ယောရှု 2:1 - Common Language Bible1 ထိုနောက်ယောရှုသည်ခါနာန်ပြည်၏အခြေအနေ၊ အထူးသဖြင့်ယေရိခေါမြို့၏အခြေအနေကိုထောက်လှမ်းရန် သူလျှိုနှစ်ဦးကိုစခန်းချရာအကေရှအရပ်မှစေလွှတ်လိုက်လေသည်။ သူတို့သည်ယေရိခေါမြို့သို့သွားရောက်သော အခါရာခပ်နာမည်ရှိပြည့်တန်ဆာမအိမ် တွင်တစ်ညတည်းခိုကြလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible1 နုန့် သား ယော ရှု သည် သူ လျှို နှစ် ယောက် ကို ရှိ တ္တိမ် မြို့ မှ စေ လွှတ်၍၊ ယေ ရိ ခေါ မြို့ မှ စ သော တစ် ပြည် လုံး ကို စူး စမ်း ကြ လော့ ဟု မှာ လိုက် သည့် အ တိုင်း၊ သူ တို့ သွား ပြီး လျှင်၊ ရာ ခပ် အ မည် ရှိ သော ပြည် တန် ဆာ့ အိမ် သို့ ဝင် ရောက် တည်း ခို ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible1 နုန်၏သားယောရှုသည် သူလျှိုနှစ်ယောက်ကို ရှိတ္တိမ်မြို့မှ တိတ်ဆိတ်စွာစေလွှတ်လျက်၊ ခါနာန်ပြည် ယေရိခေါမြို့ကိုသွား၍ ကြည့်ရှုကြလော့ဟု မှာထားလိုက်သည်အတိုင်း၊ သူတို့သည်သွားပြီးလျှင် ရာခပ်အမည်ရှိသော ပြည့်တန်ဆာမိန်းမအိမ်သို့ ဝင်၍နေလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 နုန်၏သားယောရှုသည် သူလျှိုနှစ်ဦးကို ရှိတ္တိမ်အရပ်မှ တိတ်တဆိတ်စေလွှတ်၍ “ခါနာန်ပြည်၊ ဂျေရိခေါမြို့ကို သွား၍စူးစမ်းကြလော့”ဟု မှာလိုက်၏။ သူတို့လည်း သွား၍ ရာခပ်အမည်ရှိသောပြည့်တန်ဆာမ၏အိမ်သို့ဝင်၍ ညအိပ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ဒန်အမျိုးသားတို့သည်နယ်မြေကိုစူးစမ်း ရှာဖွေရန် မိမိတို့အနွယ်ဝင်အိမ်ထောင်စု အပေါင်းမှ အရည်အချင်းရှိသူလူငါး ယောက်ကိုရွေးချယ်၍ဇောရာမြို့နှင့်ဧရှ တောလမြို့တို့မှစေလွှတ်လိုက်ကြ၏။ ထို သူတို့သည်တောင်ကုန်းဒေသဖြစ်သော ဧဖရိမ်ပြည်သို့ရောက်လာသောအခါ မိက္ခာ၏အိမ်တွင်တည်းခိုကြ၏။-
ထိုအခါလဲရှနယ်သို့သွားရောက်စူးစမ်း ထောက်လှမ်းခဲ့သောလူငါးယောက်တို့က မိမိ တို့၏အပေါင်းအဖော်များအား``ဤအိမ်စု အနက်အိမ်တစ်လုံးတွင်ငွေဖြင့်မွမ်းမံထား သည့်ရုပ်တုတစ်ခုရှိသည်ကို သင်တို့သိကြ ပါ၏လော။ ထိုအိမ်တွင်အခြားရုပ်တုများ နှင့်သင်တိုင်းတော်တစ်ခုလည်းရှိ၏။ ငါတို့ အဘယ်သို့ပြုသင့်သည်ဟုသင်တို့ထင် မြင်ကြပါသနည်း'' ဟုမေး၏။-
ငါ၏လူမျိုးတော်တို့၊ မောဘပြည့်ရှင်ဗာလက် မင်းက သင်တို့ပျက်စီးရာပျက်စီးကြောင်းမည် ကဲ့သို့ကြံစည်ခဲ့သည်ကိုလည်းကောင်း၊ ဗောရ ၏သားဗာလမ်ကဘုရင်အားမည်ကဲ့သို့ပြန် ပြောသည်ကိုလည်းကောင်း သတိရကြလော့၊ အကေးရှားစခန်းမှဂိလဂါလမြို့သို့ သွားသောခရီးလမ်းတွင် တွေ့ကြုံခဲ့ရသော အဖြစ်အပျက်များကိုသတိရကြလျှင် ထာဝရဘုရားသည်သင်တို့အားမည်ကဲ့ သို့ ကယ်တင်တော်မူခဲ့ကြောင်းသင်တို့သိ မြင်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
သင်တို့အနက်တစ်ယောက်ယောက်ကိုစေလွှတ်၍ သင်တို့၏ညီကိုခေါ်ဆောင်ခဲ့ရမည်။ သင်တို့၏ စကားမှန်သည်မမှန်သည်ကိုသိနိုင်သည့်တိုင် အောင် ကျန်ရစ်သောသင်တို့ကိုအကျဉ်းချထား မည်။ သင်တို့၏ညီကိုမခေါ်ဆောင်နိုင်ခဲ့လျှင် သင်တို့သည်ဖာရောဘုရင်အသက်ရှင်တော် မူသည်အတိုင်းသူလျှိုများမုချဖြစ်ရမည်'' ဟုဆိုပြီးလျှင်၊-