်းမှာလည်း ထိုနည်းအတိုင်းပင်ဖြစ်၏။ သူသည်ဣသရေလ သူလျှိုများကိုကြိုဆိုလက်ခံပြီးနောက် အခြား လမ်းဖြင့်ထွက်ခွာသွားနိုင်ရန်ကူညီမစခဲ့ ပေသည်။ ဤအမှုကြောင့်သူသည်ဘုရား သခင်နှင့်မှန်ကန်စွာဆက်ဆံမှုကိုရရှိ၏။ Garrad Bible ထို နည်း တူ ပြည့် တန် ဆာ ရာ ခပ် လည်း စေ တ မန် ဖြစ် သူ တို့ ကို လက် ခံ ပြီး နောက် အ ခြား လမ်း ဖြင့် လွတ် လိုက် ရာ ကိုယ် ကျင့် အား ဖြင့် ဖြောင့် မတ် ရာ ကို ရောက် ခဲ့ သည် မ ဟုတ် လော။ Judson Bible ထိုနည်းတူ၊ ပြည့်တန်ဆာရာခပ်သည်၊ တမန်တို့ကိုလက်ခံပြီးမှ အခြားသောလမ်းဖြင့် လွှတ်လိုက်၍၊ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်လော။- မြန်မာ့စံမီသမ္မာကျမ်း ထိုနည်းတူ ပြည့်တန်ဆာရာခပ်သည်လည်း စေတမန်တို့ကိုလက်ခံ၍ အခြားသောလမ်းဖြင့် လွှတ်လိုက်သောအခါ ထိုလုပ်ဆောင်မှုအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရသည်မဟုတ်လော။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနည်းတူ ပြည့်တန်ဆာရာခပ်သည်လည်း တမန်တို့ကို လက်ခံ၍ အခြားလမ်းဖြင့် လွှတ်လိုက်သောအခါ ထိုလုပ်ဆောင်ခြင်းအားဖြင့် ဖြောင့်မတ်ကြောင်း သတ်မှတ်ခံရသည်မဟုတ်လော။ |
စာလမုန်နှင့်ရာခပ်မှရသောသားသည်ဗောဇ၊ ဗောဇ နှင့်ရုသမှရသောသားမှာဩဗက်၊ ဩဗက်၏သား သည်ယေရှဲ၊ ယေရှဲ၏သားကားဒါဝိဒ်မင်းတည်း။
သို့သော်လည်းမသွားဘဲနေ၏။ ထိုသားနှစ်ယောက် တို့တွင်အဘယ်သူသည်ဖခင်၏စကားကိုနား ထောင်ပါသနည်း'' ဟုမေးတော်မူ၏။ ထိုသူတို့က ``သားကြီးနားထောင်ပါသည်'' ဟု ဖြေကြားကြ၏။ သခင်ယေရှုက ``အမှန်အကန်သင်တို့အားငါဆို သည်ကား၊ အခွန်ခံသူများနှင့်ပြည့်တန်ဆာများ သည်သင်တို့အလျင်ကောင်းကင်နိုင်ငံတော်သို့ဝင် ကြလိမ့်မည်။-
ထိုသူတို့သည်ယေရှုဟူသောအခြား ဧကရာဇ်ဘုရင်တစ်ပါးရှိသည်ဟုဆိုကာ ဧကရာဇ်၏အမိန့်တော်ကိုဆန့်ကျင်ဘက် ပြုကြပါ၏'' ဟုဟစ်အော်ကြသော်၊-
ပြည့်တန်ဆာရာခပ်သည်ဣသရေလသူလျှိုတို့ အားဖော်ရွေစွာလက်ခံခဲ့သည့်အတွက် ဘုရား သခင်၏စကားကိုနားမထောင်သူတို့နှင့် အတူအသတ်မခံရပေ။
