ယောရှု 2:16 - Common Language Bible16 သင်တို့ကိုလိုက်ရှာသောသူများပြန်လာမှ သင်တို့ခရီးဆက်သွားကြပါ'' ဟုမှာလိုက်လေသည်။ အခန်းကိုကြည့်ပါ။Garrad Bible16 လိုက် ရှာ သူ တို့ သည် သင် တို့ ကို ဖမ်း မိ မည် စိုး၍ တောင် ပေါ် သို့ ပြေး လျက်၊ သူ တို့ မ ပြန် မ ချင်း သုံး ရက် တိုင် တိုင် ပုန်း နေ ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible16 သင်တို့သည် လိုက်၍ရှာသောသူတို့နှင့် လွတ်မည်အကြောင်း တောင်ပေါ်သို့ပြေး၍ သုံးရက်ပုန်းနေကြပါ။ ရှာသောသူတို့သည် ပြန်သောနောက်မှသွားကြပါဟုဆိုလျှင်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 သူတို့အား “သင်တို့ကို လိုက်ရှာသောသူတို့ သင်တို့ကို မတွေ့အောင် တောင်ပေါ်သို့တက်၍ သုံးရက်ပုန်းနေပါ။ လိုက်ရှာသောသူတို့ပြန်လာပြီးမှ သင်တို့ခရီးဆက်ကြပါ”ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
ငါသည်ထာဝရဘုရား၏ထံတော်တွင်ခိုလှုံ ပါ၏။ ``တိုင်းပြည်ငြိမ်ဝပ်ပိပြားမှုမရှိသောအခါ သူတော်ကောင်းတို့သည်အဘယ်သို့မျှမတတ် နိုင်။ သူယုတ်မာတို့သည်သူတော်ကောင်းတို့ကို ချောင်းမြောင်းပစ်ခတ်ရန်လေးကိုတင်၍မြားကို ချိန်ရွယ်လျက်နေလေပြီ။ ထိုကြောင့်``တောင်ပေါ်သို့ငှက်ကဲ့သို့ ပျံတက်လော့'' ဟု ငါ့အားသင်တို့ပြောဆိုကြသည်မှာလွန်စွာ မိုက်မဲလေစွတကား။