ယောရှု 6:17 - Common Language Bible17 မြို့နှင့်တကွမြို့တွင်း၌ရှိသမျှသောဥစ္စာ ပစ္စည်းတို့သည်ထာဝရဘုရားအတွက် ပူဇော် သကာအဖြစ်လုံးဝဖျက်ဆီးပစ်ရမည်။ ပြည့် တန်ဆာမရာခပ်သည်ငါတို့၏သူလျှိုများ ကိုဝှက်ထားခဲ့သောကြောင့် သူနှင့်သူ၏အိမ် သူအိမ်သားတို့ကိုသာလျှင်အသက်ချမ်း သာပေးရမည်။- အခန်းကိုကြည့်ပါ။Garrad Bible17 ဤ မြို့ နှင့် မြို့၌ ရှိ သ မျှ ပါ၊ ထာ ဝ ရ ဘု ရား အ ဖို့ မြေ လှန် ကြ ရ မည်။ ငါ တို့ စေ လွှတ် သော တ မန် တို့ ကို ဝှက် ထား သူ၊ ပြည် တန် ဆာ ရာ ခပ် မှ စ၍ အိမ်၌ ပါ ရှိ သ မျှ တို့ ကို သာ အ သက် ချမ်း သာ ပေး ရ မည်။ အခန်းကိုကြည့်ပါ။Judson Bible17 မြို့နှင့်တကွ မြို့၌ရှိသမျှတို့ကိုကျိန်၍ ထာဝရဘုရား၌ အပ်ရမည်။ သို့ရာတွင် ပြည့်တန်ဆာရာခပ်သည် ငါတို့စေလွှတ်သောတမန်တို့ကို ဝှက်ထားသောကြောင့်၊ သူနှင့်တကွ သူ၏အိမ်၌ရှိသမျှတို့အား အသက်ချမ်းသာပေးရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 ထိုမြို့နှင့်တကွ မြို့ထဲရှိသမျှတို့သည် ထာဝရဘုရား၏ကျိန်ခြင်းကို ခံရသောအရာများဖြစ်၏။ ပြည့်တန်ဆာရာခပ်မူကား ငါတို့စေလွှတ်လိုက်သောသူလျှိုတို့ကို ဝှက်ထားပေးခဲ့သောကြောင့် သူနှင့်သူ့အိမ်သူအိမ်သားအားလုံးတို့ကို အသက်ချမ်းသာခွင့်ပေးရမည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက``ယေရုရှလင်မြို့သားတို့၊ ရန်သူများကိုချေမှုန်းရန်ချီတက်ကြလော့၊ ငါသည်သင်တို့အားသံဦးချိုနှင့်ကြေးဝါ ခွာများရှိသော နွားသိုးကဲ့သို့ခွန်အားပြည့် စေမည်။ သင်တို့သည်နိုင်ငံများစွာကိုချေမှုန်း နိုင်သဖြင့်အဋ္ဌမ္မနည်းဖြင့် သူတို့ရရှိထား သောဥစ္စာဘဏ္ဍာများကိုသိမ်းယူ၍ ကမ္ဘာကို အစိုးရသောငါထာဝရဘုရားအား ဆက်သလော့'' ဟုမိန့်တော်မူ၏။
ဤနေ့သည်အနန္တတန်ခိုးရှင်အရှင် ထာဝရဘုရား၏နေ့တော်ဖြစ်၏။ ကိုယ်တော်သည်ရန်သူတို့အားယနေ့ပင် လက်စားချေတော်မူမည်။ သူတို့အားအပြစ်ဒဏ်ခတ်တော်မူမည်။ ကိုယ်တော်၏ဋ္ဌားသည်သူတို့အသားကိုအဝ စား၍ သူတို့၏သွေးကိုအဝသောက်လိမ့်မည်။ ယနေ့အနန္တတန်ခိုးရှင်သည်ဥဖရတ်မြစ် အနီး မြောက်ဘက်ဒေသ၌ မိမိ၏ယဇ်ကောင်များကိုပူဇော်တော်မူ၏။
ကိုယ်တော်၏ဋ္ဌားတော်သည်ယဇ်ပူဇော်ရာ သိုးဆိတ်တို့၏အသွေးအဆီဖြင့်ဝလျက် နေသကဲ့သို့ ထိုသူတို့၏အသွေးအဆီများ နှင့်ဝလျက်နေလိမ့်မည်။ ထာဝရဘုရား သည်ဤယဇ်ပူဇော်ပွဲကိုဗောဇရမြို့တွင် ကျင်းပတော်မူလိမ့်မည်။ ဤလူသတ်ပွဲ ကြီးကိုဧဒုံပြည်တွင်ဖြစ်ပွားစေတော် မူလိမ့်မည်။-
သူသည်ကေနိအမျိုးသားများအား``သင်တို့ သည်ဣသရေလအမျိုးသားတို့အီဂျစ်ပြည် မှထွက်လာကြစဉ်အခါက သူတို့အား ကျေးဇူးပြုခဲ့ကြပါ၏။ သို့ဖြစ်၍သင်တို့ အားငါမသတ်မိစေရန် အာမလက်အမျိုး သားတို့ထံမှတိမ်းရှောင်သွားကြလော့'' ဟု ကြိုတင်သတိပေးထား၏။ ထို့ကြောင့်ကေနိ အမျိုးသားတို့သည်တိမ်းရှောင်သွားကြ လေသည်။
ဣသရေလအမျိုးသားတို့သည်ဖျက်ဆီးရ မည့်ပစ္စည်းတစ်စုံတစ်ခုကိုမျှမယူရဟူ သော ထာဝရဘုရား၏တားမြစ်ချက်ကို အာခန်ဆိုသူသည်မနာခံသဖြင့် ထာဝရ ဘုရားသည်ဣသရေလအမျိုးသားတို့ အားပြင်းစွာသောအမျက်တော်ထွက်တော် မူ၏။ (အာခန်သည်ယုဒအနွယ်ဝင်ဇေရ မိသားစုထဲမှဇာဗဒိ၏မြေး၊ ကာမိ၏ သားဖြစ်သည်။)
ထိုနောက်ယောရှုသည်ခါနာန်ပြည်၏အခြေအနေ၊ အထူးသဖြင့်ယေရိခေါမြို့၏အခြေအနေကိုထောက်လှမ်းရန် သူလျှိုနှစ်ဦးကိုစခန်းချရာအကေရှအရပ်မှစေလွှတ်လိုက်လေသည်။ သူတို့သည်ယေရိခေါမြို့သို့သွားရောက်သော အခါရာခပ်နာမည်ရှိပြည့်တန်ဆာမအိမ် တွင်တစ်ညတည်းခိုကြလေသည်။-
သင်သည်အာမလက်အမျိုးသားတို့အားသွား ရောက်တိုက်ခိုက်လော့။ သူတို့၏ပစ္စည်းဥစ္စာရှိ သမျှကိုဖျက်ဆီးပစ်ရမည်။ တစ်စုံတစ်ခု မျှမကျန်စေနှင့်။ ရှိသမျှယောကျာ်း၊ မိန်းမ၊ ကလေးသူငယ်၊ နို့စို့များအပြင်ရှိသမျှ သိုး၊ နွား၊ ကုလားအုတ်၊ မြည်းများကိုသုတ် သင်ဖျက်ဆီးပစ်လော့'' ဟုဆို၏။-