သို့ရာတွင်တစ်စုံတစ်ယောက်က``လူတစ်ဦး မှာယုံကြည်ခြင်းရှိ၍အခြားတစ်ဦးမှာ အကျင့်ရှိသည်'' ဟုစောဒကတက်လျှင်``အကျင့် နှင့်ကင်းသည့်ယုံကြည်ခြင်းကိုငါ့အားပြလော့။ ငါမူကားအကျင့်အားဖြင့်ငါ၏ယုံကြည် ခြင်းကိုပြမည်'' ဟုငါဆိုပေအံ့။-
သူ၏ယုံကြည်ခြင်းသည်အကျင့်နှင့်ဒွန်တွဲ လျက်နေသည်ကို သင်မသိမမြင်သလော။ အကျင့်အားဖြင့်သူ၏ယုံကြည်ခြင်းကို ပြည့်ဝစုံလင်၍လာ၏။-
သို့ဖြစ်၍လူသည်ယုံကြည်ခြင်းအားဖြင့် သာမဟုတ်ဘဲ ဘုရားသခင်နှင့်မှန်ကန်စွာ ဆက်ဆံမှုကိုရရှိနိုင်ကြောင်းသင်တို့သိ ကြ၏။
ထိုနောက်ယောရှုသည်ခါနာန်ပြည်၏အခြေအနေ၊ အထူးသဖြင့်ယေရိခေါမြို့၏အခြေအနေကိုထောက်လှမ်းရန် သူလျှိုနှစ်ဦးကိုစခန်းချရာအကေရှအရပ်မှစေလွှတ်လိုက်လေသည်။ သူတို့သည်ယေရိခေါမြို့သို့သွားရောက်သော အခါရာခပ်နာမည်ရှိပြည့်တန်ဆာမအိမ် တွင်တစ်ညတည်းခိုကြလေသည်။-
ရာခပ်သည်မြို့ရိုးနှင့်ကပ်၍ဆောက်ထားသော အိမ်တွင်နေထိုင်သဖြင့် သူတို့ကိုပြူတင်းပေါက် မှကြိုးဖြင့်မြို့ပြင်သို့လျှောချလိုက်လေသည်။ ရာခပ်က ``မင်းကြီးစေလွှတ်လိုက်သူများသင် တို့ကိုရှာ၍မတွေ့စေရန် တောင်ပေါ်သို့ပြေး၍သုံးရက်ပုန်းအောင်းနေကြလော့။-
သင်တို့ကိုလိုက်ရှာသောသူများပြန်လာမှ သင်တို့ခရီးဆက်သွားကြပါ'' ဟုမှာလိုက်လေသည်။
ရာခပ်က``ကျွန်မ၏အိမ်သို့ဧည့်သည်အချို့ ရောက်ရှိလာသည်မှာမှန်ပါ၏။ သို့ရာတွင်သူ တို့မည်သည့်အရပ်မှလာသည်ကိုကျွန်မ မသိပါ။ သူတို့သည်မြို့တံခါးမပိတ်မီနေ ဝင်ချိန်တွင်ထွက်ခွာသွားကြပါသည်။ သူတို့ မည်သည့်အရပ်သို့ခရီးဆက်ကြသည်ကို လည်းမသိပါ။ သို့သော်လည်းသူတို့နောက် သို့အလျင်အမြန်လိုက်လျှင်မီနိုင်ပါမည်'' ဟုပြန်လည်ဖြေကြားလေ၏။ (သူသည်ထို သူတို့ကိုအိမ်ခေါင်မိုးပေါ်သို့တက်စေပြီး လျှင်အမိုးပေါ်တွင်တင်ထားသောပိုက်ဆံ လျှော်ရိုးများအောက်တွင်ဝှက်ထားပြီး ဖြစ်သည်။)-
မြို့နှင့်တကွမြို့တွင်း၌ရှိသမျှသောဥစ္စာ ပစ္စည်းတို့သည်ထာဝရဘုရားအတွက် ပူဇော် သကာအဖြစ်လုံးဝဖျက်ဆီးပစ်ရမည်။ ပြည့် တန်ဆာမရာခပ်သည်ငါတို့၏သူလျှိုများ ကိုဝှက်ထားခဲ့သောကြောင့် သူနှင့်သူ၏အိမ် သူအိမ်သားတို့ကိုသာလျှင်အသက်ချမ်း သာပေးရမည်။-